အေမ့ေျခရာနင္းမယ့္ ခင္ဇာျခည္ေက်ာ္ရဲ႕ သမီးေလး ထင္သစၥာ
“အႏုပညာဆိုရင္ ႐ုပ္ရွင္ဘက္ကို သိပ္ဝါသနာပါတာမ်ိဳး မဟုတ္ဘဲ ငယ္ငယ္တုန္းက အဆိုေတာ္ လုပ္ရတာ ကရတာကို ပိုဝါသနာပါတယ္။ အခုက်ေတာ့ ပြဲေတြ တက္လာရတယ္ဓာတ္ပုံေတြ ႐ိုက္လာရတဲ့အခါမွာ ႐ုပ္ရွင္ဘက္ကို ပိၿပီး ဝါသနာပါလာတယ္လို႔ ေျပာလို႔ရမယ္” လို႔ သူမက ဆိုပါတယ္။
ခ်စ္စရာေကာင္းတဲ့ မ်က္ႏွာေလးကို ပိုင္ဆိုင္ထားတဲ့ ထင္သစၥာဟာ သူမရဲ႕ အလုပ္ကို အ႐ြယ္နဲ႔မမွ်ေအာင္ တန္ဖိုးထားတတ္တဲ့ မိန္းကေလးပါ။ ေၾကာ္ျငာ႐ိုက္ကူးေရးေတြ ျဖစ္ျဖစ္ အင္တာဗ်ဴးေတြမွာ ျဖစ္ျဖစ္ တစ္ဖက္လူအေပၚ ႐ိုေသေလးစားတတ္သလို သူမလုပ္ရတဲ့ အလုပ္ ေသးေသးေလးကအစ ဂ႐ုတစိုက္နဲ႔ စိတ္ဝင္တစား လုပ္ကိုင္ေပးတတ္တာကို ေတြ႕ရပါတယ္။ အလုပ္လုပ္ရင္ အခ်ိန္တိက်တာကလည္း သူမရဲ႕ အားသာခ်က္ေတြထဲက တစ္ခ်က္ ျဖစ္ပါတယ္။ “အေမေရာအကိုေရာမွာ ရွိတဲ့အားသာခ်က္ကေတာ့ အေမကလည္း အရမ္းေတာ္တယ္။ အစ္ကိုကလည္း သူဟာသူ အရမ္းေတာ္တယ္ေပ့ါ။ ဒါေပမယ့္ သမီးက သူတို႔ထက္ အခ်ိန္တိက်တာေလးေတာ့ ရွိတယ္။ အိမ္မွာေတာ့ သမီးက အခ်ိန္အတိက်ဆုံးေပ့ါ” လို႔ သူမရဲ႕ အားသာခ်က္ေလးကို ေျပာျပခဲ့ပါတယ္။
အႏုပညာနဲ႔ ပတ္သက္လာရင္ အဆိုပိုင္းေရာ၊သ႐ုပ္ေဆာင္ပိုင္းပါ ဝါသနာပါတဲ့ သူမဟာ နယ္ပယ္ တစ္ခုခုမွာ ေအာင္ျမင္ေအာင္ ႀကိဳးစားဖို႔အတြက္ စိတ္ပိုင္းျဖတ္ထားပါတယ္။ အသက္(၁၅)ႏွစ္ အ႐ြယ္သာ ရွိေသးတဲ့ သူမဟာ ပညာေရးအတြက္လည္း ႀကိဳတင္ အစီအစဥ္ေတြ ခ်ထားၿပီးသားပါ။ “ပညာေရးကေတာ့ ဆယ္တန္းေပ့ါေနာ္။ ေနာက္ႏွစ္ ၂၀၂၀ မွာေျဖမွာေပ့ါေနာ္။ ေျဖၿပီးရင္ ေအာင္စာရင္းေတြ ဘာေတြ ထြက္ဖို႔ ေစာင့္ၿပီး ရန္ကုန္မွာ တစ္ႏွစ္ေလာက္ေနၿပီးရင္ စင္ကာပူမွာ ေက်ာင္းတက္ဖို႔ စီစဥ္ထားပါတယ္။ အခုက ပြဲေလးေတြ ရႈိးပြဲေတြ တက္ရတယ္ဆိုေတာ့ စာကိုလည္း ညီမွ်ေအာင္ ႀကိဳးစားရတယ္။ ႏွစ္ခုကို က႑ေလးေတြနဲ႔ ခြဲၿပီး ႀကိဳးစားေနပါတယ္” ဆိုၿပီး အႏုပညာနဲ႔ ပညာေရးကို Balance ျဖစ္ေအာင္ ႀကိဳးစားေနပုံ ေလးကို ေျပာျပထားတာ ျဖစ္ပါတယ္။
ထင္သစၥာ ေလးစားအားက်ရသူ လူတိုင္းလူတိုင္းမွာ ကိုယ္သေဘာက်အတုယူရတဲ့ Idol ေတြ ကိုယ္စီ ရွိလို႔ေနသလို သူမအတြက္လ ည္း ေလးစားအားက်ရတဲ့ Idol ရွိတယ္လို႔ဆိုပါတယ္။ “အေမက ညီမအတြက္ idol တစ္ေယာက္လို႔ ေျပာရမွာပါ။ အိုက္တင္နဲ႔ ပတ္သက္ရင္ အေမ့အိုက္တင္ေတြ ၾကည့္ရတယ္။ တျခား ပါစင္နယ္ ကိစၥေတြဆိုရင္လည္း ေမေမ့ကို အၿမဲေလးစားရတယ္။ အဲ့ဒါေၾကာင့္ ေမေမက သမီးရဲ႕ idol တစ္ေယာက္ ျဖစ္ပါတယ္” လို႔ သူမက ေျပာပါတယ္။ မိခင္လိုပဲ အႏုပညာကထဲမွာသူမေလးစား ရတဲ့ ေနာက္ထပ္ Idol တစ္ေယာက္ ရွိပါေသးတယ္တဲ့။ ” အႏုပညာေလာကမွာ အရမ္းႀကိဳက္ရတဲ့ မင္းသားထဲမွာဆိုရင္ ဦးေနတိုးေပ့ါ။ အရမ္းႀကိဳက္တယ္။ မင္းသားျဖစ္တာလည္း အရမ္းၾကာၿပီးသူေနရာကိုလည္း ထိန္းသိမ္းထားႏိုင္တယ္။ ေတာ္႐ုံတန္႐ုံဆိုရင္ ဒီလိုမ်ိဳး ထိန္းသိမ္းႏိုင္ဖို႔ မလြယ္ဘူးေလ”” လို႔ သူမက ဆိုပါတယ္။
ေဝဖန္မႈေတြကို ဘယ္လိုရင္ဆိုင္လဲ ငယ္ငယ္ေလးနဲ႔ အႏုပညာေလာကကို ဝင္ေရာက္ခဲ့တဲ့ သူမအတြက္ ေဝဖန္မႈေတြကိုလည္း ရင္ဆိုင္ခဲ့ရပါတယ္။ အရမ္းဆိုး႐ြားလွတဲ့ ေဝဖန္မႈေတြ မဟုတ္ေပမယ့္လည္း တစ္ခါတေလမွာ ေဝဖန္တဲ့ မွတ္ခ်က္ေတြကို ၾကည့္ၿပီး စိတ္မေကာင္း ျဖစ္ခဲ့ရတဲ့အခ်ိန္ေတြ ရွိခဲ့တယ္လို႔ ဆိုပါတယ္။
“ဒီလိုအႏုပညာအလုပ္ကို စလုပ္ၿပီဆိုတဲ့ အတြက္ေၾကာင့္ ဘာပဲ ျဖစ္ျဖစ္ တစ္ခါတေလမွာ ေကာင္းတာ အေျပာခံရ တာမ်ိဳး ရွိသလို ဆိုးတာ အေျပာခံရတာမ်ိဳးလည္း ရွိတယ္။ ဒီလိုျဖစ္လာရင္ေတာ့ ေဝဖန္ခံရမွာပဲေလ။ အဲဒီအတြက္ေၾကာင့္ ႀကံ့ႀကံ့ခံႏိုင္ေအာင္ ႀကိဳးစားေနပါတယ္။ ညီမက အရမ္းႀကီးေတာ့ အေျပာခံဖူးတာမ်ိဳးေတာ့ မရွိပါဘူး။ တစ္ခါတေလ အေျပာခံရရင္ေတာ့ ေျပာတဲ့ စာေတြဖတ္ၿပီး နည္းနည္းစိတ္မေကာင္း ျဖစ္တာေ လးေတြေတာ့ ရွိတယ္။ ဝမ္းနည္းတာမ်ိဳး ရွိတယ္။ ဒါေပမယ့္ အခုက်ေတာ့အဲဒီလို အရာေတြ ရွိလာရင္ ကိုယ့္ကိုခ်စ္လို႔ ကိုယ့္ကို ေဝဖန္ေျပာျပလာတယ္လို႔ပဲ ခံယူထားပါတယ္” လို႔ သူမက ေျပာျပခဲ့ပါတယ္။
အသက္အ႐ြယ္နဲ႔ မမွ်ေအာင္ကို ရင့္က်က္ၿပီး အႏုပညာကို ဝါသနာပါတဲ့ ထင္သစၥာကေတာ့ မိခင္ရဲ႕ ေျခရာကို နင္းမယ့္ သမီးလို႔ ေျပာရမွာပါ။ သူမရဲ႕ မိခင္ကလည္း အႏုပညာနဲ႔ ပတ္သက္လာရင္ အရမ္းကို ႐ူးသြပ္သူ တစ္ဦး ျဖစ္သလို အခုအခ်ိန္အထိ အကယ္ဒမီသ႐ုပ္ေဆာင္ ခင္ဇာျခည္ေက်ာ္ဆိုၿပီး ရပ္တည္ေနႏိုင္သူ တစ္ဦးျဖစ္ပါတယ္။ ထင္သစၥာကေတာ့ အေမ့လိုမ်ိဳး ေအာင္ျမင္ၿပီး အဖက္ဖက္မွာ ေတာ္တဲ့ မိန္းမသားမ်ိဳး ျဖစ္ေအာင္ ႀကိဳးစားႏိုင္ဖို႔အတြက္ ပရိသတ္ေတြကလည္း အားေပးေပးၾကပါဦးဆိုၿပီး ေတာင္းဆိုခဲ့ပါတယ္။Credit-original
Unicode
အနုပညာနဲ့ ပတ်သက်လာရင် သရုပ်ဆောင်ရော၊ အဆိုပိုင်းကိုပါ ဝါသနာပါတာလို့ ဆိုပါတယ်။ အကယ်ဒမီသရုပ်ဆောင် ခင်ဇာခြည်ကျော်ရဲ့ သမီးလေး ထင်သစ္စာကတော့ အနုပညာလောကထဲကို ဝင်ရောက်လို့ လာပါပြီ။ သူမကို အစ်ကိုဖြစ်သူ ဘုန်းမင်းနေလနဲ့ အတူ ဖြေဆိုထားတဲ့အင်တာဗျူးတွေ မိခင်နဲ့အတူ ဖြေဆိုထားတဲ့အင်တာဗျူးတွေကစပြီး ပရိသတ်တွေ သိလာကြတာပါ။ အဲဒီနောက် ပွဲတွေ တော်တော်များများ တက်ရောက်ဖြစ်ရသလို ကြော်ငြာတွေ စပြီး ရိုက်ကူးလာရတာကြောင့် ပရိသတ်တွေ ပိုလို့ သိလာကြပါတယ်။မင်းသမီးရဲ့ သမီးဖြစ်တာကြောင့် ငယ်စဉ်ကတည်းက အနုပညာပိုးက ပါလာခဲ့တာလို့ သူမက ပြောပါတယ်။
“အနုပညာဆိုရင် ရုပ်ရှင်ဘက်ကို သိပ်ဝါသနာပါတာမျိုး မဟုတ်ဘဲ ငယ်ငယ်တုန်းက အဆိုတော် လုပ်ရတာ ကရတာကို ပိုဝါသနာပါတယ်။ အခုကျတော့ ပွဲတွေ တက်လာရတယ်ဓာတ်ပုံတွေ ရိုက်လာရတဲ့အခါမှာ ရုပ်ရှင်ဘက်ကို ပိပြီး ဝါသနာပါလာတယ်လို့ ပြောလို့ရမယ်” လို့ သူမက ဆိုပါတယ်။
ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ ထင်သစ္စာဟာ သူမရဲ့ အလုပ်ကို အရွယ်နဲ့မမျှအောင် တန်ဖိုးထားတတ်တဲ့ မိန်းကလေးပါ။ ကြော်ငြာရိုက်ကူးရေးတွေ ဖြစ်ဖြစ် အင်တာဗျူးတွေမှာ ဖြစ်ဖြစ် တစ်ဖက်လူအပေါ် ရိုသေလေးစားတတ်သလို သူမလုပ်ရတဲ့ အလုပ် သေးသေးလေးကအစ ဂရုတစိုက်နဲ့ စိတ်ဝင်တစား လုပ်ကိုင်ပေးတတ်တာကို တွေ့ရပါတယ်။ အလုပ်လုပ်ရင် အချိန်တိကျတာကလည်း သူမရဲ့ အားသာချက်တွေထဲက တစ်ချက် ဖြစ်ပါတယ်။ “အမေရောအကိုရောမှာ ရှိတဲ့အားသာချက်ကတော့ အမေကလည်း အရမ်းတော်တယ်။ အစ်ကိုကလည်း သူဟာသူ အရမ်းတော်တယ်ပေ့ါ။ ဒါပေမယ့် သမီးက သူတို့ထက် အချိန်တိကျတာလေးတော့ ရှိတယ်။ အိမ်မှာတော့ သမီးက အချိန်အတိကျဆုံးပေ့ါ” လို့ သူမရဲ့ အားသာချက်လေးကို ပြောပြခဲ့ပါတယ်။အနုပညာနဲ့ ပတ်သက်လာရင် အဆိုပိုင်းရော၊သရုပ်ဆောင်ပိုင်းပါ ဝါသနာပါတဲ့ သူမဟာ နယ်ပယ် တစ်ခုခုမှာ အောင်မြင်အောင် ကြိုးစားဖို့အတွက် စိတ်ပိုင်းဖြတ်ထားပါတယ်။ အသက်(၁၅)နှစ် အရွယ်သာ ရှိသေးတဲ့ သူမဟာ ပညာရေးအတွက်လည်း ကြိုတင် အစီအစဉ်တွေ ချထားပြီးသားပါ။ “ပညာရေးကတော့ ဆယ်တန်းပေ့ါနော်။ နောက်နှစ် ၂၀၂၀ မှာဖြေမှာပေ့ါနော်။ ဖြေပြီးရင် အောင်စာရင်းတွေ ဘာတွေ ထွက်ဖို့ စောင့်ပြီး ရန်ကုန်မှာ တစ်နှစ်လောက်နေပြီးရင် စင်ကာပူမှာ ကျောင်းတက်ဖို့ စီစဉ်ထားပါတယ်။ အခုက ပွဲလေးတွေ ရှိုးပွဲတွေ တက်ရတယ်ဆိုတော့ စာကိုလည်း ညီမျှအောင် ကြိုးစားရတယ်။ နှစ်ခုကို ကဏ္ဍလေးတွေနဲ့ ခွဲပြီး ကြိုးစားနေပါတယ်” ဆိုပြီး အနုပညာနဲ့ ပညာရေးကို Balance ဖြစ်အောင် ကြိုးစားနေပုံ လေးကို ပြောပြထားတာ ဖြစ်ပါတယ်။
ထင်သစ္စာ လေးစားအားကျရသူ လူတိုင်းလူတိုင်းမှာ ကိုယ်သဘောကျအတုယူရတဲ့ Idol တွေ ကိုယ်စီ ရှိလို့နေသလို သူမအတွက်လ ည်း လေးစားအားကျရတဲ့ Idol ရှိတယ်လို့ဆိုပါတယ်။ “အမေက ညီမအတွက် idol တစ်ယောက်လို့ ပြောရမှာပါ။ အိုက်တင်နဲ့ ပတ်သက်ရင် အမေ့အိုက်တင်တွေ ကြည့်ရတယ်။ တခြား ပါစင်နယ် ကိစ္စတွေဆိုရင်လည်း မေမေ့ကို အမြဲလေးစားရတယ်။ အဲ့ဒါကြောင့် မေမေက သမီးရဲ့ idol တစ်ယောက် ဖြစ်ပါတယ်” လို့ သူမက ပြောပါတယ်။ မိခင်လိုပဲ အနုပညာကထဲမှာသူမလေးစား ရတဲ့ နောက်ထပ် Idol တစ်ယောက် ရှိပါသေးတယ်တဲ့။ ” အနုပညာလောကမှာ အရမ်းကြိုက်ရတဲ့ မင်းသားထဲမှာဆိုရင် ဦးနေတိုးပေ့ါ။ အရမ်းကြိုက်တယ်။ မင်းသားဖြစ်တာလည်း အရမ်းကြာပြီးသူနေရာကိုလည်း ထိန်းသိမ်းထားနိုင်တယ်။ တော်ရုံတန်ရုံဆိုရင် ဒီလိုမျိုး ထိန်းသိမ်းနိုင်ဖို့ မလွယ်ဘူးလေ”” လို့ သူမက ဆိုပါတယ်။
ဝေဖန်မှုတွေကို ဘယ်လိုရင်ဆိုင်လဲ ငယ်ငယ်လေးနဲ့ အနုပညာလောကကို ဝင်ရောက်ခဲ့တဲ့ သူမအတွက် ဝေဖန်မှုတွေကိုလည်း ရင်ဆိုင်ခဲ့ရပါတယ်။ အရမ်းဆိုးရွားလှတဲ့ ဝေဖန်မှုတွေ မဟုတ်ပေမယ့်လည်း တစ်ခါတလေမှာ ဝေဖန်တဲ့ မှတ်ချက်တွေကို ကြည့်ပြီး စိတ်မကောင်း ဖြစ်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။“ဒီလိုအနုပညာအလုပ်ကို စလုပ်ပြီဆိုတဲ့ အတွက်ကြောင့် ဘာပဲ ဖြစ်ဖြစ် တစ်ခါတလေမှာ ကောင်းတာ အပြောခံရ တာမျိုး ရှိသလို ဆိုးတာ အပြောခံရတာမျိုးလည်း ရှိတယ်။ ဒီလိုဖြစ်လာရင်တော့ ဝေဖန်ခံရမှာပဲလေ။ အဲဒီအတွက်ကြောင့် ကြံ့ကြံ့ခံနိုင်အောင် ကြိုးစားနေပါတယ်။ ညီမက အရမ်းကြီးတော့ အပြောခံဖူးတာမျိုးတော့ မရှိပါဘူး။ တစ်ခါတလေ အပြောခံရရင်တော့ ပြောတဲ့ စာတွေဖတ်ပြီး နည်းနည်းစိတ်မကောင်း ဖြစ်တာေ လးတွေတော့ ရှိတယ်။ ဝမ်းနည်းတာမျိုး ရှိတယ်။ ဒါပေမယ့် အခုကျတော့အဲဒီလို အရာတွေ ရှိလာရင် ကိုယ့်ကိုချစ်လို့ ကိုယ့်ကို ဝေဖန်ပြောပြလာတယ်လို့ပဲ ခံယူထားပါတယ်” လို့ သူမက ပြောပြခဲ့ပါတယ်။
အသက်အရွယ်နဲ့ မမျှအောင်ကို ရင့်ကျက်ပြီး အနုပညာကို ဝါသနာပါတဲ့ ထင်သစ္စာကတော့ မိခင်ရဲ့ ခြေရာကို နင်းမယ့် သမီးလို့ ပြောရမှာပါ။ သူမရဲ့ မိခင်ကလည်း အနုပညာနဲ့ ပတ်သက်လာရင် အရမ်းကို ရူးသွပ်သူ တစ်ဦး ဖြစ်သလို အခုအချိန်အထိ အကယ်ဒမီသရုပ်ဆောင် ခင်ဇာခြည်ကျော်ဆိုပြီး ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပါတယ်။ ထင်သစ္စာကတော့ အမေ့လိုမျိုး အောင်မြင်ပြီး အဖက်ဖက်မှာ တော်တဲ့ မိန်းမသားမျိုး ဖြစ်အောင် ကြိုးစားနိုင်ဖို့အတွက် ပရိသတ်တွေကလည်း အားပေးပေးကြပါဦးဆိုပြီး တောင်းဆိုခဲ့ပါတယ်။Credit-original