အနီရောင်ဝမ်းဆက်လေးနဲ့ ကလေးအရုပ်လေးတစ်ရုပ်လို ချစ်ဖို့ကောင်းနေတဲ့ ခင်ဝင့်ဝါ
Unicode
သူမဟာ သူမရဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ ပုံရိပ်တွေကို လူမှုကွန်ယက်ဖြစ်တဲ့ ဖေ့ဘုတ်ကနေ အမြဲလိုလို မျှဝေပေးလေ့ရှိသူလည်းဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း သူမဟာ သူမရဲ့အနီရောင်ဝမ်းဆက်လေးနဲ့ ချစ်ဖို့ကောင်းတဲ့ပုံရိပ်တွေကိုမျှဝေခဲ့တာဖြစ်ပါတယ်။
ခင်ဝင့်ဝါဟာ ရုပ်ရှင်မရိုက်ကူးခင်က ၂၀၁၂ ခုနှစ်မှာကျင်းပတဲ့ Miss MK Gem ပြိုင်ပွဲမှာ Queem of Beauty Award ဆုကိုရရှိခဲ့ပြီး ၂၀၁၃ Miss ပြိုင်ပွဲမှာလည်း Miss Internet ဆုအပါအဝင် ဆုလေးဆုရရှိခဲ့တဲ့မော်ဒယ်မလေးဖြစ်ပါတယ်။
လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်လုပ်ကိုင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်းပါဝင်သရုပ်ဆောင်နေတာကိုတွေ့ရပါတယ်။ သူမဟာချစ်ဖို့ကောင်းသလောက် အချစ်ရေးကလည်းအေးဆေးတည်ငြိမ်နေပြီး အနုပညာအလုပ်ကိုသာဇောက်ချလုပ်ကိုင်ကာ ဘဝကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေသူလည်းဖြစ်ပါတယ်။ ပရိသတ်ကြီးရောခေးလေးကိုချစ်ရင် Share သွားပေးဖို့မမေ့ပါနဲ့နော်။ အဆုံးထိဖတ်ရှုပေးတဲ့ အတွက် ကျးဇူးတင်ရှိပါတယ်။Credit-original