မွန်မြတ်တဲ့ စိတ်ဓာတ်နဲ့ ပေါ်တူဂီယူ၁၇ အမျိုးသမီးအသင်းကို ဂုဏ်ပြုပေးခဲ့တဲ့ စီရော်နယ်ဒို
Unicode
ပေါ်တူဂီ အသက်၁၇နှစ်အောင် အမျိုးသမီးဘောလုံးအသင်းဟာ ယူရို၂၀၂၀ ခြေစစ်ပွဲမှာ လတ်ဗီး ယားအသင်းကို ၄ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ခြေစစ်ပွဲအောင်မြင်သွားခဲ့တာဖြစ်ပါတယ်။ အဆိုပါ အောင်မြင်မူအပေါ်မှာ စီရော်နယ်ဒိုကလည်း ဂုဏ်ပြုသွားခဲ့ပြီး ကစားသမားတွေကို အားပေးတဲ့ စာတစ်စောင်နဲ့ အတူ ဘောလုံးကန်ဖိနပ်တွေ ပေးပို့ပြီး ဂုဏ်ပြုသွားခဲ့တာဖြစ်ပါတယ်။ ပေါ်တူဂီအမျိုးသမီးယူ၁၇ အသင်းဟာ စီရော်နယ်ဒိုပေးပို့လိုက်တဲ့ စာကို ပရိုဂျက်တာကနေ တစ်ဆင့် အတူတကွဖတ်ရူခဲ့ပြီး စီရော်နယ်ဒိုရဲ့ ဂုဏ်ပြုစကားနဲ့ ဘောလုံးကန်ဖိနပ်တွေအတွက် ပျော်ရွှင်ခဲ့ကြ ပါ တယ်။
စီရော်နယ်ဒိုရဲ့ စာထဲမှာတော့ “ ငါ ဒီ မာကျူရီယာ ဘောလုံးကန်ဖိနပ်တွေက မင်းတို့ရဲ့အိပ် မက်တွေကို ကူညီပေးနိုင်မယ်ဆိုတဲ့မျှော်လင့်ချက်နဲ့ ပေးပို့လိုက်တယ်။ငါငယ်ငယ်တုန်းက သာမန် ကလေးတစ်ယောက်ဖြစ်ပေမယ့် ရည်မှန်းချက်ကကြီးပါတယ်။ အိပ်မက်တွေ၊ ရည်မှန်းချက်တွေက တော့အိပ်နေရုံနဲ့မရနိုင်ပါဘူး။ ငါ ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားတစ်ဦးဖြစ်ချင်ခဲ့တယ်။ ငါ့ဘ၀ အိပ် မက်တွေကို Gym နဲ့ လေ့ကျင့်ရေးကွင်းထဲမှာ ကုန်ဆုံးဖို့ဆုံးဖြတ်ခဲ့တယ်။လုပ်အပ်တဲ့ အရာတွေကို ဖြစ်နိုင်သမျှလုပ်ဆောင်နိုင်ဖို့ပေါ့။ရည်မှန်းချက်ရှိဖို့ကအလွန်အရေးကြီးပါတယ်။ ရည်မှန်းချက်က အဲဒီပန်းတိုင်ကို ရောက် ဖို့အတွက် အလုပ်ကြိုးစားမူထက်ပိုပြီးတော့တောင် အရေးကြီးပါတယ်။ ဒီဘောလုံးကန်ဖိနပ်တွေကို ပျော်ရွှင်စွာယူပြီးတော့ ကံကောင်းပါစေ။ခရစ္စတီယာနို ရော်နယ်ဒို” ဆိုပြီး သူ့ရဲ့ စာထဲမှာ ရော်နယ်ဒိုက ထည့်သွင်းရေးသားသွားခဲ့တာဖြစ်ပါတယ်။ ယူ၁၇ အသင်းဟာ စီရော်နယ်ဒိုရဲ့စာကို အသံထွက်ဖတ်ခဲ့ပြီး စီရော်နယ်ဒိုပေးပို့လိုက်တဲ့ NIKE အမှတ် တံဆိပ် မာကျူရီယယ် မြန်နူန်းမြင့် ဖိနပ်တွေကို ကိုယ်စီရယူပြီးပျော်ရွှင်မူရခဲ့ကြပါတယ်။Credit-burmese.asia