TikTok မှာရေပန်းစားနေတဲ့ သီချင်းနဲ့အမိုက်စား ကပြလိုက်ပြန်တဲ့ စည်သူပလပ်ကျွတ်
Unicode
အမိုက်စားစူပါဟီးရိုး ဝတ်စုံတွေနဲ့ သူမတူအောင် ဂေါ်ထွက်နေပြီး ပရိသတ်တွေ တဖြည်းဖြည်း သတိထားမိလာတဲ့ စည်သူပလပ်ကျွတ်ကိုတော့ သိကြမှာပါ။ ဝတ်ရုံအနီကြီးနဲ့ ပရိသတ်တွေ စပြီး သတိထားရင်းနှီးလာတဲ့ စည်သူ ပလပ်ကျွတ် တယောက်ကတော့ လက်ရှိမှာ တိုင်းသိပြည်သိ အနုပညာရှင် တယောက်ဖြစ်ပြီး အနုပညာလုပ်ငန်းတွေကိုလည်း အဆက်မပြတ်လုပ်ကိုင် လာတာကိုတွေ့ရပါတယ်။
စည်သူပလပ်ကျွတ်ကတော့ နာမည်ကြီး စူပါဟီးရိုး ဝတ်စုံတွေဝတ်ပြီး ပွဲတွေကို တက်ခဲ့တာကြောင့်လည်း သူ့ကိုဝေဖန်သူတွေ အများအပြားရှိသလို သဘောကျတဲ့ သူတွေကလည်း အများကြီးပါပဲ။ ဒီကြားထဲမှာမှ စည်သူပလပ်ကျွတ်ကတော့ သူ့ကိုအားပေးတဲ့ ပရိသတ်တွေအတွက် ဗီဒီယိုလေးတွေ ရိုက်ပြီးတော့တင်ပေးလေ့ ရှိပါတယ်။
လက်ရှိမှာလည်း စည်သူပလပ်ကျွတ်ကတော့ TikTok မှာအရမ်းကို နာမည်ကြီးပြီး ရေပန်းစားနေတဲ့ သီချင်းလေးနဲ့ သူ့ရဲ့ Performance အပြည့်ထဲပြီး သရုပ်ဆောင်ပြသွားတာ ဖြစ်ပါတယ်။ ဗီဒီယိုမှာတော့ သူ့ရဲ့ ထုံးစံအတိုင်း စူပါဟီးရိုးတွေကတော့ ပါဝင်နေမြဲ ဖြစ်ပါတယ်။ဗီဒီယိုလေးကို ကြည့်ပြီးတော့ တခုခုဝေဖန်သွားကြပါဦးနော်။Credit-original