အ႒မတန္္းေအာင္သူမ်ား လာမည့္ပညာသင္ႏွစ္တြင္ ဒႆမတန္္းသုိ႔ိ တို္က္ရိုက္္ တက္ေရာက္္ရမည္္
အေျခခံပညာ မူလတန္းအဆင့္တြြင္ စတုတၳတန္း(Grade -4)၊ အလယ္တန္းအဆင့္တြင္ သတၱမတန္း( Grade-7) တို႔က္ို သင္႐ိုးသစ္ျဖင့္ သင္ၾကားမည္ျဖစ္ ၿပီး လာမည့္ႏွစ္၌ အထက္တန္းအဆင့္ျဖစ္သည့္ ဒသမတန္း (Grade-10) ကိုပါ သင္႐ိုးသစ္ စေျပာင္းမည္ ျဖစ္သည္။
‘‘ေနာက္ႏွစ္္မွာ Grade-4၊ 7၊ 10 သံုးတန္းေျပာင္းမယ္။ 4 က Grade-3 ကေန ဆက္သြားမယ္။ 7 ကေတာ့ အခုု Grade-6 ကေနဆက္သြားမယ္။ 10 ကက်ေတာ့ Upper Sec၀ndary ျဖစ္တဲ့ အထက္တန္း အဆင့္မွာ ေျပာင္းလဲမွာ’’ဟု ေဒါက္တာ တင္ေမာင္၀င္း က ဆိုသည္။
ထို႔ျပင္ လာမည့္ႏွစ္တြြင္ အထက္တန္းအဆင့္၏ ပထမဆံုးအတန္းျဖစ္သည့္ ဒသမတန္း(Grade-10) ကို သင္႐ိုးၫႊန္းတမ္း အသစ္္ စေျပာင္းမည္ျဖစ္၍ အလယ္တန္းအဆင့္၏ ေနာက္ဆံုးအတန္းျဖစ္သည့္ အ႒မတန္း(Grade-9)တြင္ လက္ရွိ တက္ေနသူမ်ားသည္ လာမည့္ႏွစ္ အထက္တန္းအဆင့္တက္ခ်ိန္တြင္ သင္႐ိုးသစ္ ဒသမတန္း(Grade-10)၌ တက္ရမည္ ျဖစ္သည္။
ယခုႏွစ္တြင္ သင္႐ိုးေဟာင္း အတို္ိင္း သင္ယူေနသည့္ န၀မတန္း (Grade-10) ေက်ာင္းသားမ်ားသည္ ပုံမွန္အတိုင္း သင္႐ိုးေဟာင္း ဒသမတန္း (Grade-11) ကို ဆက္တက္ရမည္ ျဖစ္သည္။ ေျပာင္းလဲမည့္ သင္႐ိုးၫႊန္းတမ္းသစ္မ်ားကို စက္တင္ဘာလကုန္ အၿပီးေရးဆြဲမည္ျဖစ္ၿပီး ၂၀၂၀ ႏွစ္ဆန္းပိုင္းကစကာ အထက္တန္းျပ၊ အလယ္တန္းျပ၊ မူလတန္းျပ ဆရာ၊ ဆရာမအားလံုးကို သင္႐ိုးသစ္ သင္ျပနည္း သင္တန္းမ်ား ပို႔ခ်မည္ ျဖစ္သည္။
‘‘ၾသဂုတ္လကုန္ေလာက္ဆိို ပံုႏွိပ္စာအုပ္အားလံုးရဲ႕ ၉၀ ရာခိုင္ႏႈန္းေလာက္က မူၾကမ္းၿပီးသြားမွာ။ မွန္းထားတာေတာ့ စက္ တင္္ဘာ လကုန္ဆုိရင္ေတာ့ ဘာ သာစံုအားလံုး သင္႐ိုးၫႊန္းတမ္းေရးဆြဲၿပီးျဖစ္မယ္။ ၿပီးရင္ ဒါကို ျပန္ၿပီးေတာ့ ပံုႏွိပ္ ျဖစ္လာဖို႔ အတြက္ ဒီႏွစ္မကုန္မီ အားလံုးၿပီးေအာင္ လုပ္မယ္။ လုပ္ၿပီးရင္ ၂၀၂၀ ထဲ၀င္တာနဲ႔ သင္ရိုးသစ္နဲ႔ ပတ္သက္တဲ့ သင္တန္းကို ဗဟိုအဆင့္၊ နည္းျပအဆင့္ ေတာက္ေလွ်ာက္သြားဖို႔ရွိတယ္’’ ဟု ေဒါက္တာ တင္ေမာင္၀င္းက ဆိုသည္။
အေျခခံပညာ မူလတန္းသင္႐ိုး ၫႊန္္းတမ္း အသစ္ေရးဆြဲႏိုင္ရန္ ဂ်ပန္အျပည္ျပည္ဆုိင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီ (JICA)၊ အလယ္တန္းႏွင့္ အထက္တန္း သင္႐ိုးၫႊန္းတမ္္း အသစ္မ်ားအတြက္ အာရွဖြံ႕ၿဖိဳးေရးဘဏ္ (ADB) တို႔က ပညာေရးဝန္ႀကီးဌာနသို႔ နည္းပညာႏွင့္ ဘ႑ာေရးပံ့ပိုးထားသည္။
အေျခခံပညာေရးကို သူငယ္တန္းအပါအဝင္္ မူလတန္းငါးႏွစ္၊ အလယ္တန္းေလးႏွစ္၊ အထက္တန္း သံုးႏွစ္ (သူငယ္တန္း+၁၂ တန္း) စနစ္သစ္အျဖစ္ စတင္ေျပာင္းလဲေနသည္။ ၂၀၁၆-၁၇ ပညာသင္ႏွစ္တြင္ KG၊ ၂၀၁၇-၁၈ ပညာသင္ႏွစ္တြင္ Grade-1၊ ၂၀၁၈-၁၉ ပညာသင္ႏွစ္တြင္ Grade-2၊ ယခု ၂၀၁၉-၂၀ ပညာသင္ႏွစ္တြင္ Grade-3 ႏွင့္ Grade-6 တို႔ကို သင္႐ိုးၫႊန္းတမ္းအသစ္မ်ားျဖင့္ စတင္သင္ၾကား ေနသည္။ အေျခခံပညာတြင္ ယခင္က သူငယ္တန္းမွ ဒသမတန္းအထိ ၁၁ တန္းတက္ေရာက္ရေသာ္လည္း စနစ္သစ္အရ သူငယ္တန္း မွ ဒြါဒသမတန္းအထိ ၁၃ တန္း တက္ေရာက္ရမည္ ျဖစ္သည္။Credit-aungparsay
Unicode
လာမည့် ၂၀၂၀-၂၁ ပညာသင်နှစ်တွင် အခြေခံပညာ စတုတ္ထတန်း၊ သတ္တမတန်း၊ ဒသမတန်းတို့ကို သင်ရိုးညွှန်းတမ်း အသစ်ပြောင်းမည်ဖြစ်ပြီး ယခုနှစ်အဋ္ဌမတန်း(Grade-9)ကျောင်းသား၊ ကျောင်းသူများသည် လာမည့်နှစ်၌ ဒသမတန်း (Grade-10)တက်ရမည်ဟု အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်မောင်ဝင်း က ပြောသည်။
အခြေခံပညာ မူလတန်းအဆင့်တွင် စတုတ္ထတန်း(Grade -4)၊ အလယ်တန်းအဆင့်တွင် သတ္တမတန်း( Grade-7) တို့ကို သင်ရိုးသစ်ဖြင့် သင်ကြားမည်ဖြစ် ပြီး လာမည့်နှစ်၌ အထက်တန်းအဆင့်ဖြစ်သည့် ဒသမတန်း (Grade-10) ကိုပါ သင်ရိုးသစ် စပြောင်းမည် ဖြစ်သည်။
‘‘နောက်နှစ်မှာ Grade-4၊ 7၊ 10 သုံးတန်းပြောင်းမယ်။ 4 က Grade-3 ကနေ ဆက်သွားမယ်။ 7 ကတော့ အခု Grade-6 ကနေဆက်သွားမယ်။ 10 ကကျတော့ Upper Secဝndary ဖြစ်တဲ့ အထက်တန်း အဆင့်မှာ ပြောင်းလဲမှာ’’ဟု ဒေါက်တာ တင်မောင်ဝင်း က ဆိုသည်။ထို့ပြင် လာမည့်နှစ်တွင် အထက်တန်းအဆင့်၏ ပထမဆုံးအတန်းဖြစ်သည့် ဒသမတန်း(Grade-10) ကို သင်ရိုးညွှန်းတမ်း အသစ် စပြောင်းမည်ဖြစ်၍ အလယ်တန်းအဆင့်၏ နောက်ဆုံးအတန်းဖြစ်သည့် အဋ္ဌမတန်း(Grade-9)တွင် လက်ရှိ တက်နေသူများသည် လာမည့်နှစ် အထက်တန်းအဆင့်တက်ချိန်တွင် သင်ရိုးသစ် ဒသမတန်း(Grade-10)၌ တက်ရမည် ဖြစ်သည်။
ယခုနှစ်တွင် သင်ရိုးဟောင်း အတိိုင်း သင်ယူနေသည့် နဝမတန်း (Grade-10) ကျောင်းသားများသည် ပုံမှန်အတိုင်း သင်ရိုးဟောင်း ဒသမတန်း (Grade-11) ကို ဆက်တက်ရမည် ဖြစ်သည်။ ပြောင်းလဲမည့် သင်ရိုးညွှန်းတမ်းသစ်များကို စက်တင်ဘာလကုန် အပြီးရေးဆွဲမည်ဖြစ်ပြီး ၂၀၂၀ နှစ်ဆန်းပိုင်းကစကာ အထက်တန်းပြ၊ အလယ်တန်းပြ၊ မူလတန်းပြ ဆရာ၊ ဆရာမအားလုံးကို သင်ရိုးသစ် သင်ပြနည်း သင်တန်းများ ပို့ချမည် ဖြစ်သည်။
‘‘သြဂုတ်လကုန်လောက်ဆို ပုံနှိပ်စာအုပ်အားလုံးရဲ့ ၉၀ ရာခိုင်နှုန်းလောက်က မူကြမ်းပြီးသွားမှာ။ မှန်းထားတာတော့ စက် တင်ဘာ လကုန်ဆိုရင်တော့ ဘာ သာစုံအားလုံး သင်ရိုးညွှန်းတမ်းရေးဆွဲပြီးဖြစ်မယ်။ ပြီးရင် ဒါကို ပြန်ပြီးတော့ ပုံနှိပ် ဖြစ်လာဖို့ အတွက် ဒီနှစ်မကုန်မီ အားလုံးပြီးအောင် လုပ်မယ်။ လုပ်ပြီးရင် ၂၀၂၀ ထဲဝင်တာနဲ့ သင်ရိုးသစ်နဲ့ ပတ်သက်တဲ့ သင်တန်းကို ဗဟိုအဆင့်၊ နည်းပြအဆင့် တောက်လျှောက်သွားဖို့ရှိတယ်’’ ဟု ဒေါက်တာ တင်မောင်ဝင်းက ဆိုသည်။
အခြေခံပညာ မူလတန်းသင်ရိုး ညွှန်းတမ်း အသစ်ရေးဆွဲနိုင်ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA)၊ အလယ်တန်းနှင့် အထက်တန်း သင်ရိုးညွှန်းတမ်း အသစ်များအတွက် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့က ပညာရေးဝန်ကြီးဌာနသို့ နည်းပညာနှင့် ဘဏ္ဍာရေးပံ့ပိုးထားသည်။
အခြေခံပညာရေးကို သူငယ်တန်းအပါအဝင် မူလတန်းငါးနှစ်၊ အလယ်တန်းလေးနှစ်၊ အထက်တန်း သုံးနှစ် (သူငယ်တန်း+၁၂ တန်း) စနစ်သစ်အဖြစ် စတင်ပြောင်းလဲနေသည်။ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် KG၊ ၂၀၁၇-၁၈ ပညာသင်နှစ်တွင် Grade-1၊ ၂၀၁၈-၁၉ ပညာသင်နှစ်တွင် Grade-2၊ ယခု ၂၀၁၉-၂၀ ပညာသင်နှစ်တွင် Grade-3 နှင့် Grade-6 တို့ကို သင်ရိုးညွှန်းတမ်းအသစ်များဖြင့် စတင်သင်ကြား နေသည်။ အခြေခံပညာတွင် ယခင်က သူငယ်တန်းမှ ဒသမတန်းအထိ ၁၁ တန်းတက်ရောက်ရသော်လည်း စနစ်သစ်အရ သူငယ်တန်း မှ ဒွါဒသမတန်းအထိ ၁၃ တန်း တက်ရောက်ရမည် ဖြစ်သည်။Credit-aungparsay