” ေဆးေပါင္း ခ သည့္ မယ္ဇလီ ” ( စုစည္းထားပါသည္ )
မဲဇလီပင္သည္ တန္ေဆာင္မုန္း လ၏ ဖြားဖက္ေတာ္ျဖစ္ သည္။
.
တန္ေဆာင္မုန္းသည္ ၿဗိစၧာရာသီ၊ ကင္းၿမီးေကာက္အမွတ္အသားရွိသျဖင့္ ကင္းၿမီး ေကာက္၊ ကင္းပုစြန္တို႔ႏွစ္သက္သည့္ လဟုလည္းေျပာ၍ရ၏။
.
မဲဇလီပင္ကို ျမန္မာအဘိဓာန္၌
“မဲဇလီဆိုသည္မွာ ရြက္ေပါင္းအရြက္ရွိ၍ အဝါေရာင္အပြင့္မ်ား အခ်ိန္လိုက္ ပြင့္သည့္ ပင္ေစာက္ႀကီးတစ္မ်ိဳး (အရြက္၊ အဖူး)စသည္ကိ ု ဟင္းလ်ာအျဖစ္ စားသုံးၿပီးအရသာ ခါး၍ေဆးဖက္၀င္ သည္” ဟု ဖြင့္ဆိုထား၏။
.
မဲဇလီကို ဘာသာလူမ်ိဳးအလိုက္ ေအာက္ပါအတိုင္း ေခၚဆို ၾကသည္။
႐ုကၡေဗဒအမည္- Cassia Siamea Lam
ဟိႏၵဴလူမ်ိဳးတို႔က- Kassod
ပါဠိဘာသာျဖင့္ – ေကႆ ာ ဒ
သကၠတဘာသာတြင္- ေကႆ ာဒ Kassod
ကရင္အမ်ိဳးသားမ်ားက- Meijari
မြန္အမ်ိဳးသားမ်ားက- Reeta Takhat; Hlamai Hlamain
ရွမ္းအမ်ိဳးသားမ်ားက- Mai Myesili
ျမန္မာအမည္ မဲဇလီပင္ကို မည္ဇရီပင္(မယ္ဇရီပင္) ဟုလည္း ေရးၾက ေခၚၾက၏။
စစ္ကိုင္းထူပါ႐ုံေစတီ ေက်ာက္စာ၌ ၀တ္ေျမနယ္ေလး ရပ္သတ္မွတ္ျခင္းႏွင့္ စပ္လ်ဥ္း၍ ဥသၽွစ္ငယ္တိုက္ အရွည္ကား မင္းစစ္ကဲဆည္ရိုး၊ မည္ဇရီပင္ ဟုေရးထိုးထားသည္ ကိုေတြ႕ၾက ရေပမည္။
မည္ဇရီပင္ဟုေခၚရာမွ အသံထြက္အလိ ုက္မယ္ဇရီျဖစ္လာၿပီး ကာလၾကာေသာအခါ မယ္ဇရီမွ မယ္ဇလီ၊ မဲဇလီဟူ၍ အဆင့္ ဆင့္ ေျပာင္းလဲလာဟန္တူေလ၏။
ကဝိလကၡဏာ သတ္ပုံက်မ္း၌ကား “သမ္းသမ္းပပအိပ္မေပ်ာ္ခဲ၊ မဲဇလီႏွင့္စား”ဟူ၍ သတ္ပုံျပထား၏။
ထို႔ျပင္ ဦးဖိုးလတ္၏ ေက်ာင္းသုံး သီခ်င္းပေဒသာ ပထမတြဲ၌လည္း “မဲဇလီပင္ပ်ိဳ ေအာက္ေပါက္ပါတဲ့ ေရႊတမာ၊ ခါးခ်က္ကနာ” ဟူ၍ ေတြ႕ရေပ မည္။
မဲဇလီကို သေဘၤာမဲဇလီ၊ မဲဇလီအနီ၊ မဲဇလီအျဖဴ ဟူ၍လည္းေကာင္း၊ မဲဇလီႀကီး၊ မဲဇလီခါး၊ မဲဇလီခ်ိဳ ဟူ၍လည္းေကာင္း အမ်ိဳးမ်ိဳးရွိ၏။ အခ်ိဳ႕မွာ မ်ိဳးတူအမည္ကြဲ မ်ားျဖစ္ေနသည္။
တန္ေဆာင္မုန္းလ၌ ေဆးေပါင္းခသည္ဆိုေသာ မဲဇလီ ကိုပင္ မဲဇလီခ်ိဳ၊ မဲဇလီခါးဟုေျပာၾကျပန္သည္။
ေဆးပင္ အေပါင္းတို႔ ေစာင့္ေရွာက္ ေသာနတ္တို႔သည္ မဲဇလီပင္ေစာင့္ နတ္မင္းႀကီးထံ လာေရာက္ခစားၾကသည္ဟု ဆိုနိုင္၏။
ထိုအခ်ိန္၌ မဲဇလီပင္ကို အခ်ိန္အခါေကာင္းတြက္ကာ ေဆးဖက္၀င္ေအာင္ စီရင္လ်က္ ေဆးဖက္တြင္ ေရာဂါ အမ်ိဳးမ်ိဳးအတြက္ အသုံးျပဳၾကသည္။
အခ်ိန္အခါေကာင္းကိုစီရင္၍ လမင္းႀကီးျပည့္၀န္းေနခ်ိန္တြင္ အေရွ႕ဘက္သို႔ ထြက္ေနသည့္ပဥၥငါးပါးျဖစ္ေသာ မဲဇလီအဖူး၊ အပြင့္၊ အရြက္၊ အျမစ္ အေခါက္၊အသီးတိ ု႔ကို ခူးဆြတ္ခုတ္ယူၿပီး ည၌ပင္ အဖူးအပြင့္ကိုသုပ္စား၍ အရြက္တို႔ကို ဟင္းခ်ိဳခ်က္စားၾကရသည္။
က်န္အျမစ္၊ အေခါက္၊ အသီးတို႔ကို ေနရိပ္၌ အေျခာက္လွန္းအမႈန္႔ျပဳ၍ ေဆးအျဖစ္ေန႔စဥ္ စားသုံးၾကရမည္။ ဤသို႔ စားသုံးလၽွင္ ႐ုပ္ရည္အဆင္းႏုပ်ိဳ၍ ဘုန္းႀကီး၍ ဥာဏ္ပညာထက္ျမက္ကာ က်က္သေရ မဂၤလာအေပါင္းႏွင့္ ျပည္စုံသည္ဟု က်မ္းဂန္အခ်ိဳ႕၌ ဆိုထားသည္ ..။
ေလွသင္း အတြင္း၀န္၏ ေဝါဟာရလီနတၳဒီပနီ တြင္လည္း တန္ေဆာင္မုန္းလ ျပည့္ညအခါ၌ မဲဇလီ ဖူးသုပ္ စားေသာ ျမန္မာမႈဓေလ့ တစ္ရပ္သည္ ေရွးအခါကပင္ရွိေၾကာင္း ေဖာ္ၿပ ထားသည္။
မဲဇလီဖူး သုပ္၍ စားျခင္းကို တိုင္းရင္း ေဆးပညာအျမင္ျဖင့္ေလ့လာက သင့္ျမတ္ေၾကာင္း ေတြ႕ရသည္။
တန္ေဆာင္မုန္း လျပည့္ည သန္းေခါင္ယံေက်ာ္တြင္ ေဆာင္းဥတုေရာက္ရွိလာသည္။
တေပါင္းလျပည့္ ေန႔ သန္းေခါင္ယံတိုင္ေအာင္ ခ်မ္းေအးေသာကာလျဖစ္၏။
သို႔ျဖစ္၍ မိုးႏွင့္ေဆာင္း အကူး၌ … အပူႏွင့္အေအး၊ ေလ ေဒါသႏွင့္ သလိပ္ေဒါသတို႔ အားၿပိဳင္သျဖင့္ ေရာဂါ ဘယမ်ားက်ေရာက္တတ္သည္။
.
မိုးဥတုတြင္ ေလေဒါသႀကီးစိုး၍ ေလၿငိမ္စာ အခါးအရသာ လိုအပ္သကဲ့သို႔ေဆာင္းဥတု၌လည္း သလိပ္ေဒါသႀကီး၍ သလိပ္ၿငိမ္စာအခ်ဥ္ဓာတ္ လိုအပ္၏။
ထိုဥတုႏွစ္ပါးလုံး သပၸာယ ျဖစ္ေအာင္ ေအးခါးေသာ အရသာ ရွိသည့္ မဲဇလီဖူးကိုေရွာက္၊ သံပရာရည္တို႔ႏွင့္ သုပ္စားျခင္းျဖင့္ ရာသီဥတုအကူးအေျပာင္း၌ ေရာဂါတစ္စုံတစ္ရာ မက်ေရာက္ေစရန္ ႀကိဳတင္ကာကြယ္သည့္ ေဆးတစ္ပါးျဖစ္၏။
Ref : ရတနာပုံေန႔စဥ္သတင္း
ေရႊအိုး (မိုမိုေလး)
✤✤✤✤✤✤✤✤✤
☸ တန္ေဆာင္မုန္း လျပည့္ေန႔ လၽွို႔ဝွက္ခ်က္မ်ား ☸
ေဆးေပါင္း ခ တဲ့ ည
သူခိုးႀကီး ည ပါးစပ္ရာဇ၀င္
❛ လ ❜ မြန္းတည့္ ေရ
ပီယေဆး
မည္ဇီရီ ပင္
ပံ့သကူ
ေတာင္ထိပ္ နတ္ပြဲ ၊ ျမစ္လယ္ ေရေမ်ာ
နိဗၺာန္ ေစ်းပြဲေတာ္
နတ္နိုး လ
🇨 rd — ✍ ေဝဒဂၤ ✍
—————————————————–
ေဆးဖက္လည္းဝင္ ရာသီဓာတ္စာလည္းျဖစ္တဲ့ မယ္ဇလီပင္ မယ္ဇလီဖူး မယ္ဇလီပြင့္
မယ္ဇလီပင္ အာနိသင္
***************
ပန္းပြင့္” ကင္ဆာဆဲလ္ရဲ့ ႀကီးထြားမႈကို ထိန္းခ်ဳပ္ တားျမစ္ေပးနိုင္သည္ မ်က္စိကို အားရွိေစသည္
(အရိုးတံ) အဆုတ္ကင္ဆာ”အဆုတ္နာ”အူမကင္ဆာ” အစာအိမ္ ကင္ဆာတို႔ကို သက္သာေစသည္ ကူးစက္ေရာဂါအတြက္ ေကာင္းသည္
“အရြက္” အရိုးကို သန္မာေစသည္ ေသြးတိုးကို က်ေစသည္ ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစသည္ ခၽြဲသလိပ္ ေပ်ာ္ေစသည္ အပူကိုၿငိမ္းေစသည္ အစာကို ေၾကညက္ေစသည္ စိတ္ေသာက ေလ်ာ့ပါးေစသည္ ဦးေႏွာက္ကို အားရွိေစသည္
“အရြက္ႏွင့္ ရိုးတံ” ဆီးခ်ိဳကို ကုသနိုင္သည္ တကိုယ္လုံး အသားေရဝါလၽွင္ ကုသနိုင္သည္ (မိမိတို႔ညာဏ္ႏွင့္ ခ်ိန္၍ သုံးနိုင္သည္)
(Credit)
# ဖူးသက္ကို
#ေရဖ်ဥ္း၊ အသည္းသမားအတြက္
~~~~~~~~~~~~~
မွတ္သားဖြယ္ မယ္ဇလီပင္
ဇနီးျဖစ္သူက အရက္ေလ်ာ့ေသာက္ပါ.. ေသာက္ပါဆိုသည္ စကားေျပာ၍ တစ္ႏွစ္မၽွပင္ မၾကာလိုက္ ကိုထြန္းေအာင္ ေရဖ်ဥ္းေရာဂါျဖင့္ အိပ္ရာထဲလဲေတာ့သည္။
ေရဖ်ဥ္းျဖစ္ၿပီး ခႏၡာကိုယ္ေအာက္ပိုင္း ေပါင္ႏွင့္ေျခသလုံးမ်ားပါ ေဖါေရာင္၍ အိပ္၍မရ အသက္ရႈၾကပ္လွသည္ဆိုသည္။
ခက္သည္ကား ေက်ာက္ကပ္ေၾကာင့္လား၊ အသည္းေၾကာင့္လား တိတိပပ ေဝခြဲမရျဖစ္ျပန္သည္။
ၿမိဳ႕တက္၍ဆရာ၀န္ျဖင့္စမ္းသပ္မႈမ်ားျပဳလုပ္ရာ အသည္းေျခာက္ၿပီး ေရဖ်ဥ္းစြဲေၾကာင့္သိရသည္။
ေဆး႐ုံလည္းမတက္လို၍ ရြာသို႔ျပန္ေခၚရင္း ဘာလုပ္ေပးရမည္မသိျဖစ္ေနစဥ္~
ကိုယ္တိုင္ျဖစ္ဖူးပါတယ္… ငါေျပာသလို လုပ္ၾကည့္ပါဟု မိတ္ေဆြတစ္ဦးကဆို၍ ေအာက္ပါေဆးနည္းအတိုင္း ေဆာင္ရြက္ၾကည့္ရာ အမွန္ပင္ သက္သာေပ်ာက္ကင္းခဲ့ပါသည္။
” ေဆးနည္း ”
(၁) မယ္ဇလီပင္မွ အေခါက္ကို ခြါရသည္။
(၂) မယ္ဇလီေခါက္ (၃)ပိႆာကို ေရစင္ေအာင္ေဆးၿပီး မီးရွို႔ျပာခ်လိုက္ရသည္။
(၃) ထိုျပာမ်ားကို ေရသုံးဖလားျဖင့္ေရာကာ ေန႔စဥ္ နံက္တစ္ႀကိမ္ ညေနတစ္ႀကိမ္ လက္ဖက္ရည္အၾကမ္းပန္းကန္လုံး (၁)လုံးမၽွ ေရစစ္ျဖင့္စစ္ၿပီးတိုက္ေပးရျခင္းျဖစ္ပါသည္။
(၄) ထိုသို႔ျပဳလုပ္ၿပီး(၂)ရက္အၾကာတြင္ ဆီးမၾကာခဏစသြားကာ တစ္လအတြင္း ေဖာင္ကားေနသည့္ ဗိုက္အိုးႀကီးမွာ သိသိသားေလ်ာ့က်၍ အရွင္းေပ်ာက္ကင္းသြားျခင္းျဖစ္သည္ဟုဆိုပါသည္။
ကိုယ္ေတြ႕ၾကဳံဖူးသူ ေျပာျပေသာေဆးနည္းေလး ျဖစ္ပါ၍ ေခတ္မီေဆးဝါးတို႔ျဖင့္ ကုသရန္ ခက္ခဲေနသူတို႔ လိုအပ္ပါလၽွင္ အသုံးျပဳနိုင္ပါရန္ တင္ျပလိုက္ပါသည္။
# ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)
—————————————————-**
#မဲဇလီ
တန္ေဆာင္မုန္းလျပည့္ေန႔တြင္ ေဆးမင္းဟုေခၚဆိုေသာ မဲဇလီပင္၏ အဖူးအပြင့္မ်ားကို ေရာဂါအႏၲာရာယ္ အေပါင္းမွ ကင္းေဝးေစရန္ လက္သုတ္လုပ္ကာ စားေသာက္ေလ့ရွိၾကသည္။
မဇၩိမေဒသမွ အသုံးျပဳသည့္ သာရေကာမုဒိ ေဆးက်မ္းအလိုအရ ဤတန္ေဆာင္မုန္း လျပည့္ည၌ ၾကတၱိကာနကၡတ္စန္း ယွဥ္ခ်ိန္ျဖစ္သျဖင့္ ထိုနကၡတ္ကို ေစာင့္ေရွာက္သည့္ မီးနတ္ႀကီးသည္ မယ္ဇလီပင္ေစာင့္ နတ္ထံ ေခတၱအလည္ေရာက္ခ်ိန္ ျဖစ္ေနသည္။
ထိုနတ္ႀကီး လာေရာက္ခ်ိန္၌ သစ္ပင္အားလုံးရွိ နတ္မ်ားသည္ ထိုမယ္ဇလီပင္ရွိရာသို႔ လာေရာက္ၾကသျဖင့္ သစ္ပင္ေစာင့္နတ္ အစုံအလင္ ေရာက္ရွိသည့္ မယ္ဇလီပင္၌ အစြမ္းထက္ရျခင္းျဖစ္သည္ဟု ဆိုသည္။
သို႔ျဖစ္၍ တန္ေဆာင္မုန္းလျပည့္ည၌ မယ္ဇလီဖူးမ်ား ခူးဆြတ္၍ ျပဳပ္ကာသုတ္စားျခင္းျဖင့္ ေဆးဖက္ဝင္သည္ဟု အယူအဆျဖစ္ေပၚလာရသည္။အိမ္_မက္_ေမ ျပန္လည္မၽွေဝပါသည္
Credit-original
Unicode
မဲဇလီပင်အကြောင်းရေးလျှင် တန်ဆောင်မုန်းလကို ချန်လှပ်ထား၍မရပေ။
မဲဇလီပင်သည် တန်ဆောင်မုန်း လ၏ ဖွားဖက်တော်ဖြစ် သည်။
.
တန်ဆောင်မုန်းသည် ဗြိစ္ဆာရာသီ၊ ကင်းမြီးကောက်အမှတ်အသားရှိသဖြင့် ကင်းမြီး ကောက်၊ ကင်းပုစွန်တို့နှစ်သက်သည့် လဟုလည်းပြော၍ရ၏။
.
မဲဇလီပင်ကို မြန်မာအဘိဓာန်၌
“မဲဇလီဆိုသည်မှာ ရွက်ပေါင်းအရွက်ရှိ၍ အဝါရောင်အပွင့်များ အချိန်လိုက် ပွင့်သည့် ပင်စောက်ကြီးတစ်မျိုး (အရွက်၊ အဖူး)စသည်ကိ ု ဟင်းလျာအဖြစ် စားသုံးပြီးအရသာ ခါး၍ဆေးဖက်ဝင် သည်” ဟု ဖွင့်ဆိုထား၏။
.
မဲဇလီကို ဘာသာလူမျိုးအလိုက် အောက်ပါအတိုင်း ခေါ်ဆို ကြသည်။
ရုက္ခဗေဒအမည်- Cassia Siamea Lam
ဟိန္ဒူလူမျိုးတို့က- Kassod
ပါဠိဘာသာဖြင့် – ကေဿ ာ ဒ
သက္ကတဘာသာတွင်- ကေဿ ာဒ Kassod
ကရင်အမျိုးသားများက- Meijari
မွန်အမျိုးသားများက- Reeta Takhat; Hlamai Hlamain
ရှမ်းအမျိုးသားများက- Mai Myesili
မြန်မာအမည် မဲဇလီပင်ကို မည်ဇရီပင်(မယ်ဇရီပင်) ဟုလည်း ရေးကြ ခေါ်ကြ၏။
စစ်ကိုင်းထူပါရုံစေတီ ကျောက်စာ၌ ဝတ်မြေနယ်လေး ရပ်သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ ဥသျှစ်ငယ်တိုက် အရှည်ကား မင်းစစ်ကဲဆည်ရိုး၊ မည်ဇရီပင် ဟုရေးထိုးထားသည် ကိုတွေ့ကြ ရပေမည်။
မည်ဇရီပင်ဟုခေါ်ရာမှ အသံထွက်အလိ ုက်မယ်ဇရီဖြစ်လာပြီး ကာလကြာသောအခါ မယ်ဇရီမှ မယ်ဇလီ၊ မဲဇလီဟူ၍ အဆင့် ဆင့် ပြောင်းလဲလာဟန်တူလေ၏။
ကဝိလက္ခဏာ သတ်ပုံကျမ်း၌ကား “သမ်းသမ်းပပအိပ်မပျော်ခဲ၊ မဲဇလီနှင့်စား”ဟူ၍ သတ်ပုံပြထား၏။
ထို့ပြင် ဦးဖိုးလတ်၏ ကျောင်းသုံး သီချင်းပဒေသာ ပထမတွဲ၌လည်း “မဲဇလီပင်ပျို အောက်ပေါက်ပါတဲ့ ရွှေတမာ၊ ခါးချက်ကနာ” ဟူ၍ တွေ့ရပေ မည်။
မဲဇလီကို သင်္ဘောမဲဇလီ၊ မဲဇလီအနီ၊ မဲဇလီအဖြူ ဟူ၍လည်းကောင်း၊ မဲဇလီကြီး၊ မဲဇလီခါး၊ မဲဇလီချို ဟူ၍လည်းကောင်း အမျိုးမျိုးရှိ၏။ အချို့မှာ မျိုးတူအမည်ကွဲ များဖြစ်နေသည်။
တန်ဆောင်မုန်းလ၌ ဆေးပေါင်းခသည်ဆိုသော မဲဇလီ ကိုပင် မဲဇလီချို၊ မဲဇလီခါးဟုပြောကြပြန်သည်။
ဆေးပင် အပေါင်းတို့ စောင့်ရှောက် သောနတ်တို့သည် မဲဇလီပင်စောင့် နတ်မင်းကြီးထံ လာရောက်ခစားကြသည်ဟု ဆိုနိုင်၏။
ထိုအချိန်၌ မဲဇလီပင်ကို အချိန်အခါကောင်းတွက်ကာ ဆေးဖက်ဝင်အောင် စီရင်လျက် ဆေးဖက်တွင် ရောဂါ အမျိုးမျိုးအတွက် အသုံးပြုကြသည်။
အချိန်အခါကောင်းကိုစီရင်၍ လမင်းကြီးပြည့်ဝန်းနေချိန်တွင် အရှေ့ဘက်သို့ ထွက်နေသည့်ပဉ္စငါးပါးဖြစ်သော မဲဇလီအဖူး၊ အပွင့်၊ အရွက်၊ အမြစ် အခေါက်၊အသီးတိ ု့ကို ခူးဆွတ်ခုတ်ယူပြီး ည၌ပင် အဖူးအပွင့်ကိုသုပ်စား၍ အရွက်တို့ကို ဟင်းချိုချက်စားကြရသည်။
ကျန်အမြစ်၊ အခေါက်၊ အသီးတို့ကို နေရိပ်၌ အခြောက်လှန်းအမှုန့်ပြု၍ ဆေးအဖြစ်နေ့စဉ် စားသုံးကြရမည်။ ဤသို့ စားသုံးလျှင် ရုပ်ရည်အဆင်းနုပျို၍ ဘုန်းကြီး၍ ဉာဏ်ပညာထက်မြက်ကာ ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည်စုံသည်ဟု ကျမ်းဂန်အချို့၌ ဆိုထားသည် ..။
လှေသင်း အတွင်းဝန်၏ ဝေါဟာရလီနတ္ထဒီပနီ တွင်လည်း တန်ဆောင်မုန်းလ ပြည့်ညအခါ၌ မဲဇလီ ဖူးသုပ် စားသော မြန်မာမှုဓလေ့ တစ်ရပ်သည် ရှေးအခါကပင်ရှိကြောင်း ဖော်ပြ ထားသည်။
မဲဇလီဖူး သုပ်၍ စားခြင်းကို တိုင်းရင်း ဆေးပညာအမြင်ဖြင့်လေ့လာက သင့်မြတ်ကြောင်း တွေ့ရသည်။
တန်ဆောင်မုန်း လပြည့်ည သန်းခေါင်ယံကျော်တွင် ဆောင်းဥတုရောက်ရှိလာသည်။
တပေါင်းလပြည့် နေ့ သန်းခေါင်ယံတိုင်အောင် ချမ်းအေးသောကာလဖြစ်၏။
သို့ဖြစ်၍ မိုးနှင့်ဆောင်း အကူး၌ … အပူနှင့်အအေး၊ လေ ဒေါသနှင့် သလိပ်ဒေါသတို့ အားပြိုင်သဖြင့် ရောဂါ ဘယများကျရောက်တတ်သည်။
.
မိုးဥတုတွင် လေဒေါသကြီးစိုး၍ လေငြိမ်စာ အခါးအရသာ လိုအပ်သကဲ့သို့ဆောင်းဥတု၌လည်း သလိပ်ဒေါသကြီး၍ သလိပ်ငြိမ်စာအချဉ်ဓာတ် လိုအပ်၏။
ထိုဥတုနှစ်ပါးလုံး သပ္ပာယ ဖြစ်အောင် အေးခါးသော အရသာ ရှိသည့် မဲဇလီဖူးကိုရှောက်၊ သံပရာရည်တို့နှင့် သုပ်စားခြင်းဖြင့် ရာသီဥတုအကူးအပြောင်း၌ ရောဂါတစ်စုံတစ်ရာ မကျရောက်စေရန် ကြိုတင်ကာကွယ်သည့် ဆေးတစ်ပါးဖြစ်၏။
Ref : ရတနာပုံနေ့စဉ်သတင်း
ရွှေအိုး (မိုမိုလေး)
✤✤✤✤✤✤✤✤✤
☸ တန်ဆောင်မုန်း လပြည့်နေ့ လျှို့ဝှက်ချက်များ ☸
ဆေးပေါင်း ခ တဲ့ ည
သူခိုးကြီး ည ပါးစပ်ရာဇဝင်
❛ လ ❜ မွန်းတည့် ရေ
ပီယဆေး
မည်ဇီရီ ပင်
ပံ့သကူ
တောင်ထိပ် နတ်ပွဲ ၊ မြစ်လယ် ရေမျော
နိဗ္ဗာန် ဈေးပွဲတော်
နတ်နိုး လ
🇨 rd — ✍ ဝေဒင်္ဂ ✍
—————————————————–
ဆေးဖက်လည်းဝင် ရာသီဓာတ်စာလည်းဖြစ်တဲ့ မယ်ဇလီပင် မယ်ဇလီဖူး မယ်ဇလီပွင့်
မယ်ဇလီပင် အာနိသင်
***************
ပန်းပွင့်” ကင်ဆာဆဲလ်ရဲ့ ကြီးထွားမှုကို ထိန်းချုပ် တားမြစ်ပေးနိုင်သည် မျက်စိကို အားရှိစေသည်
(အရိုးတံ) အဆုတ်ကင်ဆာ”အဆုတ်နာ”အူမကင်ဆာ” အစာအိမ် ကင်ဆာတို့ကို သက်သာစေသည် ကူးစက်ရောဂါအတွက် ကောင်းသည်
“အရွက်” အရိုးကို သန်မာစေသည် သွေးတိုးကို ကျစေသည် နှစ်ခြိုက်စွာ အိပ်ပျော်စေသည် ချွဲသလိပ် ပျော်စေသည် အပူကိုငြိမ်းစေသည် အစာကို ကြေညက်စေသည် စိတ်သောက လျော့ပါးစေသည် ဦးနှောက်ကို အားရှိစေသည်
“အရွက်နှင့် ရိုးတံ” ဆီးချိုကို ကုသနိုင်သည် တကိုယ်လုံး အသားရေဝါလျှင် ကုသနိုင်သည် (မိမိတို့ညာဏ်နှင့် ချိန်၍ သုံးနိုင်သည်)
(Credit)
# ဖူးသက်ကို
#ရေဖျဉ်း၊ အသည်းသမားအတွက်
~~~~~~~~~~~~~
မှတ်သားဖွယ် မယ်ဇလီပင်
ဇနီးဖြစ်သူက အရက်လျော့သောက်ပါ.. သောက်ပါဆိုသည် စကားပြော၍ တစ်နှစ်မျှပင် မကြာလိုက် ကိုထွန်းအောင် ရေဖျဉ်းရောဂါဖြင့် အိပ်ရာထဲလဲတော့သည်။
ရေဖျဉ်းဖြစ်ပြီး ခန္ခာကိုယ်အောက်ပိုင်း ပေါင်နှင့်ခြေသလုံးများပါ ဖေါရောင်၍ အိပ်၍မရ အသက်ရှုကြပ်လှသည်ဆိုသည်။
ခက်သည်ကား ကျောက်ကပ်ကြောင့်လား၊ အသည်းကြောင့်လား တိတိပပ ဝေခွဲမရဖြစ်ပြန်သည်။
မြို့တက်၍ဆရာဝန်ဖြင့်စမ်းသပ်မှုများပြုလုပ်ရာ အသည်းခြောက်ပြီး ရေဖျဉ်းစွဲကြောင့်သိရသည်။
ဆေးရုံလည်းမတက်လို၍ ရွာသို့ပြန်ခေါ်ရင်း ဘာလုပ်ပေးရမည်မသိဖြစ်နေစဉ်~
ကိုယ်တိုင်ဖြစ်ဖူးပါတယ်… ငါပြောသလို လုပ်ကြည့်ပါဟု မိတ်ဆွေတစ်ဦးကဆို၍ အောက်ပါဆေးနည်းအတိုင်း ဆောင်ရွက်ကြည့်ရာ အမှန်ပင် သက်သာပျောက်ကင်းခဲ့ပါသည်။
” ဆေးနည်း ”
(၁) မယ်ဇလီပင်မှ အခေါက်ကို ခွါရသည်။
(၂) မယ်ဇလီခေါက် (၃)ပိဿာကို ရေစင်အောင်ဆေးပြီး မီးရှို့ပြာချလိုက်ရသည်။
(၃) ထိုပြာများကို ရေသုံးဖလားဖြင့်ရောကာ နေ့စဉ် နံက်တစ်ကြိမ် ညနေတစ်ကြိမ် လက်ဖက်ရည်အကြမ်းပန်းကန်လုံး (၁)လုံးမျှ ရေစစ်ဖြင့်စစ်ပြီးတိုက်ပေးရခြင်းဖြစ်ပါသည်။
(၄) ထိုသို့ပြုလုပ်ပြီး(၂)ရက်အကြာတွင် ဆီးမကြာခဏစသွားကာ တစ်လအတွင်း ဖောင်ကားနေသည့် ဗိုက်အိုးကြီးမှာ သိသိသားလျော့ကျ၍ အရှင်းပျောက်ကင်းသွားခြင်းဖြစ်သည်ဟုဆိုပါသည်။
ကိုယ်တွေ့ကြုံဖူးသူ ပြောပြသောဆေးနည်းလေး ဖြစ်ပါ၍ ခေတ်မီဆေးဝါးတို့ဖြင့် ကုသရန် ခက်ခဲနေသူတို့ လိုအပ်ပါလျှင် အသုံးပြုနိုင်ပါရန် တင်ပြလိုက်ပါသည်။
# ရဲမျိုးသူ(ဗောဓိမြိုင်)
—————————————————-**
#မဲဇလီ
တန်ဆောင်မုန်းလပြည့်နေ့တွင် ဆေးမင်းဟုခေါ်ဆိုသော မဲဇလီပင်၏ အဖူးအပွင့်များကို ရောဂါအန္တာရာယ် အပေါင်းမှ ကင်းဝေးစေရန် လက်သုတ်လုပ်ကာ စားသောက်လေ့ရှိကြသည်။
မဇ္ဈိမဒေသမှ အသုံးပြုသည့် သာရကောမုဒိ ဆေးကျမ်းအလိုအရ ဤတန်ဆောင်မုန်း လပြည့်ည၌ ကြတ္တိကာနက္ခတ်စန်း ယှဉ်ချိန်ဖြစ်သဖြင့် ထိုနက္ခတ်ကို စောင့်ရှောက်သည့် မီးနတ်ကြီးသည် မယ်ဇလီပင်စောင့် နတ်ထံ ခေတ္တအလည်ရောက်ချိန် ဖြစ်နေသည်။
ထိုနတ်ကြီး လာရောက်ချိန်၌ သစ်ပင်အားလုံးရှိ နတ်များသည် ထိုမယ်ဇလီပင်ရှိရာသို့ လာရောက်ကြသဖြင့် သစ်ပင်စောင့်နတ် အစုံအလင် ရောက်ရှိသည့် မယ်ဇလီပင်၌ အစွမ်းထက်ရခြင်းဖြစ်သည်ဟု ဆိုသည်။
သို့ဖြစ်၍ တန်ဆောင်မုန်းလပြည့်ည၌ မယ်ဇလီဖူးများ ခူးဆွတ်၍ ပြုပ်ကာသုတ်စားခြင်းဖြင့် ဆေးဖက်ဝင်သည်ဟု အယူအဆဖြစ်ပေါ်လာရသည်။အိမ်_မက်_မေ ပြန်လည်မျှဝေပါသည်
Credit-original