လူပျိုတို့ရဲ့ဒုက္ခတွေကို ပြောပြနေတဲ့ စိုင်းစိုင်းခမ်းလှိုင်ကို စနောက်လိုက်တဲ့ မအေးသောင်း
Unicode
အနုပညာလောကမှာ ထိတ်ထိတ်ကြဲအောင်မြင်နေတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ကတော့ ဆယ်စုနှစ်တစ်ခုကျော်မက အနုပညာအလုပ်တွေလုပ်ရင်း ပရိသတ်တွေရဲ့အချစ်ကို အပြည့်အဝရရှိထားသူတစ်ဦးပဲ ဖြစ်ပါတယ်။ ခင်မင်တတ်ပြီး စိတ်ထားကောင်းတဲ့ စိုင်းစိုင်းကိုတော့ ခင်မင်ကြတဲ့ အနုပညာရှင်တွေကလည်း မနည်းပါဘူး။
လတ်တလောမှာတော့ စိုင်းစိုင်းကို အရမ်းခင်တဲ့ သူငယ်ချင်းတစ်ယောက်ဖြစ်တဲ့ မအေးသောင်းက ခံစားချက်အပြည့်နဲ့ Feel နေတဲ့ စိုင်းစိုင်းရဲ့ပိုစ့်အောက်မှာ ခင်မင်ရင်းနှီးစွာ comment ဝင်ရေးထားတာ တွေ့ရပါတယ်။ စိုင်းစိုင်းကလည်း မအေးသောင်းကို ပြန်လည်စနောက်နေတာတွေ့ရပြီး သူတို့နှစ်ဦးရဲ့Friendship ကိုတော့ ပရိသတ်တွေကလည်း သဘောကျနေကြတာပါနော်။ချစ်ပရိသတ်တွေအတွက် အရမ်းကို ချစ်စရာကောင်းတဲ့ Friendship လေးကို ပိုင်ဆိုင်ထားတဲ့ မအေးသောင်းနဲ့ စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။စိုင်းစိုင်းခမ်းလှိုင်ကတော့ “Show ကပြန်လာပြီးရင် နောက်ထပ် သီချင်းထပ်ဆိုချင်နေပြီးတော့ Shooting က ပြန်လာပြီးရင် နောက်ထပ် ရုပ်ရှင်ထပ်ရိုက်ချင်နေသေးတယ် ကွိုင်ဘဲ လူပျိုတို့ရဲ့ဒုက္ခများ” ဆိုပြီး လူပျိုတစ်ဦးရဲ့ဒုက္ခတွေကို ပြောထားတာပဲ ဖြစ်ပါတယ်။
အဆိုပါပိုစ့်အောက်မှာတော့ မအေးသောင်းက “အချစ်နဲ့ တွေ့ပြီးရင်ရော” ဆိုပြီး စိုင်းစိုင်းကို စနောက်ထားတာပါ။ မအေးသောင်းရဲ့စနောက်မှုကိုတော့ စိုင်းစိုင်းကလည်း ခင်မင်ရင်းနှီးစွာ ပြန်လှောင်ပြီး စထားတာလည်း တွေ့ရပါတယ်။မအေးသောင်းနဲ့ စိုင်းစိုင်းတို့ရဲ့Friendship လေးကတော့ အရမ်းကို ချစ်ဖို့ကောင်းလွန်းတာမို့ ပရိသတ်တွေအားလုံးက သဘောကျနေကြတာပါ။ လတ်တလောမှာတော့ စိုင်းစိုင်းက ရုပ်ရှင်တွေလည်း ရိုက်ကူးရင်း၊ ရှိုးပွဲတွေလည်း ဆိုဖြစ်နေတာ တွေ့ရပါတယ်။ချစ်ပရိသတ်တွေလည်း နှစ်တွေဘယ်လောက်ကြာကြာ အခင်အမင်မပျက်တဲ့ မအေးသောင်းနဲ့ စိုင်းစိုင်းကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။Credit-aungparsay