Latest Posts

သီတင်းကျွတ်အတွက် ကြော်ငြာတွေရိုက်ကူးပေးနေပြီတဲ့ နေတိုး








Credit-Momolay

Unicode

သီတင်းကျွတ်အတွက် ကြော်ငြာတွေရိုက်ကူးပေးနေပြီတဲ့ နေတိုး
ပျိုပျို အိုအိုမရွေး ကြိုက်နှစ်သက်အားပေးကြတဲ့ ရုပ်ရှင်နှင့်ဗီဒီယို သရုပ်ဆောင် နေတိုးဟာ သူ့ရဲ့အနုပညာသက်တမ်းတစ်လျှောက် အောင်မြင်မှုများစွာ ဆွတ်ခူးရရှိထားသူတစ်ဦးပါ။ နေတိုးက အမြို့မြို့အနယ်နယ်မှာ အားပေးသူပရိသတ် အခိုင်အမာရရှိထားတဲ့ မင်းသားတစ်ဦးဆိုလဲ မမှားပါဘူး။ နေတိုးက အကယ်ဒမီဆုကြီး သုံးဆုရရှိထားပြီး လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို ဆက်တိုက် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ နေတိုးက သူ့ရဲ့ Story Board Movie Studio မှာ ကြော်ငြာရိုက်ကူးပေးနေတာကို တွေ့ရပါတယ်။ပရိသတ်တွေအတွက် နေတိုးရဲ့ ကြော်ငြာရိုက်ကွင်းပေါ်မှ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။နေတိုးက သူ Brand Ambassador အဖြစ် တာဝန်ယူဆောင်ရွက်နေတဲ့ SCOTCH ငှက်သိုက်ရည်အတွက် သီတင်းကျွတ်အမှီ ကြော်ငြာရိုက်ကူးပေးနေတာပဲ ဖြစ်ပါတယ်။

နေတိုးက မကြာသေးခင်က “စစ်ကား” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးခဲ့ပြီး နောက်ထပ်လည်း ရုပ်ရှင်ဇာတ်ကားကြီးတွေ၊ ကြော်ငြာတွေကို လက်ခံရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။နေတိုးကတော့ ရွှေဝါရောင်ဝတ်စုံလေးနဲ့ အရမ်းကို ခန့်ညားသန့်ပြန့်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း နေတိုးရဲ့ အခုကြော်ငြာလေး ထွက်ရှိလာရင် အားပေးကြဖို့ မမေ့ပါနဲ့နော်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit-Momolay