Latest Posts
” သမီးလေးဂုဏ်ယူရတဲ့ မေမေဖြစ်ဖို့ အလုပ်တွေပိုကြိုးစားနေတဲ့ စန္ဒီမြင့်လွင် “
Unicode
အနုပညာလောကမှာ အဆိုတော်တစ်ယောက်အနေနဲ့ အောင်မြင်မှုတွေရရှိထားတဲ့ စန္ဒီမြင့်လွင်ကတော့ ဇူလိုင်လ (၁၄)ရက်နေ့မှာတော့ သမီးဦးလေးဖြစ်တဲ့ ထရက်ရှာလေးကို ပန်းလှိုင်ဆေးရုံကြီးမှာ မွေးဖွားခဲ့ပါတယ်။
လက်ရှိမှာတော့ သမီးလေး ဂုဏ်ယူရတဲ့ မေမေဖြစ်ဖို့ အလုပ်တွေပိုကြိုးစားနေတဲ့အကြောင်းကို “သမီးလေးအနားမှာ အချိန်ပြည့်နေပြီး တစိမ့်စိမ့်ကြည့်နေချင်ပေမယ့်လည်း သမီးလေး ဂုဏ်ယူရတဲ့ မေမေဖြစ်ဖို့ ဒီးဒီအလုပ်တွေ ပိုကြိုးစားနေပါတယ်။ ဒီထက်လည်း အများကြီး ပိုကြိုးစားရဦးမှာပါ။” လို့ သူရဲ့ လူမှုကွန်ရက် စာမျက်နာမှာ ဖော်ပြထားပါတယ်။
သူကတော့ အနုပညာအလုပ်တွေကတစ်ဖက်နဲ့ ချစ်သမီးလေးကိုပြုစုပျိုးထောင်ရပေမဲ့ သမီးလေးကို မြင်လိုက်ရုံနဲ့ ပင်ပန်းတာတွေပြေပျောက်သွားတဲ့ အေကြာင်းကို “အလုပ်တစ်ဖက်၊ သမီးလေးတစ်ဖက်နဲ့ ဘယ်လောက်ပင်ပန်းပင်ပန်း ဒီဗီတာမင်တုံးလေးကို မြင်လိုက်တာနဲ့ ချက်ချင်းပျောက်သွားတာပဲ။” လို့ ဖော်ပြထားပါတယ်။ခင်ပွန်းဖြစ်သူ ကိုသီဟလွင်နဲ့ (၂၀၁၈)ခုနှစ် မတ်လ (၄)ရက်နေ့က မင်္ဂလာမော်ကွန်းတင်လက်မှတ်ရေးထိုးခဲ့ပြီး လက်ရှိမှာဆို အိမ်ထောင်သက် (၁)နှစ်ကျော် (၂)နှစ်နီးပါးထဲကို ရောက်ရှိနေပြီဖြစ်ပါတယ်။
အနုပညာလောကမှာ နာမည်တစ်လုံးတည်းနဲ့ ရပ်တည်နေပြီး အမျိုးသမီး Rapper အဖြစ် ပရိသတ်ချစ်ခင်အားပေးတဲ့ စန္ဒီမြင့်လွင်ကတော့ ချစ်သမီးလေးကို ချစ်မဝဖြစ်ကာ သမီးလေးသာသူမဘဝလို့ ခံယူထားတယ်လို့တောင်ဆိုရလောက်အောင် မိခင်ကောင်းပီသသူတစ်ယောက်ပဲဖြစ်ပါတယ်။CeleGabar ပရိသတ်ကြီးမှာရော စန္ဒီမြင့်လွင်လို အလုပ်ပင်ပန်းတာတွေ ပြေပျောက်စေမယ့် ဗီတာမင်တုံးလေးရှိနေကြပြီလား။Credit-aungprsay