ဆော့လွန်းလို့ မေမေပြန်ရောက်တာနဲ့ အတိုင်ခံလိုက်ရတဲ့ အိုင်ဗီလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေး
Unicode
ပရိသတ်တွေရဲ့ အသည်းတွေကို သိမ်းပိုက်ထားကြတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်ရင်သွေးလေးတွေထဲမှာ အဆိုတော်အေသင်ချိုဆွေရဲ့ ချစ်စရာသမီးလေး အိုင်ဗီလေးကလည်း အပါအဝင်ပါပဲ..။
ပြည်သူ့အသည်းကျော် အိုင်ဗီလေးကတော့ ချစ်စရာကောင်းလွန်းတဲ့ ဟန်ပန်အမူအရာလေးတွေအပြင် ပြည့်ပြည့်ဖောင်းဖောင်းလေးနဲ့ အသည်းယားလောက်အောင် ကိုက်ဆွဲချင်စရာ ပါးဖောင်းဖောင်းလေးတွေကိုလည်း ပိုင်ဆိုင်ထားသူလေးပါနော်..။
အေသင်ကတော့ ပရိသတ်တွေရဲ့အချစ်တော် အိုင်ဗီလေးရဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် အမြဲပြန်လည်မျှဝေပေးလေ့ရှိပြီး အခုတစ်ခါမှာလည်း တစ်အိမ်လုံးကို လှည့်ပတ်ကစားနေတဲ့ အိုင်ဗီလေးရဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပြန်ပါတယ်..။
တစ်အိမ်လုံးကို လှည့်ပတ်ဆော့နေပြီး မေမေပြန်လာတဲ့အချိန် ဖွားဖွားတိုင်တာ ခံလိုက်ရတဲ့ အိုင်ဗီလေးရဲ့ ချစ်စဖွယ် ဗီဒီယိုဖိုင်လေးကိုတော့ ပရိသတ်တွေကလည်း သဘောကျအချစ်ပိုနေကြမှာပါနော်..။
မေမေအေသင်က “မေမေ့ရဲ့ အမောပြေလေး
သူ့အဘွားကလဲ ရောက်တာနဲ့ တန်းစီတိုင်တော့တာပါပဲ..” ဆိုပြီး ချစ်သမီးလေး အိုင်ဗီရဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေထားတာပဲ ဖြစ်ပါတယ်..။
တစ်နေ့တစ်မျိုး အရိုးရအောင်ကို အသည်းယားချစ်ဖို့ကောင်းလွန်းနေတဲ့ အိုင်ဗီလေးကတော့ အခုတစ်ခါမှာလည်း တစ်ယောက်တည်း ကစားရင်းပျော်နေတဲ့ ချစ်စရာဗီဒီယိုဖိုင်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။Credit-aungparsay