Latest Posts

ျမန္မာမေလးတစ္ေယာက္လို က်က္သေရရွိစြာလွရက္လြန္းေနတဲ႔ ထိုင္းမင္းသမီးေလး Mai Davikah


ထိုင္းႏို္င္ငံရဲ႕ နာမည္ၾကီးထိပ္တန္းမင္းသမီးတစ္လက္ျဖစ္တဲ႔ Mai Davikah ကို ျမန္မာပရိသတ္ေတြ အေတာ္မ်ားမ်ားကေတာ႔ P’ Mak မင္းသမီးေလးလို႔ အသိမ်ားၾကပါတယ္။ ထိုင္းနို္င္ငံအတြင္းမွာသာမက အာရွႏိုင္ငံေတြအေတာ္မ်ားမ်ားမွာပါ လူၾကိဳက္မ်ားေအာင္ျမင္တဲ႔သူမဟာ ျမန္မာႏိုင္ငံကို မၾကာခဏဆိုသလိုလာေရာက္ဖူးျပီး လက္ရွိအခ်ိန္မွာလည္း ျမန္မာႏို္င္ငံ၊ ရန္ကုန္ျမိဳ႕ကို အလုပ္ကိစၥနဲ႔ပတ္သတ္ျပီး ေရာက္ရွိေနပါတယ္။


ဒီေန႔ၾသဂုတ္လ ၂၅ ရက္ေန႔မွာ က်င္းပျပဳလုပ္တဲ႔ Brand’s Myanmar ရဲ႕ ကုန္ပစၥည္းအသစ္မိတ္ဆက္ပြဲကို ျမန္မာ၀တ္စံုအနိီေရာင္ေလး၀တ္ဆင္ျပီး တက္ေရာက္လာတဲ႔ Mai ရဲ႕ ပံုရိပ္ေတြဟာ ပရိသတ္ေတြအၾကားမွာ ပ်႕ံႏွံ႔ျပီး လွရက္လြန္းေနတာမို႔လို႔ မုိမိုေလးရဲ႕ ပရိသတ္ေတြအတြက္ သူမရဲ႕ ပံုရိပ္အခ်ိဳ႕တို႔ကို မွ်ေ၀တင္ဆက္ေပးလိုက္ပါတယ္။


ပရိသတ္တို႔ရဲ႕ အခ်စ္ေတာ္ P’ Mak မင္းသမီးေလး Mai Davikah တစ္ေယာက္ ျမန္မာမေလးတစ္ေယာက္လိုမ်ိုး ဘယ္လိုေတြ လွရက္လြန္းေနတယ္ဆိုတာကို ဆက္လက္ရွဳစားၾကည္႔လိုက္ၾကပါဦး။
အေနာက္တိုင္းေသြးေရာထားတဲ႔သူတစ္ေယာက္ျဖစ္ေပမယ္႔လည္း က်က္သေရရွိတဲ႔ အလွပိုင္ရွင္တစ္ေယာက္ျဖစ္တာမို႔လို႔ ဒီလိုမ်ိုး၀တ္ဆင္လိုက္တဲ႔အခါ သူမနဲ႔ လိုက္ဖက္မွုရွိေနတာေတြ႕ရပါတယ္။ပန္းတစ္ပြင္႔တည္းပန္ဆင္ထားတာကလည္း သူမရဲ႕ ရွိရင္းစြဲအလွကို ပိုတိုးေစပါတယ္။ရိုးရွင္းတဲ႔ျပင္ဆင္မွုျဖစ္တယ္ဆိုေပမယ္႔လည္း မ်က္ေတာင္မခတ္တမ္းၾကည္႔ခ်င္စရာေကာင္းတဲ႔ အလွနဲ႔ သူမ…။ျမန္မာမေလးတစ္ေယာက္လိုမ်ိုး လွခ်င္တိုင္းလွရက္ေနတဲ႔ Mai ကုိ ခ်စ္တဲ႔ပရိသတ္ၾကီးေတြမ်ား ရွိၾကရဲ႕လားဗ်ိဳ႕။Credit-Momolay

UNICODE

မြန်မာမလေးတစ်ယောက်လို ကျက်သရေရှိစွာလှရက်လွန်းနေတဲ့ ထိုင်းမင်းသမီးလေး Mai Davikah
ထိုင်းနိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ Mai Davikah ကို မြန်မာပရိသတ်တွေ အတော်များများကတော့ P’ Mak မင်းသမီးလေးလို့ အသိများကြပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာသာမက အာရှနိုင်ငံတွေအတော်များများမှာပါ လူကြိုက်များအောင်မြင်တဲ့သူမဟာ မြန်မာနိုင်ငံကို မကြာခဏဆိုသလိုလာရောက်ဖူးပြီး လက်ရှိအချိန်မှာလည်း မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကို အလုပ်ကိစ္စနဲ့ပတ်သတ်ပြီး ရောက်ရှိနေပါတယ်။

ဒီနေ့သြဂုတ်လ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ Brand’s Myanmar ရဲ့ ကုန်ပစ္စည်းအသစ်မိတ်ဆက်ပွဲကို မြန်မာဝတ်စုံအနီရောင်လေးဝတ်ဆင်ပြီး တက်ရောက်လာတဲ့ Mai ရဲ့ ပုံရိပ်တွေဟာ ပရိသတ်တွေအကြားမှာ ပျံ့နှံ့ပြီး လှရက်လွန်းနေတာမို့လို့ မိုမိုလေးရဲ့ ပရိသတ်တွေအတွက် သူမရဲ့ ပုံရိပ်အချို့တို့ကို မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

ပရိသတ်တို့ရဲ့ အချစ်တော် P’ Mak မင်းသမီးလေး Mai Davikah တစ်ယောက် မြန်မာမလေးတစ်ယောက်လိုမျိုး ဘယ်လိုတွေ လှရက်လွန်းနေတယ်ဆိုတာကို ဆက်လက်ရှုစားကြည့်လိုက်ကြပါဦး။

အနောက်တိုင်းသွေးရောထားတဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း ကျက်သရေရှိတဲ့ အလှပိုင်ရှင်တစ်ယောက်ဖြစ်တာမို့လို့ ဒီလိုမျိုးဝတ်ဆင်လိုက်တဲ့အခါ သူမနဲ့ လိုက်ဖက်မှုရှိနေတာတွေ့ရပါတယ်။

ပန်းတစ်ပွင့်တည်းပန်ဆင်ထားတာကလည်း သူမရဲ့ ရှိရင်းစွဲအလှကို ပိုတိုးစေပါတယ်။
ရိုးရှင်းတဲ့ပြင်ဆင်မှုဖြစ်တယ်ဆိုပေမယ့်လည်း မျက်တောင်မခတ်တမ်းကြည့်ချင်စရာကောင်းတဲ့ အလှနဲ့ သူမ…။
မြန်မာမလေးတစ်ယောက်လိုမျိုး လှချင်တိုင်းလှရက်နေတဲ့ Mai ကို ချစ်တဲ့ပရိသတ်ကြီးတွေများ ရှိကြရဲ့လားဗျို့။Credit-Momolay