Latest Posts

“သားအဖသံုးေယာက္သီဆိုတဲ့ ပြဲေလးကို ျပန္ၾကည့္ရင္း မ်က္ရည္ေတာင္၀ဲမိတယ္ဆိုတဲ့ အိမ့္ခ်စ္”


အိမ့္ခ်စ္ကေတာ့ ပရိသတ္ေတြၾကားထဲမွာ ေရပန္းစားေနတဲ့ အဆိုေတာ္တစ္ေယာက္ပါ။ ေတးစီးရီးအယ္ဘမ္ ေျမာက္မ်ားစြာထြက္ရွိေအာင္ျမင္ထားသူတစ္ေယာက္ျဖစ္ျပီးေတာ့ ထြက္သမွ်သီခ်င္းတိုင္းကလည္း ပရိသတ္ရင္ကို ထိေရာက္ေစတာပဲျဖစ္ပါတယ္။ နိုင္ငံေက်ာ္အဆိုေတာ္ေတြထဲက တစ္ေယာက္ျဖစ္တဲ့ ဖခင္ျဖစ္သူဦးခ်စ္ေကာင္းရဲ႕ ေျခရာကို အျပည့္အ၀နင္းနိုင္တဲ့ အနုပညာရွင္တစ္ေယာက္လို႕လည္း ဆိုနိုင္ပါတယ္။
အိမ့္ခ်စ္ဟာဆိုရင္ ျပီးခဲ့တဲ့ ဗီယက္နမ္ႏိုင္ငံ Quang Ninh ျမိဳ့မွာ က်င္းပခဲ့တဲ့ ASEAN+3 SONG CONTEST 2019 အဆိုၿပိဳင္ပြဲမွာ Second Runner-Up ဆုကို ရရွိခဲ့တဲ့ အဆိုေတာ္ တစ္ေယာက္ပါ။ဒီပြဲေလးမွာေတာ့ အိမ့္ခ်စ္က ကိုယ္တုိင္ခံစားခ်က္နဲ႕ ေရးသားထားတဲ့ Stuck သီခ်င္းေလးနဲ႕ သီဆိုေဖ်ာ္ေျဖျပီးရရွိခဲ့တာလို႕လည္း သိရပါတယ္။ျပီခဲ့တဲ့ၾသဂုတ္လ (၂၄)ရက္ေန႕ကလည္း အိမ့္ခ်စ္က ဖခင္ျဖစ္သူ ခ်စ္ေကာင္း ၊ေမာင္ေလးျဖစ္သူ ဂ်ဴနီယာခ်စ္ေကာင္းတို႕နဲ႕အတူ FG live Loungeပြဲေလးကို က်င္းပသြားခဲ့တာပဲျဖစ္ပါတယ္။


ဒီပြဲေလးကိုေတာ့ “ခ်စ္ေကာင္း သီခ်င္း အိမ့္ခ်စ္ဆိုမယ္ အိမ့္ခ်စ္ သီခ်င္း ခ်စ္ေကာင္းဆိုမယ္ ခ်စ္ေကာင္း သီခ်င္း ဂ်ဴနီယာဆိုမယ္ အိမ့္ခ်စ္ သီခ်င္း ဂ်ဴနီယာဆိုမယ္ တစ္ေယာက္စီရဲ႕ေဖ်ာ္ေျဖမႈေတြပါမယ္။ႏွစ္ေယာက္တြဲေတြလဲဆိုၾကမယ္။သံုးေယာက္ေပါင္းၿပီးလဲျဗင္းမယ္။LUCKY HAND Band နဲ႔ Full Band, Unplugged ရသႏွစ္မ်ိဳးလံုးေပးမယ္။သားအဖသံုးေယာက္ရဲ႕သီခ်င္းေတြနဲ႔ လာတဲ့ပရိတ္သတ္ေတြကိုေပ်ာ္ေစရမယ္။သားအဖသံုးေယာက္ရဲ႕ ေမတၱာေတြနဲ႔လာတဲ့ပရိတ္သတ္ေတြကိုလႊမ္းျခံဳမယ္”ဆိုတဲ့ စိတ္နဲ႕ က်င္းပသြားခဲ့တာျဖစ္ျပီးေတာ့ ယခု ျပန္ၾကည့္မိေတာ့ ပရိသတ္ေတြအားေပးၾကမ္းတာေၾကာင့္ မ်က္ရည္၀ဲမိတယ္ဆိုတဲ့အေၾကာင္းကို “ျပန္ၾကည့္ၿပီးမ်က္ရည္ေတာင္ဝဲတယ္”လို႕ သူမရဲ႕ လူမႈကြန္ရက္ စာမ်က္နွာကေန သိခဲ့ရပါတယ္္။ပရိသတ္ႀကီးေရာ အိမ့္ခ်စ္တို႕သားအဖသံုးေယာက္ရဲ႕ ပြဲေလးကို သြားၾကည့္ျဖစ္ေသးလား…..။
Source:Eint Chit,Credit-Cele Gabar

UNICODE

“သားအဖသုံးယောက်သီဆိုတဲ့ ပွဲလေးကို ပြန်ကြည့်ရင်း မျက်ရည်တောင်ဝဲမိတယ်ဆိုတဲ့ အိမ့်ချစ်”
အိမ့်ချစ်ကတော့ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေတဲ့ အဆိုတော်တစ်ယောက်ပါ။ တေးစီးရီးအယ်ဘမ် မြောက်များစွာထွက်ရှိအောင်မြင်ထားသူတစ်ယောက်ဖြစ်ပြီးတော့ ထွက်သမျှသီချင်းတိုင်းကလည်း ပရိသတ်ရင်ကို ထိရောက်စေတာပဲဖြစ်ပါတယ်။ နိုင်ငံကျော်အဆိုတော်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဖခင်ဖြစ်သူဦးချစ်ကောင်းရဲ့ ခြေရာကို အပြည့်အဝနင်းနိုင်တဲ့ အနုပညာရှင်တစ်ယောက်လို့လည်း ဆိုနိုင်ပါတယ်။

အိမ့်ချစ်ဟာဆိုရင် ပြီးခဲ့တဲ့ ဗီယက်နမ်နိုင်ငံ Quang Ninh မြို့မှာ ကျင်းပခဲ့တဲ့ ASEAN+3 SONG CONTEST 2019 အဆိုပြိုင်ပွဲမှာ Second Runner-Up ဆုကို ရရှိခဲ့တဲ့ အဆိုတော် တစ်ယောက်ပါ။ဒီပွဲလေးမှာတော့ အိမ့်ချစ်က ကိုယ်တိုင်ခံစားချက်နဲ့ ရေးသားထားတဲ့ Stuck သီချင်းလေးနဲ့ သီဆိုဖျော်ဖြေပြီးရရှိခဲ့တာလို့လည်း သိရပါတယ်။ပြီခဲ့တဲ့သြဂုတ်လ (၂၄)ရက်နေ့ကလည်း အိမ့်ချစ်က ဖခင်ဖြစ်သူ ချစ်ကောင်း ၊မောင်လေးဖြစ်သူ ဂျူနီယာချစ်ကောင်းတို့နဲ့အတူ FG live Loungeပွဲလေးကို ကျင်းပသွားခဲ့တာပဲဖြစ်ပါတယ်။

ဒီပွဲလေးကိုတော့ “ချစ်ကောင်း သီချင်း အိမ့်ချစ်ဆိုမယ် အိမ့်ချစ် သီချင်း ချစ်ကောင်းဆိုမယ် ချစ်ကောင်း သီချင်း ဂျူနီယာဆိုမယ် အိမ့်ချစ် သီချင်း ဂျူနီယာဆိုမယ် တစ်ယောက်စီရဲ့ဖျော်ဖြေမှုတွေပါမယ်။နှစ်ယောက်တွဲတွေလဲဆိုကြမယ်။သုံးယောက်ပေါင်းပြီးလဲဗြင်းမယ်။LUCKY HAND Band နဲ့ Full Band, Unplugged ရသနှစ်မျိုးလုံးပေးမယ်။သားအဖသုံးယောက်ရဲ့သီချင်းတွေနဲ့ လာတဲ့ပရိတ်သတ်တွေကိုပျော်စေရမယ်။သားအဖသုံးယောက်ရဲ့ မေတ္တာတွေနဲ့လာတဲ့ပရိတ်သတ်တွေကိုလွှမ်းခြုံမယ်”ဆိုတဲ့ စိတ်နဲ့ ကျင်းပသွားခဲ့တာဖြစ်ပြီးတော့ ယခု ပြန်ကြည့်မိတော့ ပရိသတ်တွေအားပေးကြမ်းတာကြောင့် မျက်ရည်ဝဲမိတယ်ဆိုတဲ့အကြောင်းကို “ပြန်ကြည့်ပြီးမျက်ရည်တောင်ဝဲတယ်”လို့ သူမရဲ့ လူမှုကွန်ရက် စာမျက်နှာကနေ သိခဲ့ရပါတယ်။ပရိသတ်ကြီးရော အိမ့်ချစ်တို့သားအဖသုံးယောက်ရဲ့ ပွဲလေးကို သွားကြည့်ဖြစ်သေးလား…..။Source:Eint Chit,Credit-Cele Gabar