မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ေတာင္ႀကီးၿမိဳ႕ေပၚ ရပ္ကြက္အခ်ိဳ႕ရိွ ေနအိမ္နဲ႔လမ္းမေတြမွာ ေရနစ္ျမဳပ္
အဆိုပါမိုး႐ြာသြန္းမႈေၾကာင့္ ေတာင္ႀကီးၿမိဳ႕ေပၚရိွ ခ်မ္းျမသာစည္၊ စိန္ပန္း၊ ေရႊေတာင္၊ ေညာင္ျဖဴစခန္း၊ ဦးႀကီးခမ္းစတဲ့ ရပ္ကြက္ေတြမွာ ေရႀကီးေရလွ်ံမႈျဖစ္ပြားေနၿပီး ည၁၀နာရီအခ်ိန္ထိ မိုး႐ြာသြန္းေနဆဲျဖစ္တယ္လို႔ သိရပါတယ္။
“မိုးကေတာ့ ၇နာရီေလာက္ကတည္းက စ႐ြာေနတာ။ အခုထိ႐ြာေနတုန္းပဲ။ ကြၽန္ေတာ္တို႔အိမ္ေရွ႕က ေရေျမာင္းက က်ဥ္းေတာ့ စီးဆင္းလာတဲ့ေရကေျမာင္းနဲ႔မႏိုင္ဘဲ လမ္းေပၚလွ်ံတက္လာၿပီး ၿခံဝင္းေတြထဲ ေရာက္ကုန္တာ။ လမ္းေပၚကေရက ဒူးကိုေတာင္ေက်ာ္တယ္။ ခ်မ္းျမသာစည္ထဲက ေရေခ်ာက္ဆိုရင္လည္း ေတာ္ေတာ္ဆိုးတယ္။ သူက မိုး႐ြာတိုင္းျဖစ္ေနတာ။ ေျမၿပိဳက်မွာပါေၾကာက္ေနရတယ္” လို႔ ေတာင္ႀကီးၿမိဳ႕ေဒသခံ ကိုေအာင္ကိုကိုက ေရႊႀတိဂံသတင္းဌာနကို ေျပာပါတယ္။
ယင္းကဲ့သို႔ ေတာင္ႀကီးၿမိဳ႕မွာမိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရနစ္ျမဳပ္မႈေတြေၾကာင့္ လူေတြနဲ႔တိရစာၦန္ေတြ ထိခိုက္မႈမရိွေပမယ့္လည္း သြားလာေနထိုင္ရ ခက္ခဲမႈကိုေတာ့ ေဒသခံျပည္သူေတြ ခံစားေနရတယ္လို႔ သိရပါတယ္။Credit-original
Unicode
ရှမ်းပြည်နယ် မြို့တော် တောင်ကြီးမြို့ပေါ်ရှိ ရပ်ကွက်တွေမှာ ယနေ့ည သြဂုတ်လ၁၇ရက် ည၇နာရီအချိန်ခန့်မှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဆောင်အအုံတွေ၊ လူနေအိမ်တွေ၊ ရပ်ကွက်တွင်း လမ်းမတွေမှာ ရေနစ်မြုပ်မှု ဖြစ်ပွားလျက်ရှိတယ်လို့ သိရပါတယ်။
အဆိုပါမိုးရွာသွန်းမှုကြောင့် တောင်ကြီးမြို့ပေါ်ရှိ ချမ်းမြသာစည်၊ စိန်ပန်း၊ ရွှေတောင်၊ ညောင်ဖြူစခန်း၊ ဦးကြီးခမ်းစတဲ့ ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး ည၁၀နာရီအချိန်ထိ မိုးရွာသွန်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။
“မိုးကတော့ ၇နာရီလောက်ကတည်းက စရွာနေတာ။ အခုထိရွာနေတုန်းပဲ။ ကျွန်တော်တို့အိမ်ရှေ့က ရေမြောင်းက ကျဉ်းတော့ စီးဆင်းလာတဲ့ရေကမြောင်းနဲ့မနိုင်ဘဲ လမ်းပေါ်လျှံတက်လာပြီး ခြံဝင်းတွေထဲ ရောက်ကုန်တာ။ လမ်းပေါ်ကရေက ဒူးကိုတောင်ကျော်တယ်။ ချမ်းမြသာစည်ထဲက ရေချောက်ဆိုရင်လည်း တော်တော်ဆိုးတယ်။ သူက မိုးရွာတိုင်းဖြစ်နေတာ။ မြေပြိုကျမှာပါကြောက်နေရတယ်” လို့ တောင်ကြီးမြို့ဒေသခံ ကိုအောင်ကိုကိုက ရွှေတြိဂံသတင်းဌာနကို ပြောပါတယ်။
ယင်းကဲ့သို့ တောင်ကြီးမြို့မှာမိုးသည်းထန်စွာရွာသွန်းပြီး ရေနစ်မြုပ်မှုတွေကြောင့် လူတွေနဲ့တိရစ္ဆာန်တွေ ထိခိုက်မှုမရှိပေမယ့်လည်း သွားလာနေထိုင်ရ ခက်ခဲမှုကိုတော့ ဒေသခံပြည်သူတွေ ခံစားနေရတယ်လို့ သိရပါတယ်။Credit-original