လူနာတင္ယာဥ္တစ္စီးကို ဆုိင္ကယ္စီးလူတစ္စုမွ ေရွ႕တည့္တည့္ကေနတားၿပီး ကားမွန္ရိုက္ခဲြ
လူနာတင္ယာဥ္တစ္စီးကို ဆုိင္ကယ္စီးလူတစ္စုမွ ေရွ႕တည့္တည့္ကေနတားၿပီး ကားမွန္ရိုက္ခဲြ
ပုသိမ္ – ငပုေတာ ကားလမ္းေပၚတြင္ ေမာင္းႏွင္ေနသည့္ လူနာတင္ယာဥ္တစ္စီး ကားမွန္ရိုက္ခဲြခံရ။ ။ ဧရာဝတီတိုင္းေဒသႀကီး၊ ကန္ႀကီးေထာင့္ျမဳိ႕နယ္၊ပုသိမ္ – ငပုေတာကားလမ္းေပၚတြင္ ဩဂုတ္လ ၁၇ ရက္ေန႔ ညပိုင္းက လူနာပုိ႔ေဆာင္သည့္ မေနာျဖဴ ပရဟတိတအသင္းမွ လူနာတင္ယာဥ္ကိုဆုိင္ကယ္စီးလူတစ္စုမွ ကားမွန္ရိုက္ခဲြသည့္အတြက္ လူနာတင္ယာဥ္ေမာင္းသူတြင္ မွန္ကဲြစထိမွန္ဒဏ္ရာမ်ား ရရွိခဲ့ေၾကာင္း သတင္းရရွိသည္။
ပုသိမ္ – ငပုေတာကားလမ္းေပၚရွိ ကန္ႀကီးေထာင့္ၿမိဳ႕နယ္၊ ဝဲျကီးေက်းရြာႏွင့္ ေပပင္ေလးေက်းရြာအၾကား ကားလမ္းေပၚတြင္ “မေနာျဖဴ”လူမႈကူညီေရးအဖြဲ႕(ပုသိမ္)မွ လူနာတင္ယာဥ္ျဖင့္ ဖ်ံေရေက်ာ္ရြာသို႔ လူနာပုိ႔ေပးစဥ္ လူတစ္စုမွ မ်က္ႏွာခ်င္းဆိုင္မွ ဆိုင္ကယ္(၃)စီးျဖင့္ အရွိန္ျမင့္ေမာင္းႏွင္လ်က္ တုတ္ျဖင့္ ကား၏မွန္ကို႐ိုက္ခြဲခဲ့ျခင္းျဖစ္ေၾကာင္း “မေနာျဖဴ”လူမႈကူညီေရးအဖြဲ႕(ပုသိမ္)ထံမွ သိရသည္။“ေ႐ွ႕တည့္တည့္ကေနေမာင္းလာၿပီးေတာ့ ကားမွန္ကို႐ိုက္တာ၊ ကားေမာင္းတဲ့သူက လမ္းေဘးခ်လိုက္ေတာ့ ဘက္မွန္ကို႐ိုက္မိသြား တယ္၊ ၿပီးေတာ့ သူတုိ႔ကအ႐ွိန္နဲ႔ဆက္ ေမာင္းသြားတယ္”ဟု မေနာျဖဴ(ဘက္စုံ) ပရဟိတ ဆရာေတာ္ ဘဒၵႏၲစႏၵာသိရီမွ ဧရာဝတီတိုင္းမ္ သုိ႔မိန္႔ၾကားသည္။
ကားဘက္မွန္ကြဲ၍ ကားေမာင္သူမွာ မွန္ကြဲစ ႐ွသည့္ဒဏ္ရာမ်ားရ႐ွိခဲ့သည့္အတြက္ အမႈဖြင့္ထားျခင္းမ႐ွိေသာ္လည္း ၿမိဳ႕နယ္တာဝန္႐ွိသူမ်ားႏွင့္ တုိင္းရဲတပ္ဖြဲ႔ကတာဝန္႐ွိသူမ်ားကို
အေၾကာင္းၾကားထားေၾကာင္း မေနာျဖဴအဖဲြ႔ထံမွ သိရသည္။ မေနာျဖဴ လူနာတင္ယာဥ္ ကားမွန္႐ိုက္ခြဲခံရသည့္ ေနရာမွာ မၾကာခဏလုယက္မႈမ်ားျဖစ္ပြား လ်က္႐ွိသည့္အတြက္
အဆိုပါေနရာအနီးတြင္ ရဲကင္းတစ္ခုထားေပးႏိုင္ရန္ တိုင္းရဲ တပ္ဖြဲ႔အႀကီးအကဲမ်ားထံ အႀကံေပးတင္ျပ သြားမည္ ျဖစ္ေၾကာင္း မေနာျဖဴ(ဘက္စုံ) ပရဟိတဆရာေတာ္ ဘဒၵႏၲစႏၵာသိရီမွ မိန္႔ၾကားသည္။သတင္း – မင္းျမတ္ေမာင္/ဧရာဝတီတိုင္းမ္၊ ဓာတ္ပံု – ေအာင္ထက္ပိုင္ (မေနာျဖဴ) #Ayeyarwaddy_TimesCredit –original
Unicode
လူနာတင်ယာဉ်တစ်စီးကို ဆိုင်ကယ်စီးလူတစ်စုမှ ရှေ့တည့်တည့်ကနေတားပြီး ကားမှန်ရိုက်ခွဲ
ပုသိမ် – ငပုတော ကားလမ်းပေါ်တွင် မောင်းနှင်နေသည့် လူနာတင်ယာဉ်တစ်စီး ကားမှန်ရိုက်ခွဲခံရ။ ။ ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊
ပုသိမ် – ငပုတောကားလမ်းပေါ်တွင် ဩဂုတ်လ ၁၇ ရက်နေ့ ညပိုင်းက လူနာပို့ဆောင်သည့် မနောဖြူ ပရဟတိတအသင်းမှ လူနာတင်ယာဉ်ကို
ဆိုင်ကယ်စီးလူတစ်စုမှ ကားမှန်ရိုက်ခွဲသည့်အတွက် လူနာတင်ယာဉ်မောင်းသူတွင် မှန်ကွဲစထိမှန်ဒဏ်ရာများ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
ပုသိမ် – ငပုတောကားလမ်းပေါ်ရှိ ကန်ကြီးထောင့်မြို့နယ်၊ ဝဲကြီးကျေးရွာနှင့် ပေပင်လေးကျေးရွာအကြား ကားလမ်းပေါ်တွင် “မနောဖြူ”လူမှုကူညီရေးအဖွဲ့
(ပုသိမ်)မှ လူနာတင်ယာဉ်ဖြင့် ဖျံရေကျော်ရွာသို့ လူနာပို့ပေးစဉ် လူတစ်စုမှ မျက်နှာချင်းဆိုင်မှ ဆိုင်ကယ်(၃)စီးဖြင့် အရှိန်မြင့်မောင်းနှင်လျက် တုတ်ဖြင့် ကား၏
မှန်ကိုရိုက်ခွဲခဲ့ခြင်းဖြစ်ကြောင်း “မနောဖြူ”လူမှုကူညီရေးအဖွဲ့(ပုသိမ်)ထံမှ သိရသည်။
“ရှေ့တည့်တည့်ကနေမောင်းလာပြီးတော့ ကားမှန်ကိုရိုက်တာ၊ ကားမောင်းတဲ့သူက လမ်းဘေးချလိုက်တော့ ဘက်မှန်ကိုရိုက်မိသွား တယ်၊ ပြီးတော့ သူတို့က
အရှိန်နဲ့ဆက် မောင်းသွားတယ်”ဟု မနောဖြူ(ဘက်စုံ) ပရဟိတ ဆရာတော် ဘဒ္ဒန္တစန္ဒာသိရီမှ ဧရာဝတီတိုင်းမ် သို့မိန့်ကြားသည်။
ကားဘက်မှန်ကွဲ၍ ကားမောင်သူမှာ မှန်ကွဲစ ရှသည့်ဒဏ်ရာများရရှိခဲ့သည့်အတွက် အမှုဖွင့်ထားခြင်းမရှိသော်လည်း မြို့နယ်တာဝန်ရှိသူများနှင့် တိုင်းရဲတပ်ဖွဲ့ကတာဝန်ရှိသူများကို
အကြောင်းကြားထားကြောင်း မနောဖြူအဖွဲ့ထံမှ သိရသည်။ မနောဖြူ လူနာတင်ယာဉ် ကားမှန်ရိုက်ခွဲခံရသည့် နေရာမှာ မကြာခဏလုယက်မှုများဖြစ်ပွား လျက်ရှိသည့်အတွက်
အဆိုပါနေရာအနီးတွင် ရဲကင်းတစ်ခုထားပေးနိုင်ရန် တိုင်းရဲ တပ်ဖွဲ့အကြီးအကဲများထံ အကြံပေးတင်ပြ သွားမည် ဖြစ်ကြောင်း မနောဖြူ(ဘက်စုံ) ပရဟိတဆရာတော် ဘဒ္ဒန္တစန္ဒာသိရီမှ မိန့်ကြားသည်။သတင်း – မင်းမြတ်မောင်/ဧရာဝတီတိုင်းမ်၊ ဓာတ်ပုံ – အောင်ထက်ပိုင် (မနောဖြူ) #Ayeyarwaddy_TimesCredit – original