လူတွေ အမှတ်တမဲ့ ဖြစ်နေတဲ့ အန္တရာယ် (အလုံပိတ်ကားထဲမှာ ဒီလိုပစ္စည်းတွေ မထားပါနဲ့)
လူတွေ အမှတ်တမဲ့ ဖြစ်နေတဲ့ အန္တရာယ် (အလုံပိတ်ကားထဲမှာ ဒီလိုပစ္စည်းတွေ မထားပါနဲ့)
လူတွေ သတိမထားမိတဲ့ အန္တရယ် .. ကိုယ်တွေ့ဖြစ်ရပ်ပါ .. နောက်လူတွေ ကိုယ့်လိုမဖြစ်ရအောင် အတွေ့အကြုံကို မျှဝေပါတယ် ကိုယ်တော့ အက်စီးဒင့် နဲ့ပတ်သက်ရင် ဦးဆုံးဖြစ်ဖူးတာမို့လို့ တော်တော်ရှော့ ဖြစ်သွားတယ် အမြဲတမ်း ကားကို နေပူထဲမှာရပ်ရင် မှန်နည်းနည်းလေးချပီးမှရပ်ပါတယ် .. အပူကြောင့် ဖိအား များရင် ကားမှန်အက်တတ်လို့ ပါ .. ရုံးမှာရပ်ရင် အရိပ်ကောင်းမယ့်နေရာမှာအမြဲ ရပ်ပါတယ် .. ကား အရောင် မကျအောင်ကော တခြားရန်သူမျိုးငါးပါးနဲ့ မတွေ့အောင်ကော အိမ်မှာထားလဲ ဂိုထောင်လုပ်ထားပီးအမြဲ အေးအောင် ထားပါတယ်။
ဒီနေ့တော့ နေ့ချင်းပြန် ခရီးတစ်ခု သွားစရာရှိတာကြောင့် ကားကို ရုံးမှာရပ်ခဲ့ပီး တခြားကားနဲ့သွားခဲ့ပါတယ် .. အမြဲ ရပ်နေ ကျ အရိပ်ရတဲ့သစ်ပင်ကြီးက လောလောဆယ် မီးကြိုးနဲ့မလွတ်လို့ ခုတ်နေတာမို့ အပင်ပေါ်က သစ်ကိုင်းကျိုးကျမှာစိုးလို့ လွတ်မယ့်နေရာ ရပ်ခဲ့ပါတယ် ရပ်တဲ့နေရာက အရိပ်လုံးဝမရှိ နေပူပါတယ်..
အခုက မိုးရာသီမို့ မိုးပက်လို့ ကားမှန်ကို အပြည့်ပိတ်ထားတာကို ချခဲ့ဖို့မေ့သွားခဲ့ပါတယ် .. တစ်နေကုန် ကားကို ဒီတိုင်း ရပ်ထားမိခဲ့ပါတယ် .. ကားကို နေပူထဲတစ်နေကုန် ရပ်ထားခဲ့မိတာအပြင် မှန်ချဖို့မေ့ခဲ့တော့ အပြင်အပူရှိန်တွေကြောင့် pressure ဝင်ပီး ကားနောက်မှန်မှာရှိတဲ့ air fresher ထဲက gas ထပေါက်ရာကနေ ကားရဲ့နောက်မှန်တစ်ခုလုံး အစိတ်စိတ်မွှာမွှာ ကွဲသွားပါတယ် .. နောက်ခန်းရဲ့ မှန်နားမှာရှိတဲ့ air fresher ဗူးရဲ့ဖင်က ကားအရှေ့ခန်း lover seat ထိ ကန်ထွက်လာပါတယ် .. မှန်ကွဲတွေ ကားနောက်ဖက် တစ်လံလောက်အကွာအထိ အပြင်ကိုကန်ထွကိပါတယ် ..
ပေါက်ကွဲသံတော်တော်ကျယ်ပါတယ်.. ရုံးဝင်းတစ်ခုလုံးကြားရတယ်လို့ ရုံးဝင်းထဲနေကြတဲ့သူတွေက ပြောပြပါတယ် .. ကံသီပေလို့သာ အနီးအနားမှာကော ကားပေါ်မှာကော လူမရှိတဲ့အချိန်ဖြစ်သွားပါတယ် .. ရုံးပိတ်ရက်မို့လဲ တော်ပါသေး တယ် .. မိန်းကလေးမောင်းတဲ့ ကားမို့ ပေါက်ကွဲစေတတ်တဲ့ပစ္စည်း ( မီးခြစ် ဖုန်း ဓါတ်ဆီ အင်ဂျင်ဝိုင် အရက်ပုလင်း) ဘာဆိုဘာမှကားပေါ်မရှိတာ အရမ်းကို ကံကောင်းတာပါ .. မဟုတ်ရင် မတွေးရဲစရာ ..
ကိုယ်တိုင်က တစ်နေကုန် လမ်းပေါ်ရောက်နေလို့ အခုညနေ အိမ်ပြန်လာမှသိရပါတယ် .. နောက်လူတွေလဲ ဆင်ခြင်နိုင် အောင် share လုပ်ပါတယ်ရှင့် – Gas ပါတဲ့ပစ္စည်းဆို ဘာဆိုဘာမှ ကားထဲမထားတာ အကောင်းဆုံးပါ .. – မီးခြစ် ဖုန်း ဖြစ်နိုင်ရင် ကားထဲမထားပါနဲ့ – ရေမွှေးပုလင်းတောင်မထားပါနဲ့ မွှေးချင်ရင် အမွှေးတုံးလေးပဲ ထည့်ထားကြပါ -တတ်နိုင်သမျှ အရိပ်ရတဲ့နေရာရပ်ပါ -မတတ်သာလို့ ကားကိုနေပူထဲရပ်မယ်ဆိုလဲ မှန် လေးဖက်လုံး ၂ လက်မခန့် ချထားပါ
ကံထူးတဲ့ငါလေး သစ်ကိုင်းကျိုးကျမှာစိုးလို့ လွတ်တဲ့နေရာရပ်ကာမှ သစ်ကိုင်းမကျိုးပဲ ကံစမ်းမဲပေါက်တယ် ကံကောင်း ပေလို့ နောက်မှန်လောက်နဲ့ပီးတာ .. နောက်ဆို gas ပါတာဆို အအေးပုလင်းတောင် ကားပေါ်မတင်ရဲတော့ဘူး ..Ma Hla Hmue Khin Khin (လေးစားမှုဖြင့် ခရက်ဒစ်)Credit-original