Latest Posts

ထိုင်းသို့သွားမည့်​အလုပ်​သမား ၄၀၀ ​ကျော်​ထံမှ ​ ငွေကျပ်​သိန်း(၂)​ထောင်​​ကျော်​ လိမ်​လည်​သည့်​ အဓိကတရားခံ လွတ်​​မြောက်​​နေဆဲ


2.Aug.2019

ထိုင်းနိုင်​ငံတွင်​ အလုပ်​အကိုင်​ရရှိမည်​ဟုဆိုကာ တရားဝင်​​အေဂျင်​စီအ​ယောင်​​ဆောင်​၍ mouစနစ်
ဖြင့်​ပို့​ဆောင်​​ပေးမည်​ဟုလိမ်​လည်​ကာ ထိုင်း သို့သွားမည့်​ အလုပ်​သမား ၄၀၀ ​ကျော်​ထံမှ ​ငွေကျပ်​သိန်း​ပေါင်း(၂၀၀၀)​ကျော်​လိမ်​လည်​ရာတွင်​ ပူး​ပေါင်း ပါဝင်​သူ (၄)ဦးကို မြဝတီမြို့မရဲစခန်းတွင်​ ဇူလိုင်​ ၃၁ရက်​ ညပိုင်းက အမှုဖွင့်​ဖမ်းဆီးရမိထား​သော်​လည်း  အဓိက တရားခံတစ်​ဦးဖြစ်​​သော  ကိုစိုး(ခ)​အောင်​နိုင်​စိုး (၃၁)နှစ်​မှာ လွတ်​​မြောက်​​နေဆဲဖြစ်​​ကြောင်း သိရသည်​။

"ကိုစိုးနှင့်​အ​ပေါင်းပါ​တွေက mouစနစ်​ဖြင့်
ထိုင်းနိုင်​ငံသို့ ပို့​ဆောင်​​ပေးမယ်​ဆိုပြီး ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊ ရခိုင်​ပြည်​နယ်​ အစရှိသည့်​နယ်​ပယ်​အသီးအသီး လူ​ပေါင်း (၄၀၀)​ကျော်​ကို ရန်​ကုန်​မြို့
ပင်​လုံခန်းမတွင်​ တရားဝင်​ကုမ္မဏီဖြင့်​ စာချုပ်​ချုပ်​ဆိုခြင်းမဟုတ်​ပဲ ၎င်း​နေထိုင်​ရာ သစ္စာ(၂)လမ်း ကျွန်း​တောရပ်​ အမှတ်​(၃)ရပ်​ကွက်​ မြဝတီမြို့ရှိ K.S ပတ်​စပို့စာအုပ်​နှင့်​အ​ထွေ​ထွေဝန်​​ဆောင်​မှုရုံးခန်းတွင်​ အရပ်​စာချုပ်​ဖြင့်​ချုပ်​ဆိုကာ လူတစ်​ဦးလျှင်​ ကျပ်​​ငွေ ၅ သိန်း မှ ၉ သိန်း ကြား ​ကောက်​ခံ၍ ​ငွေ​ကြေးလိမ်​လည်​မှု ပြုလုပ်​ခဲ့​ကြောင်း" အမှုတွင်​ နစ်​နာသူများဘက်​မှ လိုက်​ပါကူညီ​ဆောင်​ရွက်​​ပေး​သော ​ရွှေ့​ပြောင်းအလုပ်​သမား​စောင့်​ကြည့်​​ရေးအဖွဲ့ (MMG)ဥက္ကဌဦး​အောင်​မြတ်၏ ​ပြောကြားမှုအရ  သိရပါတယ်​။

မြဝတီမြို့နယ်​အလုပ်​သမား​ညွှန်​ကြား​ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနိုင်​ဝင်းထွန်းက
"ဇူလိုင်​ ၂၄ ရက်​​နေ့ ည​နေပိုင်းက ကိုစိုး၏ ရုံးခန်းတွင်​ တရားမဝင်​ အရပ်​ဘက်​စာချုပ်​ဖြင့်​ ချုပ်​ထားတဲ့ ထိုင်း
 သို့သွားမည့်​ အလုပ်​သမား(၄)ဦးမှာ မြဝတီမြို့ အမှတ်​(၄)ရပ်​ကွက်​ ​ကျောက်​လုံးကြီး အလုပ်​သမား​စေလွှတ်​​ရေးရုံးသို့ ​ရောက်​ရှိတိုင်​ကြားလာပါတယ်​။ ၎င်းတို့၏ မှုအရ ကိုစိုးနှင့်​အ​ပေါင်းအပါတစ်​စုဟာ  တရားမဝင်​လူသူစု​ဆောင်းပြီး ထိုင်းနိုင်​သို့တရားမဝင်​လမ်း​ကြောင်း မှ ပို့​ဆောင်​မည်​ဟု ယူဆရပါတယ်​။ လာ​ရောက်​တိုင်​ကြားတဲ့ အလုပ်​သမားများထံမှတဆင့်​ ​မေးမြန်းမှုအရ ​အောင်​ကိုမင်း ဆိုသူကိုသိရှိရပြီး.....

၎င်းအား​မေးမြန်းရာ... ​အောင်​ကိုမင်း ဆိုသူက ၎င်းနှင့်​ပတ်​သက်​၍ ထိုင်းသို့သွားမည့်​သူများအတွက်​ ကိုစိုးအား ​ငွေ​ကြေး​ပေးထား​ကြောင်း​ပြောကြားသဖြင့်​  ကိုစိုးနှင့်​ပတ်​သက်​၍ အချက်​အလက်​များကို​တောင်းရာ ကိုစိုး၏ ဓာတ်​ပုံသာရရှိခဲ့ပါတယ်​။

၎င်းအလုပ်​သမားတို့အား  မြဝတီမြို့မရဲစခန်းသို့ ​ခေါ်​ဆောင်​သွားပြီး ကိုစိုး ဆိုသူအား အမှုဖွင့်​လှစ်​ရာတွင်​ ဓာတ်​ပုံနှင့်​အမည်​သာပါရှိပြီး အချက်​အလက်​မပြည့်စုံ​သော​ကြောင့်​ဟုဆိုကာ ရဲစခန်း က အမှုဖွင့်​​ပေးခြင်း မရှိတဲ့အတွက်​ ဇူလိုင်​ ၂၄ ည ၁၀ နာရီ​လောက်​မှာ ပြန်​လာခဲ့ရ​ကြောင်း" ​ပြောကြားသည်​။

အဆိုပါဖြစ်​စဉ်​နှင့်​ပတ်​သက်​၍ ယ​နေ့ သြဂုတ်​လ ၁ ရက်​ ၀၀း၄၅ အချိန်​ခန့်​တွင်​ ပြည်​ပအလုပ်​အကိုင်​ရှာ​ဖွေ​ရေး တရားဝင်​ ​အေဂျင်​စီ မရှိပဲ အဆိုပါ ​ငွေ​ကြေးလိမ်​လည်​မှုတွင်​ အဓိက ပါဝင်​သူ ကိုစိုး(ခ)​အောင်​နိုင်စိုး (၃၁.နှစ်) သစ္စာ(၂)လမ်း ကျွန်း​တောရပ်​ အမှတ်​(၃) ရပ်​ကွက်​ မြဝတီမြို့​နေသူနှင့်​အတူ ပူး​ပေါင်းပါဝင်​သူများဖြစ်​​သော ​​အောင်​ကိုမင်း(၃၉.နှစ်​) ​အေးသာယာ(၂)လမ်း အမှတ်​(၄)ရပ်​ကွက်​ မြဝတီမြို့၊ မဝင်းသီတာ(၃၇.နှစ်​) (လိပ်​စာတူ)။ကိုမင်းမင်း (၄၃)နှစ်​၊ သနပ်​ကွင်း​ကျေးရွာ ဒိုက်​ဦးမြို့နယ်​​နေသူနှင့်​ ကို​ဇော်​​ဇော်​(၂၈.နှစ်​) လှည်းတန်းစင်​တာ၊ ကမာရွတ်​မြို့နယ်​၊ ရန်​ကုန်​တိုင်း​ဒေသကြီး ​နေသူတို့အား မြဝတီမြို့မရဲစခန်းတွင်​ ပြည်​ပအလုပ်​အကိုင်​ဆိုင်​ရာ ဥပ​ဒေပုဒ်​မ.၂၆ဖြင့်​ အမှုဖွင့်​ထားရာ....

ဖြစ်​စဉ်​တွင်​ တစ်​စိတ်​တစ်​​ဒေသ ပူး​ပေါင်းပါဝင်​သူ (၄)ဦးကို ဖမ်းဆီး နိုင်​​သော်​လည်း အဓိက တရားခံဖြစ်​သည့်​ ကိုစိုး(ခ)​အောင်​နိုင်​စိုး (၃၁.နှစ်​)သစ္စာ(၂)လမ်း၊ကျွန်း​တောရပ်​၊အမှတ်​(၃)ရပ်​ကွက်​၊မြဝတီမြို့​နေသူအား အမှုဖွင့်​ထား​သော်​လည်း ဖမ်းဆီးရမိခြင်း မရှိ​သေး​ကြောင်း" သိရသည်​။

နေ​နော်​(မြဝတီ)
Chat Conversation End
Type a message...
Credit  \\  original