၀တ္မွံဳေရႊရည္နဲ႔အတူ ရိုက္ကူးေရးျပဳလုပ္မယ္႔ နာမည္ၾကီးတရုတ္မင္းသား Timmy Xu
အသက္ ၂၅ ႏွစ္အရြယ္ရွိျပီျဖစ္တဲ႔ မင္းသား Timmy Xu ဟာဆုိရင္ ၂၀၁၅ ခုႏွစ္ကေနစတင္ျပီး အႏုပညာေလာကထဲကို ၀င္ေရာက္လာခဲ႔သူျဖစ္ကာ ၂၀၁၆ ခုႏွစ္မွာေတာ႔ ” Addicted ” ဇာတ္လမ္းတြဲနဲ႔ ႏိုင္ငံတကာမွာ လူၾကိဳက္မ်ားေအာင္ျမင္တဲ႔မင္းသားတစ္လက္အျဖစ္ကုိ ေရာက္ရွိခဲ႔ျပီး အဆိုေတာ္၊ ေတးေရးတစ္ေယာက္အေနနဲ႔လည္း လွဳပ္ရွားလွ်က္ရွိသူ ျဖစ္ပါတယ္။
အႏုပညာပို္င္းမွာသာမက ဖက္ရွင္နဲဲ႔ပတ္သတ္လာရင္လည္း လူသိမ်ားေအာင္ျမင္တဲ႔သူျဖစ္တဲ႔ Timmy Xu ဟာ လတ္တေလာမွ တရုတ္ႏိုင္ငံ၊ ရွန္ဟိုင္းျမို႕မွာ က်င္းပျပီးစီးသြားခဲ႔တဲ႔ Autum/ Winter 2019 ရႈိးပြဲမွာ ပါဝင္ေလွ်ာက္လွမ္းခဲ့ၿပီး Men’s Milan Fashion Week မွာတုန္းကလည္း Fendi ရဲ႕ S/S 2020 မွာ New Spokeperson အေနနဲ႔ တက္ေရာက္ခြင့္ရခဲ့သူျဖစ္ပါတယ္။ ဒါ႔အျပင္ Paris Fashion Week မွာ Balmain ရဲ႕ Spring/ Summer 2019 ပြဲကိုတက္ေရာက္ဖို႔အတြက္လည္း ဖိတ္ၾကားခံခဲ႔ရေသးတယ္လို႔ သိရပါတယ္။
ႏိုင္ငံတကာက နာမည္ႀကီး အမွတ္တံဆိပ္ေတြရဲ႕ Campaigns ေတြမွာ အၿမဲတမ္း ေတြ႕ရသူျဖစ္ၿပီး ၂၀၁၈ ခုႏွစ္မွာ COACH China ရဲ႕ ပထမဦးဆုံး COACH MEN အျဖစ္ သတ္မွတ္ခံရသလို Tiffany & Co, Superdry, Belle International, H&M စတဲ့ အမွတ္တံဆိပ္ေတြအျပင္ ကိုးရီးယား အလွကုန္ အမွတ္တံဆိပ္ Laneige Cosmetic, တရုတ္ႏိုင္ငံထုတ္ အလွကုန္ အမွတ္တံဆိပ္ YUXI MAKEUP တို႔ရဲ႕ Brand Ambassador အျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံရဲ႕ ထိပ္တန္းမင္းသမီးတစ္လက္ျဖစ္တဲ႔ ၀တ္မွံဳေရႊရည္ဟာဆိုရင္လည္း ျမန္မာျပည္တြင္းမွာသာမက ႏုိင္ငံရပ္ျခားေတြမွာ အႏုပညာလွဳပ္ရွားမွုေတြကို လုပ္ကိုင္ေနသူျဖစ္ကာ ဖက္ရွင္နဲ႔ပတ္သတ္တဲ႔ေနရာမွာလည္း နာမည္ၾကီးသူတစ္ေယာက္ျဖစ္တာေၾကာင္႔ သူတို႔ ၂ ဦးရဲ႕ တြဲဖက္ရိုက္ကူးမွဳေတြက ဘယ္လိုပံုစံမ်ိုးေတြနဲ႔ ထြက္ရွိလာမလဲဆိုတာက တကယ္ကို စိတ္၀င္တစားနဲ႔ ေစာင္႔ေမွ်ာ္ၾကည္႔ရွဳခ်င္စရာပါပဲေနာ္။
သူတုိ႔ ၂ ဦးရဲ႕ ပါ၀င္ရိုက္ကူးၾကမယ္႔ အဆိုပါမဂၢဇင္းကေတာ႔ ဒီဇင္ဘာလ ေနာက္ဆံုးအပတ္မွာ ထြက္ရွိလာမွာျဖစ္တယ္လို႔ POSH Magazine – Myanmar ရဲ႕ Facebook Page ကေန ထုတ္ျပန္ေၾကညာထားတာကုိ ေတြ႕ရပါတယ္။Credit-burmese.asia
Unicode
နာမည်ကျော် ” Addicted ” ဇာတ်လမ်းတွဲနဲ့ နိုင်ငံတကာမှာ လူကြိုက်များအောင်မြင်ခဲ့သူ တရုတ်မင်းသား Timmy Xu ဟာဆိုရင် မကြာခင်ရက်ပိုင်းအတွင်းမှာ မြန်မာနိုင်ငံ၊ မန္တလေးမြို့ကိုလာရောက်ပြီး မြန်မာပြည်ရဲ့ ထိပ်တန်းမင်းသမီးချောတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်နဲ့အတူ POSH Magazine – Myanmar ရဲ့ LIFESTYLE & TRAVEL Issue Cover ကို ရိုက်ကူးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မင်းသား Timmy Xu ဟာဆိုရင် ၂၀၁၅ ခုနှစ်ကနေစတင်ပြီး အနုပညာလောကထဲကို ဝင်ရောက်လာခဲ့သူဖြစ်ကာ ၂၀၁၆ ခုနှစ်မှာတော့ ” Addicted ” ဇာတ်လမ်းတွဲနဲ့ နိုင်ငံတကာမှာ လူကြိုက်များအောင်မြင်တဲ့မင်းသားတစ်လက်အဖြစ်ကို ရောက်ရှိခဲ့ပြီး အဆိုတော်၊ တေးရေးတစ်ယောက်အနေနဲ့လည်း လှုပ်ရှားလျှက်ရှိသူ ဖြစ်ပါတယ်။
အနုပညာပိုင်းမှာသာမက ဖက်ရှင်နဲ့ပတ်သတ်လာရင်လည်း လူသိများအောင်မြင်တဲ့သူဖြစ်တဲ့ Timmy Xu ဟာ လတ်တလောမှ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကျင်းပပြီးစီးသွားခဲ့တဲ့ Autum/ Winter 2019 ရှိုးပွဲမှာ ပါဝင်လျှောက်လှမ်းခဲ့ပြီး Men’s Milan Fashion Week မှာတုန်းကလည်း Fendi ရဲ့ S/S 2020 မှာ New Spokeperson အနေနဲ့ တက်ရောက်ခွင့်ရခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် Paris Fashion Week မှာ Balmain ရဲ့ Spring/ Summer 2019 ပွဲကိုတက်ရောက်ဖို့အတွက်လည်း ဖိတ်ကြားခံခဲ့ရသေးတယ်လို့ သိရပါတယ်။
နိုင်ငံတကာက နာမည်ကြီး အမှတ်တံဆိပ်တွေရဲ့ Campaigns တွေမှာ အမြဲတမ်း တွေ့ရသူဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ COACH China ရဲ့ ပထမဦးဆုံး COACH MEN အဖြစ် သတ်မှတ်ခံရသလို Tiffany & Co, Superdry, Belle International, H&M စတဲ့ အမှတ်တံဆိပ်တွေအပြင် ကိုးရီးယား အလှကုန် အမှတ်တံဆိပ် Laneige Cosmetic, တရုတ်နိုင်ငံထုတ် အလှကုန် အမှတ်တံဆိပ် YUXI MAKEUP တို့ရဲ့ Brand Ambassador အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်ဟာဆိုရင်လည်း မြန်မာပြည်တွင်းမှာသာမက နိုင်ငံရပ်ခြားတွေမှာ အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေသူဖြစ်ကာ ဖက်ရှင်နဲ့ပတ်သတ်တဲ့နေရာမှာလည်း နာမည်ကြီးသူတစ်ယောက်ဖြစ်တာကြောင့် သူတို့ ၂ ဦးရဲ့ တွဲဖက်ရိုက်ကူးမှုတွေက ဘယ်လိုပုံစံမျိုးတွေနဲ့ ထွက်ရှိလာမလဲဆိုတာက တကယ်ကို စိတ်ဝင်တစားနဲ့ စောင့်မျှော်ကြည့်ရှုချင်စရာပါပဲနော်။
သူတို့ ၂ ဦးရဲ့ ပါဝင်ရိုက်ကူးကြမယ့် အဆိုပါမဂ္ဂဇင်းကတော့ ဒီဇင်ဘာလ နောက်ဆုံးအပတ်မှာ ထွက်ရှိလာမှာဖြစ်တယ်လို့ POSH Magazine – Myanmar ရဲ့ Facebook Page ကနေ ထုတ်ပြန်ကြေညာထားတာကို တွေ့ရပါတယ်။Credit-burmese.asia