Latest Posts

အသက္ ၂၄ ႏွစ္ျပည့္ၿပီး ေနာက္ပိုင္း လုံး၀ မလုပ္သင့္ေတာ့တဲ့ အရာမ်ား



ZawGyiျဖင့္ဖတ္ရန္

၁။ အေပါစားအ၀တ္အစားေတြ၀ယ္တာကို ရပ္တန္႔လုိက္ပါ။လူငယ္ဘာသာသဘာ၀ ေျပာင္းလဲေနတဲ့ဖက္ရွင္ေရစီးေၾကာင္းနဲ႔အမီ သင္ဟာ ေပၚပင္ဖက္ရွင္ေတြေနာက္ကို

လိုက္တဲ့လူငယ္တစ္ေယာက္ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ ဒါေပမဲ့ အသက္ ၂၄ ႏွစ္ေက်ာ္ၿပီဆုိရင္ေတာ့ ေပၚပင္ေတြေနာက္ကို

မလုိက္ေတာ့ပဲ ကိုယ္နဲ႔အသင့္ေတာ္ဆံုးအလုိက္ဖက္ဆံုးျဖစ္ၿပီး လုပ္ငန္းခြင္မွာလည္း အမ်ားေလးစားခံရၿပီး စတိုင္က်တဲ့သူျဖစ္ဖုိ႔

ကိုယ္၀တ္ဆင္မယ့္ အ၀တ္အစားေတြမွာ ရင္းႏွီးျမႇပ္ႏွံမႈကိုစတင္လုိက္ပါေတာ့။



တစ္လႏွစ္ခါေလာက္ အ၀တ္အစားအသစ္ေတြ၀ယ္၀တ္ေနမယ့္အစား အဲဒီပိုက္ဆံေတြကိုစုၿပီး ႏွစ္လတစ္ခါေလာက္မွ၀ယ္။

အရည္အေသြးေကာင္းၿပီး သင့္ကို စတိုင္က်ေစမယ့္ အ၀တ္အစားမ်ဳိး၀ယ္ပါ။

၂။ ကိုယ္နဲ႔မသင့္ေတာ္တဲ့ခ်စ္သူကို လက္တြဲျဖဳတ္ပါ။

ကိုယ္နဲ႔မသင့္ေတာ္တဲ့သူဆုိတာ သိသိႀကီးနဲ႔ ကိုယ့္ရဲ႕တန္ဖိုးရိွတဲ့အခ်ိန္ေတြကို အကုန္မခံပါနဲ႔။ ကိုယ့္ဘ၀လက္တြဲေဖာ္ဆီက

ဘယ္လုိအခ်က္ေတြလိုခ်င္လဲဆုိတာ ခ်ေရးပါ။ အဲဒါ သင္နဲ႔ထိုက္တန္တဲ့လူပါပဲ။ အသက္အရြယ္ရလာလုိ႔ မရိွရိွတဲ့လူကို

ႀကိတ္မွိတ္တြဲတာမ်ဳိးမလုပ္ပါနဲ႔။ ကိုယ္မေပ်ာ္ရႊင္မွန္း သိရက္နဲ႔ အတင္းေရွ႕မတုိးပါနဲ႔။ ကိုယ့္ကိုမေပ်ာ္ရႊင္ေစတဲ့လူနဲ႔ အတူရိွေန

မယ့္အစား Single ဘ၀ကို ေပ်ာ္ေပ်ာ္ရႊင္ရႊင္လြတ္လြတ္လပ္လပ္ႀကီး ျဖတ္သန္းၾကည့္စမ္းပါ။

၃။ လူေတြရဲ႕ အထင္အျမင္ေတြကို အရမ္းဂ႐ုစိုက္လြန္းေနတာကို ရပ္တန္းကရပ္ပါ။ကိုယ့္ကိုလူေတြဘယ္လိုထင္ျမင္မလဲဆုိတာကို ဂ႐ုစိုက္တတ္တာ လူ႔သဘာ၀ပါ။ တခ်ဳိ႕ဆုိ အဲဒီလုိ သူမ်ားကို ဂ႐ုစိုက္ရင္းနဲ႔

ကိုယ့္ဘ၀ရည္မွန္းခ်က္ေတြကို စေတးလုိက္ရတာေတြေတာင္ရိွတယ္။ ဥပမာ ေဆးကုရတာလံုး၀ ၀ါသနာမပါတဲ့သူ။ ဒါေပမဲ့

ကိုယ္တုိင္ကေရာ..ကိုယ့္အသိုင္းအ၀ိုင္းကပါ ဆရာ၀န္ဆုိတဲ့ ဂုဏ္ပုဒ္ကိုလုိခ်င္ေတာ့ ၊ လူေတြရဲ႕ အထင္ႀကီးေလးစားမႈကို

လုိခ်င္ေတာ့ မခ်စ္ေသာ္လည္း ေအာင့္ကာနမ္းေနရတာေတြရိွတယ္။ လူ႔ဘ၀ႀကီးက တုိေတာင္းပါတယ္။ ကိုယ့္ရင္ထဲက

ႏွစ္ႏွစ္ကာကာျဖစ္ခ်င္တာကိုလုပ္ပါ။

တပါးသူေတြရဲ႕ထင္ျမင္ယူဆခ်က္ေတြကို လ်စ္လ်ဴ႐ူၿပီး ကိုယ္တကယ္လုပ္ခ်င္တာကိုပဲ ဦးစားေပးလုပ္ပါ။

၄။ မိဘေတြကို အျပစ္တင္တာကိုရပ္ပါ။ငါ့မိဘက မခ်မ္းသာလို႔ ငါ ကားေကာင္းေကာင္းမစီးရတာ။ ငါ့မိဘက

အရင္းအႏွီးထုတ္မေပးႏုိင္လုိ႔ ငါ လစာနည္းနည္းနဲ႔ သူမ်ား၀န္ထမ္းလုပ္ေနရတာ။ အဲဒါေတြက ကုိယ့္မိဘလုပ္ေပးမွျဖစ္မွာလား။

ကိုယ့္ဘာသာကိုယ္ေရာ မဖန္တီးႏုိင္ဘူးလား။ ငါ့မိဘေတြက ဘယ္သူဆုိတာထက္ ငါက ဘယ္သူဆုိတာ လက္မေထာင္ၿပီး

ေျပာႏိုင္ေအာင္ႀကိဳးစားစမ္းပါ။

၅။ ေငြေရးေၾကးေရးနဲ႔ ပတ္သတ္ၿပီး ပူေဆြးေနရတာကို ရပ္တန္႔ပါ။အခုပဲ ၀င္ေငြတိုးေအာင္လုပ္ႏုိင္မယ့္ နည္းလမ္းကိုစဥ္းစားပါ။ လစာတိုးေအာင္ လိုအပ္တဲ့သင္တန္းေတြတက္တာမ်ဳိး ၊

ကိုယ္ကၽြမ္းက်င္တဲ့အလုပ္တစ္ခုနဲ႔ အခ်ိန္ပိုင္း၀င္ေငြရေအာင္လုပ္တာမ်ဳိး စဥ္းစားၾကည့္ပါ။ အခြင့္အေရးကို ေစာင့္ေမွ်ာ္ေနသူ ၊

အျမဲတမ္းၾကံဆေနသူအတြက္ အခြင့္အေရးက အျမဲတမ္း တံခါးလာေခါက္ပါတယ္။

၆။ လူတုိင္းအေပၚ အရမ္းေကာင္းေနတာမ်ဳိးကို ရပ္တန္႔ပါ။တစ္ခါတေလ ျပံဳးျပံဳးရႊင္ရႊင္နဲ႔ ျငင္းတတ္ေအာင္ႀကိဳးစားပါ။ ကိုယ္မအားတဲ့အခ်ိန္ အကူအညီတစ္ခုခုလာေတာင္းတဲ့အခါ

အက်ဳိးအေၾကာင္းေျပာၿပီး ျငင္းတတ္ပါေစ။ လူတကာလိုအပ္ခ်က္ေတြကို လိုက္ျဖည့္ဆည္းေပးေနဖုိ႔ သင့္မွာ တာ၀န္မရိွပါဘူး။

၇။ အင္တာနက္မွာ အခ်ိန္ေတြအရမ္းျဖဳန္းေနတာကို ရပ္တန္႔ပါ။ေခတ္က နည္းပညာေခတ္ဆိုေတာ့ ကိုယ္အင္တာနက္မွ မသံုးရင္ ေခတ္ေနာက္က်မွာေပါ့။ မွန္ပါတယ္။ ဒါေပမဲ့ အသံုးနဲ႔ အျဖဳန္းကို

ခြဲျခားသိတတ္ပါေစ။ ၁၅ မိနစ္ျခားတစ္ခါေလာက္ အြန္လိုင္းေပၚတက္ၿပီး social media ေတြကို စိတ္၀င္တစားၾကည့္မိေနၿပီဆုိရင္ေတာ့

သင္အခ်ိန္ျဖဳန္းတာပါ။

၈။ က်န္းမာေရးကို လစ္လ်ဴ႐ူေနတာကို ရပ္တန္းကရပ္ပါ။လူလတ္ပိုင္းအရြယ္ကိုေရာက္လာတဲ့အခါ ခႏၶာကိုယ္ကို ဂ႐ုစိုက္ဖုိ႔အခ်ိန္တန္ပါၿပီ။ က်န္းမာၾကံ႕ခိုင္ဖို႔ သင့္ေတာ္ေကာင္းမြန္တဲ့

အစားအေသာက္ေတြကို ေရြးခ်ယ္စားသံုးပါ။ အေနအထိုင္ဆင္ျခင္ပါ။ က်န္းမာေရးေလ့က်င့္ခန္းေတြကိုလည္း ပံုမွန္စလုပ္ပါေတာ့။

၉။ စည္းကမ္းမဲ့ေနထုိင္တာကို ရပ္တန္႔ပါ။ပိုက္ဆံအိတ္ဘယ္နားထားမိမွန္းမသိလို႔ ရွာရျပန္ၿပီလား။ ေသာ့ေပ်ာက္လုိ႔ရွာရျပန္ၿပီလား။ တစ္ညလံုး ကိုယ္အလုပ္လုပ္ထားတဲ့ဖိုင္

တြဲကို အလုပ္သြားေတာ့ အိမ္မွာေမ့က်န္ခဲ့ၿပီလား။ သတိထားၿပီး အရာရာကို စနစ္တက်လုပ္တတ္ကိုင္တတ္ေအာင္စတင္

ႀကိဳးစားပါေတာ့။ စည္းစနစ္တက်နဲ႔ ေန႔စဥ္ဘ၀ကို ရင့္က်က္တည္ၿငိမ္စြာစတင္ျဖတ္သန္းပါေတာ့။

Credit:Aung Ko Latt (ရာမညေျမ)

Unicodeဖြင့်ဖတ်ရန်

အသက် ၂၄ နှစ်ပြည့်ပြီး နောက်ပိုင်း လုံး၀ မလုပ်သင့်တော့တဲ့ အရာများ

၁။ အပေါစားအဝတ်အစားတွေဝယ်တာကို ရပ်တန့်လိုက်ပါ။လူငယ်ဘာသာသဘာ၀ ပြောင်းလဲနေတဲ့ဖက်ရှင်ရေစီးကြောင်းနဲ့အမီ သင်ဟာ ပေါ်ပင်ဖက်ရှင်တွေနောက်ကို

လိုက်တဲ့လူငယ်တစ်ယောက်ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမဲ့ အသက် ၂၄ နှစ်ကျော်ပြီဆိုရင်တော့ ပေါ်ပင်တွေနောက်ကို

မလိုက်တော့ပဲ ကိုယ်နဲ့အသင့်တော်ဆုံးအလိုက်ဖက်ဆုံးဖြစ်ပြီး လုပ်ငန်းခွင်မှာလည်း အများလေးစားခံရပြီး စတိုင်ကျတဲ့သူဖြစ်ဖို့

ကိုယ်ဝတ်ဆင်မယ့် အဝတ်အစားတွေမှာ ရင်းနှီးမြှပ်နှံမှုကိုစတင်လိုက်ပါတော့။

တစ်လနှစ်ခါလောက် အဝတ်အစားအသစ်တွေဝယ်ဝတ်နေမယ့်အစား အဲဒီပိုက်ဆံတွေကိုစုပြီး နှစ်လတစ်ခါလောက်မှဝယ်။

အရည်အသွေးကောင်းပြီး သင့်ကို စတိုင်ကျစေမယ့် အဝတ်အစားမျိုးဝယ်ပါ။

၂။ ကိုယ်နဲ့မသင့်တော်တဲ့ချစ်သူကို လက်တွဲဖြုတ်ပါ။

ကိုယ်နဲ့မသင့်တော်တဲ့သူဆိုတာ သိသိကြီးနဲ့ ကိုယ့်ရဲ့တန်ဖိုးရှိတဲ့အချိန်တွေကို အကုန်မခံပါနဲ့။ ကိုယ့်ဘဝလက်တွဲဖော်ဆီက

ဘယ်လိုအချက်တွေလိုချင်လဲဆိုတာ ချရေးပါ။ အဲဒါ သင်နဲ့ထိုက်တန်တဲ့လူပါပဲ။ အသက်အရွယ်ရလာလို့ မရှိရှိတဲ့လူကို

ကြိတ်မှိတ်တွဲတာမျိုးမလုပ်ပါနဲ့။ ကိုယ်မပျော်ရွှင်မှန်း သိရက်နဲ့ အတင်းရှေ့မတိုးပါနဲ့။ ကိုယ့်ကိုမပျော်ရွှင်စေတဲ့လူနဲ့ အတူရှိနေ

မယ့်အစား Single ဘဝကို ပျော်ပျော်ရွှင်ရွှင်လွတ်လွတ်လပ်လပ်ကြီး ဖြတ်သန်းကြည့်စမ်းပါ။

၃။ လူတွေရဲ့ အထင်အမြင်တွေကို အရမ်းဂရုစိုက်လွန်းနေတာကို ရပ်တန်းကရပ်ပါ။ကိုယ့်ကိုလူတွေဘယ်လိုထင်မြင်မလဲဆိုတာကို ဂရုစိုက်တတ်တာ လူ့သဘာဝပါ။ တချို့ဆို အဲဒီလို သူများကို ဂရုစိုက်ရင်းနဲ့

ကိုယ့်ဘဝရည်မှန်းချက်တွေကို စတေးလိုက်ရတာတွေတောင်ရှိတယ်။ ဥပမာ ဆေးကုရတာလုံး၀ ဝါသနာမပါတဲ့သူ။ ဒါပေမဲ့

ကိုယ်တိုင်ကရော..ကိုယ့်အသိုင်းအဝိုင်းကပါ ဆရာဝန်ဆိုတဲ့ ဂုဏ်ပုဒ်ကိုလိုချင်တော့ ၊ လူတွေရဲ့ အထင်ကြီးလေးစားမှုကို

လိုချင်တော့ မချစ်သော်လည်း အောင့်ကာနမ်းနေရတာတွေရှိတယ်။ လူ့ဘဝကြီးက တိုတောင်းပါတယ်။ ကိုယ့်ရင်ထဲက

နှစ်နှစ်ကာကာဖြစ်ချင်တာကိုလုပ်ပါ။

တပါးသူတွေရဲ့ထင်မြင်ယူဆချက်တွေကို လျစ်လျူရူပြီး ကိုယ်တကယ်လုပ်ချင်တာကိုပဲ ဦးစားပေးလုပ်ပါ။

၄။ မိဘတွေကို အပြစ်တင်တာကိုရပ်ပါ။ငါ့မိဘက မချမ်းသာလို့ ငါ ကားကောင်းကောင်းမစီးရတာ။ ငါ့မိဘက

အရင်းအနှီးထုတ်မပေးနိုင်လို့ ငါ လစာနည်းနည်းနဲ့ သူများဝန်ထမ်းလုပ်နေရတာ။ အဲဒါတွေက ကိုယ့်မိဘလုပ်ပေးမှဖြစ်မှာလား။

ကိုယ့်ဘာသာကိုယ်ရော မဖန်တီးနိုင်ဘူးလား။ ငါ့မိဘတွေက ဘယ်သူဆိုတာထက် ငါက ဘယ်သူဆိုတာ လက်မထောင်ပြီး

ပြောနိုင်အောင်ကြိုးစားစမ်းပါ။

၅။ ငွေရေးကြေးရေးနဲ့ ပတ်သတ်ပြီး ပူဆွေးနေရတာကို ရပ်တန့်ပါ။အခုပဲ ဝင်ငွေတိုးအောင်လုပ်နိုင်မယ့် နည်းလမ်းကိုစဉ်းစားပါ။ လစာတိုးအောင် လိုအပ်တဲ့သင်တန်းတွေတက်တာမျိုး ၊

ကိုယ်ကျွမ်းကျင်တဲ့အလုပ်တစ်ခုနဲ့ အချိန်ပိုင်းဝင်ငွေရအောင်လုပ်တာမျိုး စဉ်းစားကြည့်ပါ။ အခွင့်အရေးကို စောင့်မျှော်နေသူ ၊

အမြဲတမ်းကြံဆနေသူအတွက် အခွင့်အရေးက အမြဲတမ်း တံခါးလာခေါက်ပါတယ်။

၆။ လူတိုင်းအပေါ် အရမ်းကောင်းနေတာမျိုးကို ရပ်တန့်ပါ။တစ်ခါတလေ ပြုံးပြုံးရွှင်ရွှင်နဲ့ ငြင်းတတ်အောင်ကြိုးစားပါ။ ကိုယ်မအားတဲ့အချိန် အကူအညီတစ်ခုခုလာတောင်းတဲ့အခါ

အကျိုးအကြောင်းပြောပြီး ငြင်းတတ်ပါစေ။ လူတကာလိုအပ်ချက်တွေကို လိုက်ဖြည့်ဆည်းပေးနေဖို့ သင့်မှာ တာဝန်မရှိပါဘူး။

၇။ အင်တာနက်မှာ အချိန်တွေအရမ်းဖြုန်းနေတာကို ရပ်တန့်ပါ။ခေတ်က နည်းပညာခေတ်ဆိုတော့ ကိုယ်အင်တာနက်မှ မသုံးရင် ခေတ်နောက်ကျမှာပေါ့။ မှန်ပါတယ်။ ဒါပေမဲ့ အသုံးနဲ့ အဖြုန်းကို

ခွဲခြားသိတတ်ပါစေ။ ၁၅ မိနစ်ခြားတစ်ခါလောက် အွန်လိုင်းပေါ်တက်ပြီး social media တွေကို စိတ်ဝင်တစားကြည့်မိနေပြီဆိုရင်တော့

သင်အချိန်ဖြုန်းတာပါ။

၈။ ကျန်းမာရေးကို လစ်လျူရူနေတာကို ရပ်တန်းကရပ်ပါ။လူလတ်ပိုင်းအရွယ်ကိုရောက်လာတဲ့အခါ ခန္ဓာကိုယ်ကို ဂရုစိုက်ဖို့အချိန်တန်ပါပြီ။ ကျန်းမာကြံ့ခိုင်ဖို့ သင့်တော်ကောင်းမွန်တဲ့

အစားအသောက်တွေကို ရွေးချယ်စားသုံးပါ။ အနေအထိုင်ဆင်ခြင်ပါ။ ကျန်းမာရေးလေ့ကျင့်ခန်းတွေကိုလည်း ပုံမှန်စလုပ်ပါတော့။

၉။ စည်းကမ်းမဲ့နေထိုင်တာကို ရပ်တန့်ပါ။ပိုက်ဆံအိတ်ဘယ်နားထားမိမှန်းမသိလို့ ရှာရပြန်ပြီလား။ သော့ပျောက်လို့ရှာရပြန်ပြီလား။ တစ်ညလုံး ကိုယ်အလုပ်လုပ်ထားတဲ့ဖိုင်

တွဲကို အလုပ်သွားတော့ အိမ်မှာမေ့ကျန်ခဲ့ပြီလား။ သတိထားပြီး အရာရာကို စနစ်တကျလုပ်တတ်ကိုင်တတ်အောင်စတင်

ကြိုးစားပါတော့။ စည်းစနစ်တကျနဲ့ နေ့စဉ်ဘဝကို ရင့်ကျက်တည်ငြိမ်စွာစတင်ဖြတ်သန်းပါတော့။

Credit:Aung Ko Latt (ရာမညမြေ)