ဘန်ကောက်ဗုံးပေါက်ကွဲမှု့  နောက်ဆက်တွဲသတင်းများ
ထိုင်းနိုင်ငံ
ဘန်ကောက် နေရာအချို့ တွင် ပေါက်ကွဲမှုဖြစ်ပွား။ဘန်ကောက်မှာ မနေ့ကစပြီး ဗုံးပေါက်တာ
အခုလည်း ထပ်ပေါက်တယ်။ အခုထိ စုစုပေါင်း ဗုံးပေါက်ခဲ့တဲ့နေရာတွေက
၁ စင်ထရယ်ဝေါဘေးက ရဲဌာနချုပ်
၂ ဖလန်ကောင်း ရာမ ၉ လမ်း
၃ ချောင်းနုံစီ မိုးပျံရထားဘူတာ
၎ ပသူနမ်ဈေး
၅ ကျန်ဝတ္ထနာ အစိုးရရုံပေါင်းစု အဆောက်အဦး ဘီ၆ စီရီစာမန်လမ်း ကာကွယ်ရေးဝန်ကြီးဌာနရုံးရှေ့တို့ဖြစ်တယ်လို့ လောလောဆယ်သတင်းရပါတယ်။
ဒီနေ့မနက်ကတော့ ချောင်းနုံစီမိုးပျံရထားဘူတာ၊ ရာမ ၉ လမ်း မြက်ခင်းထဲမှာတစ်နေရာနဲ့ ကျန်ဝတ္ထနာ အစိုးရ ရုံးဝင်းထဲမှာ တစ်နေရာစုစုပေါင်း ၃ နေရာမှာ လက်လုပ်ဗုံးတွေ ပေါက်ခဲ့ပြီး
သန့်ရှင်းရေးအလုပ်သမား ၂ ယောက် ထိခိုက်ခဲ့ပါတယ်။
ပထမ ချောင်းနုံစီမှာ မနက် ၈ နာရီက ပေါက်ကွဲပါတယ်။မနက် ၉ နာရီ ဝန်းကျင်မှာ ရာမ ၉ လမ်းမှာ ဖြစ်ခဲ့တာပါ။
ကျန်ဝတ္ထနာမှာ အဆောက်အဦး ဘီမှာ တတိယအကြိမ်ပေါက်ကွဲမှုဖြစ်ခဲ့ပြီိး ပေါက်ကွဲသံ ၃ ကြိမ် ကြားရတယ်လို့ဆိုပါတယ်။
မိုင်းရှင်းလင်းရေး တပ်ဖွဲ့တွေလိုက်ရှာနေပါတယ်။ဘန်ကောက်ကိုအလည်လာမယ့် မြန်မာလူမျိုးများ ၊ အလုပ်လုပ်နေတဲ့ ရွှေမြန်မာများ အသွားအလာဆင်ခြင်ပါ။
ပါတ့်စ်ပို့တွေ ကိုယ်နဲ့မကွာထားပါ။စစ်ဆေး မေးမြန်းတာတွေရှိလာပါလိမ့်မယ်။ရဲကမေးရင် ထွက်မပြေးပါနဲ့၊ ပူးပေါင်းပေးပါ။ ထိုင်းရဲတွေကိုယ်မှာ ပစ္စတိုသေနတ်အတို၊
ကားထဲမှာ အော်တိုမတ်တစ်ရိုင်ဖယ်တွေ ပါဝင်ပြီး
လက်နက်ပေါတဲ့နိုင်ငံဖြစ်တာမို့ မသင်္ကာရင်ပစ်ပိုင်ခွင့်ပေးထားပါတယ်။အခုဗုံးပေါက်ကွဲမှု့ တွေဟာ ဘန်ကောက်မှာလက်ရှိကျင်းပနေတဲ့အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးပွဲကျင်းပနေချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
credit
Ko zaw(bkk)