Credit \\ original
UNICODE
ဘယ်သူမှလိုက်မမှီတဲ့ ဖက်ရှင်ကွင်းတစ်ယောက်ရဲ့အလှကို ပြသလိုက်တဲ့ အိန္ဒြာကျော်ဇင်
ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုဘဝလေးကို အချိန်မျှတစွာနဲ့ သာယာလှပအောင် တည်ထောင်နေတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ပြေတီဦးနဲ့အတူတူ သာယာလှပတဲ့ မိသားစုဘဝလေးကို ထူထောင်နေတာဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်က အိမ်ထောင်ကျပြီး အသက်(၄၀)အရွယ်နားကို ကပ်နေပြီဖြစ်ပေမယ့် သူမရဲ့ နုပျိုလွန်းတဲ့ အလှတရားတွေကို ဘယ်သူမှ လိုက်လို့မမှီနိုင်ပါဘူး။
အိန္ဒြာကျော်ဇင်က ဒီဇိုင်နာကောင်းမြတ်ရဲ့ ဝတ်စုံလေးနဲ့ ဘုရင်မတစ်ပါးလို ခမ်းနားထည်ဝါနေတာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။
အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ ဆယ်စုနှစ် နှစ်စုကျော်တိုင် အောင်မြင်နေတဲ့ မင်းသမီးတစ်လက်ဖြစ်ပြီး သူမရဲ့ ပြည့်ဝတဲ့ အနုပညာစွမ်းရည်ကြောင့် အကယ်ဒမီဆုကြီး နှစ်ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားတာပဲ ဖြစ်ပါတယ်။
လက်ရှိမှာတော့ အိန္ဒြာကျော်ဇင်က ကြော်ငြာတွေနဲ့ အခြားသော အနုပညာလုပ်ငန်းများကို မရပ်မနားလုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ ဘယ်လိုကြည့်ကြည့်ကို လှနေတာပဲနော်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ ခမ်းနားလှတဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Credit \\ original