Zawgyi
Source : Soe
Credit – original
(Unicode Version)
တောင်ဒဂုံ ရိုးမအိမ်ရာဘက်မှပြေးဆွဲသော YBS 7 aircon bus များပေါ်တွင် ခါးပိုက်နှိုက်များ သောင်းကျန်းနေပါသည်။ ခရီးသည်များသတိထားစေချင်ပါသည်။
အရင်နေ့တွေက ခါးပှိုက်နှိုက်တွေ သောင်းကျန်းနေတာကြားမိပါသည် သတိမထားမိပါ။ ဒီနေ့အလုပ်ကနေ အိမ်ပြန်လာစဉ်တွင် ကားပေါ်တွင် လူသုံးရောက် အနားကပ်လာပြီး တစ်ယောက်က ကျောပိုးအိပ်နှင့်ကာ ပြီးအိတ်ကိုခွဲပြီး ခါးပိုက်နှိုက်ပါသည် နှစ်ယောက်က ဘေးတွင် ကာပြီးရပ်နေပါသည်။
ကျွန်မအိတ်ကို နှိုက်မှန်းသိလို့ အိတ်ကိုအရှေ့ ဆွဲပြီးထားပါသည်။ ခါးပှိုက်နှိုက်များ ဘေးနားက ခွာသွားပြီးချိန်တွင် အိတ်ကို စမ်းကြည့်ပါသေးသည် ဘာပစ္စည်းမှမပျောက်လိုက်ပါ။
ပစ္စည်းမပါသွားလို့တော်ပါသေးသည်။ အိမ်ရောက်မှကြည့်မိသောအခါ အိတ်၏ ဘေးဘက်တွင် ကွဲနေပါသည်။ အခြေနေမဟန်လို့ ဆင်းသွားတာဖြစ်နိုင်ပါသည်။ ထို့ကြောင့် ခရီးသည်များ သွားသတိ လာသတိထားပြီး bus ကားစီးကြပါလို့ အကြံပြုအပ်ပါသည်ရှင့်။
Source : Soe
Credit – original