ကောင်မလေးကို သွားခေါ်စဉ် အရက်ဆိုင်မှာ ဘော်ဒါနဲ့ လိင်ဆက်ဆံနေတာကို လက်ပူးလက်ကြပ်တွေ့ခဲ့ရတဲ့ သူ
Unicode ဖြင့်ဖတ်ရန်
ကိုယ့်ချစ်သူက အခြားသူ တစ်ယောက်နဲ့ ဆက်ဆံနေတာကို လက်ပူးလက်ကြပ် မြင်လိုက်ရတယ်ဆို ဘယ်လို ရှင်းမလဲ၊ လမ်းခွဲလိုက်မှာလား ဒါမှမဟုတ် ခွင့်လွတ်ပေးလိုက်မှာလား။ အင်္ဂလန်နိုင်ငံ အမည်မဖော် အမျိုးသား တစ်ဦးဟာ အရက်ဆိုင်မှာ သူ့ရဲ့ ချစ်သူက အခြားသူ တစ်ယောက်နဲ့ လိင်ဆက်ဆံနေကြတာကို မြင်ခဲ့ရပါတယ်။
ဒါပေမဲ့ သူကတော့ သူ့ချစ်သူကို အလွန် ချစ်တဲ့ အတွက်ကြောင့် သဘောထားကြီးစွာ ခွင့်လွတ်ပေးခဲ့ပါတယ်။သူတို့ စုံတွဲဟာ ကောင်လေး ဖြစ်သူရဲ့ သူငယ်ချင်းနဲ့အတူ အရက်အတူ သောက်ခဲ့ကြပြီး ကောင်းလေ ဖြစ်သူက အရင် အိမ်ပြန်နှင်ခဲ့ပါတယ်။ သူတို့(၃)ဦးကတော့ နေ့လည်ကတည်းက အရက်သောက်ကြတာ ညနေခင်း အထိ သောက်ခဲ့ကြပါတယ်။
ကောင်လေးက အရင်ပြန်မယ်လို့ ပြောတဲ့အခါမှာ ကောင်မလေးက ခဏနေဦးမယ်၊ ပြီးမှ လိုက်လာခဲ့မယ်လို့ ပြောပြီး ကောင်လေးရဲ့ သူငယ်ချင်းနဲ့ အတူ အရက်ဆိုင်မှာ ကျန်ရစ်နေခဲ့တာ ဖြစ်ပါတယ်။
ကောင်လေးဟာ အိမ်ကို ရောက်သွားပြီး (၂) နာရီကြာသွားခဲ့ပြီ ဖြစ်ပေမဲ့လည်း ကောင်မလေး ပြန်မလာသေးတဲ့ အတွက် သူ့ချစ်သူကို သွားခေါ်ဖို့ အရက်ဆိုင် ပြန်သွားခဲ့ပါတယ်။ သူဟာ အရက်ဆိုင် ရောက်သွားတဲ့ အချိန်မှာ သူ့ရဲ့ချစ်သူက သူ့သူငယ်ချင်းရဲ့ ပေါင်မှာ ထိုင်ရင်း အနမ်းပေးပြီး အပေါ်အောက် ဆောင့်နေတာ တွေ့ခဲ့ပါတယ်။
အဲဒီ မြင်ကွင်းကို တွေ့လိုက်ရတဲ့ အခါမှာတော့ သူဟာ အလွန် အံ့အားသင့်သွားခဲ့ပြီး မှင်သက်သွားခဲ့ပါတယ်။သူတို့စုံတွဲဟာ (၃)နှစ်ကြာ တွဲလာခဲ့ပြီဖြစ်သလို အိမ်ထောင်တစ်ခုကို တည်ထောင်ဖို့အထိ ရည်ရွယ်ထားပြီးသား ဖြစ်ပေမဲ့လည်း ကောင်မလေးက ဖောက်ပြန်ခဲ့ပါတယ်။
နောက်တစ်နေ့ မနက်မှာ သူတို့ နှစ်ဦး စကားပြောကြတဲ့ အခါမှာ ကောင်မလေးက အရင်ကလည်း သူနဲ့ အတူ နေခဲ့ဖူးကြောင်း ဝန်ခံသွားခဲ့ပါတယ်။ ကောင်လေးကတော့ အလွန် ဒေါသထွက်ခဲ့ပေမဲ့လည်း ကောင်မလေးကို သိပ် ချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ ခွင့်လွတ်ပေးခဲ့ပါတယ်။Credit-original