Latest Posts

ငြိမ်းချမ်းရေးအလံကို ကိုင်ခါ ရှိုးလျှောက်ခဲ့ပေမယ့် မြန်မာပြည် အတွက် ရင်ထဲမှာ မငြိမ်းချမ်းဘူး ဆိုတဲ့ ထွန်းကိုကို


အမိုက်စားဘော်ဒီနဲ့ ခန်ညားတဲ့ ပုံသဏ္ဍန်ကြောင့် ပရိသတ်တွေရဲ့ အချစ်တော် ဖြစ်ခဲ့ရတဲ့ထွန်းကိုကို က တကယ်တော့ ပရဟိတ စိတ်အပြည့်ရှိတဲ့ လူငယ်လေးပါ၊

နာရေးကူညီမှုအသင်းဝင်တစ်ယောက်ဖြစ်သလို အနုပညာအလုပ်တွေ အားလပ်နေချိန်မှာတော့ နာရေးကားမောင်းတာတို့၊ မီးသတ်တပ်ဖွဲ့အတွက် လိုအပ်နေတဲ့ အချိန်တွေမှာဆိုရင် သူက မင်းသားဆိုတဲ့ ဂုဏ်ကိုဘေးချိတ်ပြီး ပရဟိစိတ်အပြည့်နဲ့ ကူညီတက်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။

သူဟာ သြဂုတ်လ ၁၇ ရက်နေ့မှာတော့ ကိုရီးယားနိုင်ငံမှာ ကျင်းပပြုလုပ်ခဲ့တဲ့ 2019 Incheon International Single-Media Festival ကိုမြန်မာကိုယ်စားပြုအဖြစ်တက်ရောက်ခဲ့ပါတယ်။

သူဟာ အဲ့ဒီပွဲကို အလှမယ် ဟန်တီ နဲ့ အတူတက်ရောက်ခဲ့တာဖြစ် သူဟာ ပွဲမှာ ငြိမ်းချမ်းရေး လို့ ကိုရီးယားနိုင်ငံက ဒီဇိုင်နာ တစ်ဦးက မြန်မာပြည်မြေပုံနဲ့ အတူ ရေးချယ်ထားတဲ့ အလံကို ဖြန့်ခါ ရှိုးလျှောက်ခဲ့ တာဘဲ ဖြစ်ပါတယ်။

တကယ်တော့ သူတို့အဲ့လိုရှိုးလျှောက်နေချိန်မှာ မြန်မာနိုင်ငံမှာတော့ ပစ်ခတ်မှုတွေဖြစ်ပွားနေပြီး လူအသေအပျောက်တွေရှိခဲ့ပါတယ်။

သူကအဲ့ဒီစကားလုံးသုံးလုံးနဲ့ သူရှိုးလျှောက်ခဲ့တဲ့အကြောင်းကို “ အဲ့ဒီ ပုဝါလေးကိုလွှင့်လို့ စင်ပေါ်မှာ ကျွန်တော် လျှောက်ဖြစ်ခဲ့ပါတယ်။

နှလုံးသားမှာတော့ အားလုံးလိုလားတောင့်တ ကြမယ့် စကားလုံးသုံးလုံး နေရာအပြည့်ယူထားရင်းပေါ့ဗျာ” ငြိမ်းချမ်းရေး “” လို့ ဆိုပြီး ရေးသားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ သူ့ခံစားချက်ကိုလဲ “ 2019 Incheon International Single-Media Festival ပွဲကိုပါဝင်တက်ရောက်ရန် ကိုရီးယား နိုင်ငံမှ ဖိတ်ကြားတဲ့အတွက် ကျွန်တော် တက်ရောက်ဖြစ်ပါတယ် ။

ကျွန်တော် ကိုရီးယားကို ရောက်နေတဲ့အချိန် ကိုယ့်နိုင်ငံမှာ ဖြစ်ပွား နေတဲ့ ပစ်ခတ်တိုက်ခိုက်မှု သတင်းတွေကြောင့် ရင်ထဲမှာ စိတ်မချမ်းမြေ့ ခြင်းကြီးစွာ ဝမ်းနည်းမိပါတယ် ။ ဒီနေ့ လျှောက်ရတဲ့ round မှာတော့ KOREA ရဲ့ နာမည်ကြီး Designerတစ်ယောက်မှ ကျွန်တော့်အတွက် မထင်မှတ်ဘဲ သီးသန့်ဖန်တီးပေးလိုက်တဲ့ မြန်မာနိုင်ငံမြေပုံပါ ပုဝါလေးမှာတော့ မြန်မာစာလုံးလေး သုံးလုံးထည့်သွင်းပေးထားတာ တွေ့လိုက်ရပါတယ်။

သြော် တိုက်တိုက်ဆိုင်ဆိုင် ” ငြိမ်းချမ်းရေး ” တဲ့လားဗျာ” လို့ ဆိုပြီး ပုံလေးတွေနဲ့အတူရေးသားခဲ့ပါတယ်။

လက်ရှိမှာ မငြိမ်းချမ်းသေးတဲ့ ဒေသက စစ်ဘေးရှောင်ပြည်သူတွေအတွက်လဲ စိတ်မကောင်းဖြစ်ရသလို ကျဆုံးခဲ့တဲ့ မြန်မာ့တပ်မတော်ဘက်မှ တပ်မတော်သားတွေအတွက်လဲ ၀မ်းနည်းရပါတယ်။

ဒါ့အပြင် သဘာဝဘေးကြောင့် ဖြစ်ပေါ်နေတဲ့ ရေးဘေးသင့်ပြည်သူတွေကိုလဲ တက်နိုင်သလောက်ကူညီနိုင်ကြစေဖို့ တိုက်တွန်းလိုက်ပါတယ်။ဖတ်ရှု့ပေးကြတဲ့ ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Source – Tun Ko Ko\Credit-original