မင်းတို့ရင်ထဲဘယ်လောက် ခံစားနေရမလဲဆိုတာ ငါကိုယ်ချင်းစာပါတယ် ဆိုတဲ့ အောင်ခိုင်
ကိုလူချောအဖွဲ့ ခေါင်းဆောင် ဖြစ်တဲ့ ရုပ်ရှင်နဲ့ ဗွီဒီယို သရုပ်ဆောင် ဦးအောင်ခိုင်ဟာဆိုရင် ကျရာဇာတ်ရုပ် ၊ လူကြမ်း၊ ဗီလိန် စတဲ့ ဇာတ်ရုပ်တွေမှာ ပီပြင်လွန်းတဲ့ ဝါရင့် သရုပ်ဆောင် တစ်ဦးပါ။
ခုနောက်ပိုင်းတွေမှာလည်း လူကြမ်းအဖွဲ့ဖြစ်တဲ့ ကိုလူချော အဖွဲ့ခေါင်းဆောင်အဖြစ်ရပ်တည်ရင်း အနုပညာလောကသားတွေရဲ့ အရေးအရာမှန်သမျှကို လုပ်ကိုင်းနေသူပဲ ဖြစ်ပါတယ်။
ဦးအောင်ခိုင် က သူ့ရဲ့အနုပညာလောကမှ ညီအစ်ကိုတွေဖြစ်တဲ့ ကိုလူချောအဖွဲ့သားတစ်ချို့ရဲ့ စားဝတ်နေရေးမပြေလည်မှုတွေနဲ့ ကျန်းမာရေးမကောင်းတဲ့ သူတွေကို ကူညီရင်း အနုပညာလောကသားအချင်းချင်းအထင်လွဲနေတဲ့ အကြောင်းကို ခုလိုပြောထားပါတယ်။
ဦးအောင်ခိုင် က ” ဒီအချိန်မှာမင်းတို့ရင်ထဲဘယ်လောက်အထိခံစားနေရမလဲဆို တာသူငယ်ချင်းတို့နေရာကနေငါကိုယ်ချင်းစာပါတယ်အခုအ ချိန်အရေးပေါ်ကုသပေးရမဲ့သူတွေအတွက်ငါလုပ်ပေးခဲ့တဲ့အ ပေါ်မှာအခွင့်အရေးရတိုင်းလိုချင်ကြတဲ့ကိုလူချောအဖွဲ့ဝင်တချို့ကအထင်လွဲချင်တယ်”
“သူတို့ဖြစ်တဲ့အချိန်တုန်းကလဲဒို့လုပ် ပေးခဲ့ကြတာဘဲလေအခုမင်းတို့ဆေးကုသစရိတ်ဟာကိုလူ ချောအဖွဲ့ရန်ပုံငွေထဲကတပြားတချပ်မှမပါဘူးအလှူရှင်များကစာနာစိတ်နဲ့လှူကြတာစိတ်ချကြပါသူငယ်ချင်းတို့ငါဟာဘယ် သူကိုမှမျက်နှာမလိုက်ဘူးသွေးမခွဲဘူးငါကျမ္မာရေးကောင်းနေသမျှအဖွဲ့ရှေ့မှာအမြဲရှိနေမယ်” ဆိုပြီး ခုလိုပြောထားပါတယ်။
ဦးအောင်ခိုင် က ပရဟိတ သမားတစ်ဦးဖြစ်သလို အနုပညာလောကမှ ဆင်းရဲတဲ့သူတွေကိုလည်း ကူညီပေးနေသူပါ။ဇာတ်ပို့ ၊ ဇာတ်ရံ အလွှာအသီးသီးမှ အနုပညာရှင်လေးတွေ လေးစားရတဲ့ ဦးအောင်ခိုင် ရဲ့ ပရဟိတ စိတ်ဓာတ်က မလေးစားပဲမနေနိုင်အောင်ပါပဲ။
ဦးအောင်ခိုင် ရဲ့ လေးစားစရာကောင်းတဲ့ သူ့အနုပညာညီအစ်ကိုတွေအပေါ်ထားတဲ့ စိတ်ထားကို ပရိသတ်တွေ သိရလောက်ပြီ ထင်ပါတယ်။ကြည့်ရူပေးကြတဲ့ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။Source; u aung khine\Credit-original