Latest Posts

“ကိုယ္ပိုင္ကားဝယ္စီးႏိုင္တဲ့အထိ ေအာင္ျမင္ေနတဲ့ ၁၂ ႏွစ္အ႐ြယ္ Makeup Artist ေလး”


ထိုင္းႏိုင္ငံမွာ Natthanan လို႔အမည္ရတဲ့ အသက္ ၁၂ႏွစ္အ႐ြယ္ ေကာင္မေလးဟာ မိတ္ကပ္နဲ႔ ပတ္သတ္ၿပီး ဆိုရွယ္မီဒီယာေတြေပၚမွာ အေတာ္ေလး ေအာင္ျမင္မႈရရွိေနသူေလးပဲျဖစ္ပါတယ္။



သူမဟာ အသက္ ၇ႏွစ္ေလာက္မွာ ပေရာ္ဖက္ရွင္နယ္ မိတ္ကပ္သင္တန္းကို တက္ေရာက္ခဲ့ၿပီးမိတ္ကပ္နဲ႔ ပတ္သတ္တဲ့ အရာေတြအားလုံးကို ေလ့လာခဲ့ပါတယ္။



ဒါ့ေၾကာင့္ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္မွာ တျဖည္းျဖည္း နာမည္ႀကီး ေအာင္ျမင္လာၿပီး ၂၀၁၈ခုႏွစ္က BBC သတင္းမွာ ေဖာ္ျပျခင္းခံခဲ့ရဖူးပါတယ္။ ဒါ့အျပင္ London Fashion Week 2018 မွာ Makeup Artist အျဖစ္ပါဝင္ဖို႔ ေ႐ြးခ်ယ္ခံခဲ့ရၿပီးေနာက္ သူမရဲ႕ ေအာင္ျမင္မႈက အသက္ အ႐ြယ္နဲ႔ မမွ်ေအာင္ တဟုန္ထိုး ရရွိခဲ့ပါတယ္။ facebook မွာ follower ၈သိန္းေက်ာ္ရရွိထားသူတစ္ဦးျဖစ္ၿပီး London Fashion Week 2018 မွာ အသက္အငယ္ဆုံး Makeup Artist တစ္ဦးလည္းျဖစ္ပါတယ္။


ၿပီးခဲ့တဲ့ သူ႔ရဲ႕ ၁၂ႏွစ္ျပည့္ ေမြးေန႔မွာေတာ့ ကိုယ့္ကိုကိုယ္ လက္ေဆာင္ျပန္ေပးတဲ့ အေနနဲ႔ “Happy Birthday to me” ဆိုၿပီး facebook မွာ post တင္ခဲ့ပါတယ္။ ဒါ့အျပင္ သူ႔မကို အားေပးေနတဲ့ ပရိတ္သတ္ေတြ၊ ေမြးေန႔ဆုေတာင္းေပးတဲ့ ပရိတ္သတ္ေတြကို ေက်းဇူးတင္ေၾကာင္းနဲ႔ ေပ်ာ္႐ႊင္ပါေစဆိုၿပီး ဆုေတာင္းထားေပးပါေသးတယ္။ သူမ ကိုယ့္ကိုကိုယ္ လက္ေဆာင္ျပန္ေပးတဲ့ အရာကေတာ့ ၁၂ႏွစ္အ႐ြယ္ ဘယ္ကေလးေတြမွ မရဘူးတဲ့ BMW ဇိမ္ခံကားသစ္ႀကီးပဲျဖစ္ပါတယ္။



သူမရဲ႕ ပို႔စ္ကိုျမင္ေတာ့ အေကာင့္ထဲက အင္တာနက္သူစြဲသူေတြအားလုံးနီးပါ အံ့အားသင့္ၿပီး အားလုံးက ေလးစားအားက်တဲ့မွတ္ခ်က္ေတြ ေပးၾကပါတယ္။ သူတို႔ ၁၂ႏွစ္အ႐ြယ္တုန္းက ေဂၚလီ႐ိုက္တုန္း၊ အ႐ုပ္မေတြနဲ႔ ေဆာ့တုန္း စတဲ့ comment ေတြ ဝင္မန္႔တာကိုလည္းေတြ႕ရပါတယ္။ ဒီလို ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေအာင္ျမင္မႈရထားတဲ့ သူမအတြက္ အနာဂတ္မွာလည္း ဒီထက္ပိုၿပီး ေအာင္ျမင္မႈေတြ ရလာဦးမယ္လို႔လည္း လူအမ်ားက ယုံၾကည္ပါတယ္။



Credit: original

Unicode Version

ထိုင်းနိုင်ငံမှာ Natthanan လို့အမည်ရတဲ့ အသက် ၁၂နှစ်အရွယ် ကောင်မလေးဟာ မိတ်ကပ်နဲ့ ပတ်သတ်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာ အတော်လေး အောင်မြင်မှုရရှိနေသူလေးပဲဖြစ်ပါတယ်။
သူမဟာ အသက် ၇နှစ်လောက်မှာ ပရော်ဖက်ရှင်နယ် မိတ်ကပ်သင်တန်းကို တက်ရောက်ခဲ့ပြီးမိတ်ကပ်နဲ့ ပတ်သတ်တဲ့ အရာတွေအားလုံးကို လေ့လာခဲ့ပါတယ်။
ဒါ့ကြောင့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်မှာ တဖြည်းဖြည်း နာမည်ကြီး အောင်မြင်လာပြီး ၂၀၁၈ခုနှစ်က BBC သတင်းမှာ ဖော်ပြခြင်းခံခဲ့ရဖူးပါတယ်။ ဒါ့အပြင် London Fashion Week 2018 မှာ Makeup Artist အဖြစ်ပါဝင်ဖို့ ရွေးချယ်ခံခဲ့ရပြီးနောက် သူမရဲ့ အောင်မြင်မှုက အသက် အရွယ်နဲ့ မမျှအောင် တဟုန်ထိုး ရရှိခဲ့ပါတယ်။ facebook မှာ follower ၈သိန်းကျော်ရရှိထားသူတစ်ဦးဖြစ်ပြီး London Fashion Week 2018 မှာ အသက်အငယ်ဆုံး Makeup Artist တစ်ဦးလည်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သူ့ရဲ့ ၁၂နှစ်ပြည့် မွေးနေ့မှာတော့ ကိုယ့်ကိုကိုယ် လက်ဆောင်ပြန်ပေးတဲ့ အနေနဲ့ “Happy Birthday to me” ဆိုပြီး facebook မှာ post တင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့မကို အားပေးနေတဲ့ ပရိတ်သတ်တွေ၊ မွေးနေ့ဆုတောင်းပေးတဲ့ ပရိတ်သတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ ပျော်ရွှင်ပါစေဆိုပြီး ဆုတောင်းထားပေးပါသေးတယ်။ သူမ ကိုယ့်ကိုကိုယ် လက်ဆောင်ပြန်ပေးတဲ့ အရာကတော့ ၁၂နှစ်အရွယ် ဘယ်ကလေးတွေမှ မရဘူးတဲ့ BMW ဇိမ်ခံကားသစ်ကြီးပဲဖြစ်ပါတယ်။
သူမရဲ့ ပို့စ်ကိုမြင်တော့ အကောင့်ထဲက အင်တာနက်သူစွဲသူတွေအားလုံးနီးပါ အံ့အားသင့်ပြီး အားလုံးက လေးစားအားကျတဲ့မှတ်ချက်တွေ ပေးကြပါတယ်။ သူတို့ ၁၂နှစ်အရွယ်တုန်းက ဂေါ်လီရိုက်တုန်း၊ အရုပ်မတွေနဲ့ ဆော့တုန်း စတဲ့ comment တွေ ဝင်မန့်တာကိုလည်းတွေ့ရပါတယ်။ ဒီလို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုရထားတဲ့ သူမအတွက် အနာဂတ်မှာလည်း ဒီထက်ပိုပြီး အောင်မြင်မှုတွေ ရလာဦးမယ်လို့လည်း လူအများက ယုံကြည်ပါတယ်။

Credit:original