အိမ်မှာခွေး ၁၃ ကောင်ရှိတယ် လာရဲရင်လာဆိုတဲ့ သဇင်ထူးမြင့်
ပရိသတ်တွေ ရယ်မောပျော်ရွှင်အောင် သူတတ်ထားတဲ့ ဟာသ ပညာတွေနဲ့ လုပ်ပေးတဲ့ အပြင် ရုပ်ရှင်ကားတွေရိုက်တဲ့နေရာမှာလား အကြမ်းအနု အကုန်လုံးကို အကောင်းဆုံး သရုပ်ဆောင်နိုင်လို့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ ဟာသသရုပ်ဆောင် ခင်လှိုင်ရဲ့ သမီးဖြစ်သူ သဇင်ထူးမြင့်ကတော့ အများရဲ့ အမြင်မှာ အနေအေးတဲ့သူတစ်ယောက်ဖြစ်ပေမယ့်လည်း သူချစ်တဲ့ သူခင်တဲ့သူတွေနဲ့ဆိုရင်တော့ စကားအရမ်းပြောပြီး အရမ်းအရယ်သန်တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။
ငယ်ငယ်တုန်းက သင်္ကြန်မှာဆိုရင် နေတိုးကို တွေ့ချင်လို့ အဖေနဲ့ ခရီးတွေ လိုက်သွားဖြစ်တယ်လို့ အင်တာဗျူးတစ်ခုမှာ ပြောသွားခဲ့ပါတယ်။
သဇင်ထူးမြင့်က “ဖေဖေတို့ နေပြည်တော် သင်္ကြန်တုန်းက ၃နှစ်သင်္ကြန်သွားရတယ်။ အဲ့၃နှစ်လုံး ညီမလိုက်တယ်။ အဲ့တုန်းက ဆယ်တန်းတောင် မပြီးသေးဘူး ဆယ်တန်း မပြီးသေးတဲ့ နှစ်တွေလည်း ပါတယ်။
အဲ့တုန်းကဆိုရင်
လိုက်တယ်ဆိုတာက ဦးနေတိုးပါလို့ ကိုနေတိုးပေါ့နော် ကိုနေတိုးပါလို့ ဒီမဏ္ဍပ်မှာ အမြဲတမ်း တွေ့ရတယ်လေ ပထမ ၂နှစ်လောက်က ကိုနေတိုးပါတယ်။ အဲ့တော့ အမြဲတမ်းတွေ့နေရတယ် အဲ့သင်္ကြန်လေးကတော့ အမှတ်တရ ဖြစ်တယ်။”လို့ ပြောသွားခဲ့ပါတယ်။
တကယ်လို့ ကိုနေတိုးနဲ့ အတူတူ ဇာတ်ကားတွေ ရိုက်ခွင့်ရမယ်ဆိုရင် ဘယ်လိုပုံစံမျိုးလေးတွေ ရိုက်ချင်လဲလို့ မေးမြန်းရာ” အဲ့လိုမျိုးတော့ မစဉ်းစားဘူး ဒါပေမဲ့ ရိုက်တော့ အရမ်းရိုက်ချင်တယ်။ ငယ်ငယ်လေးကတည်းက ကြိုက်တာ။ “လို့ ပြောခဲ့ပါတယ်။
ကိုနေတိုး ဒီနှစ်မှာ အကယ်ဒမီနဲ့ လွဲခဲ့တာနဲ့ ပတ်သက်ပြီး “နည်းနည်းတော့ အံ့ဩသွားတာပေါ့နော်။ ဒါပေမဲ့လည်း ဘယ်သူရရပါ။”လို့ ပြောခဲ့ပါတယ်။
အခုလာမယ့် သင်္ကြန်နဲ့ ပတ်သက်ပြီးတော့လည်း “သင်္ကြန်က ဖေဖေတို့နဲ့ ခရီးလိုက်သွားဖို့ ဒါပေမဲ့ အခုတော့ မလိုက်ဘူး အိမ်မှာပဲပေါ့နော်။ ညီမ အိမ်မှာ နေရတာ ကြိုက်တယ် အဲ့လိုဆိုတော့ သင်္ကြန်တွင်းကို အိမ်မှာ နေမယ် ပြီးတော့ ဖေဖေ ကနှစ်ဆန်းတစ်ရက်နေ့ကျရင် ဖေဖေ့မွေးနေ့ ရှိတယ်။
အလှူလည်းရှိတယ်ဆိုတော့ စီစဉ်စရာရှိတာပေါ့နော် ကိုကြီးတို့က မဏ္ဍပ်သွားမှာဆိုတော့ အိမ်မှာပဲ လူကြီးတွေနဲ့ ဝိုင်းစီစဉ်ပေးမယ်။ အိမ်တွင်းပုန်းပဲ အသားအရည်ပျက်စီးမှာဆိုးလို့။”လို့ ပြောခဲ့ပြီး အိမ်အထိ ရေလာလောင်းမယ့်သူတေီကိုတော့ “အိမ်မှာက ခွေး၁၃ကောင်ရှိတယ် လာရဲရင်လာ”လို့ ချစ်စဖွယ်အမူအရာလေးနဲ့ သဇင်ထူးမြင့်က ဖြေသွားခဲ့ပါတယ်။
အစ်ကိုဖြစ်သူနဲ့ မဏ္ဍပ်ကို မလိုက်သွားဖြစ်ဘူးလားလို့ မေးမြန်းရာ “လိုက်မသွားတာ ညီမက အဲ့လို မသွားတတ်တာ မဏ္ဍပ်လည်း မထိုင်ဘူး။ “လို့ပြောခဲ့ပါတယ်။
Credit \\ original