Latest Posts

အခ်စ္ရဆုံးေခြးေလးေသလုိ႔ ဘတ္(၁.၅)သန္းတန္ အုတ္ဂူေဆာက္ေပးခဲ့တဲ့ ထုိင္းဇနီးေမာင္ႏွံ


ကိုယ္အိမ္မွာေမြးထားတဲ့ အိမ္ေမြးတိရစာၦန္ေလးေတြဆိုတာ ေရစက္ပါလို႔ လာဆံုၾကရတာပါ။ အခ်ိန္တန္ရင္ေတာ့ ခြဲၾကရမွာ မွန္ေပမဲ့ ဘယ္သူမွေတာ့ ခြဲခ်င္ၾကမွာ မဟုတ္ပါဘူး။ အကယ္လို႔ ခြဲၾကရရင္ေတာင္ ေကာင္းေသာလမ္းခြဲျခင္းနဲ႔ ခြဲၾကရမွာပါ။ အခုလည္း ထိုင္းႏိုင္ငံက ဇနီးေမာင္ႏွံႏွစ္ေယာက္ရဲ႕ လုပ္ရပ္က ေလးစားစရာပါ။

အသက္ၾကီးလာလို႔ သဘာ၀အတိုင္းေသဆံုးသြားတဲ့ သူတို႔ရဲ႔ ေခြးေလးအတြက္ တစ္ခုခုလုပ္ေပးဖို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္။ အလွဴအတန္းနဲ႔ ေနာက္ဆံုးခရီးအတြက္ အေကာင္းဆံုးလုပ္ေပးခဲ့တဲ့အျပင္ ေတာ္ရံုလူမလုပ္ႏုိင္တဲ့ အေကာင္းစား အုတ္ဂူနဲ႔ ေခြးေလးအတြက္ တည္ေဆာက္ေပးခဲ့ၾကပါတယ္။ အုတ္ဂူက ေတာ္ေတာ္ေလးမွ နည္းပညာျမင့္မားျပီး ထိုင္းေငြ ဘတ္ (၁.၅)သန္းကုန္က်ခဲ့ပါတယ္။

အထဲမွာ အေလိုအေလ်ာက္အေအးစနစ္ကို ဖန္တီးေပမဲ့ အေအးခန္းကို ထည္႔သြင္းတည္ကာ အုတ္ဂူကို တကယ့္ အေအးတိုက္ပံုစံတစ္ခုလို ျငိမ္းျငိမ္းခ်မ္းခ်မ္းနဲ႔ အနားယူလို႔ရေအာင္ လုပ္ေပးခဲ့ပါတယ္။ ဘာလို႔ ဒီလိုလုပ္ေပးခဲ့ရလဲဆိုတဲ့အေၾကာင္းကို ပိုင္ရွင္သူေဌး ဆြန္ဘိုဆတ္က အခုလိုပဲ ေျပာခဲ့ပါတယ္။

အေမက ခရစ္ယာန္၊ အေဖက ဗုဒၶဘာသာ ဒါေၾကာင့္ ကၽြန္ေတာ္တို႔အားလံုးက သူ႔အတြက္ တကယ့္ကို လွလွပေပေေလးတည္ေဆာက္ေပးဖို႔ကို ဆံုးျဖတ္ခဲ့ၾကတယ္။ ကၽြန္ေတာ္တို႔ အကယ္လို႔ သူ႕ကို ျပန္ထုတ္ခ်င္တယ္ဆိုရင္ေတာင္ အခ်ိန္မေရြး အေကာင္းတိုင္း ျပန္ျမင္ရတယ္ေလ’လို႔ ေျပာခဲ့ပါတယ္။ သူတို႔က အေခါင္းကို တကယ့္အဆင့္ျမင့္ေဆာက္ခဲ့တာျဖစ္လို႔ ေခြးေလးကအေကာင္းတိုင္းျမင္ေနရမွာပါ။

အေခါင္းကို ႏွစ္ခုေဆာက္ခဲ့တာျဖစ္ျပီး၊ တစ္ခုက အေအးဓာတ္လြန္ကဲလာလို႔ ေနာက္တစ္ခုကို ခဏေျပာင္းရမယ္ဆိုရင္ အသံုးျပဳလို႔ရေအာင္ တစ္ခါတည္းေဆာက္ထားတယ္သိရပါတယ္။ ေတာ္ေတာ္ေလးကို သံေယာဇဥ္ရွိပံုရျပီး၊ လူနဲ႔မျခားခ်စ္ခဲ့ၾကတာကို သူတို႔ရဲ႕ အျပဳအမူေတြက သက္ေသျပေနပါတယ္။
သူေရး (D Nae Thit)ျပည္တြင္းမီဒီယာမ်ားမွ ကူးယူထားေသာ သတင္းမဟုတ္ပါ။ D Nae Thit Media ၏ ပင္တုိင္ေဆာင္းပါးရွင္ “ သူေရး ”မွ Metro တြင္ ေဖာ္ျပထားေသာ သတင္းကို ကိုးကားထားျခင္းျဖစ္ပါသည္။credit-original

Unicode

အချစ်ရဆုံးခွေးလေးသေလို့ ဘတ်(၁.၅)သန်းတန် အုတ်ဂူဆောက်ပေးခဲ့တဲ့ ထိုင်းဇနီးမောင်နှံ

ကိုယ်အိမ်မှာမွေးထားတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေဆိုတာ ရေစက်ပါလို့ လာဆုံကြရတာပါ။ အချိန်တန်ရင်တော့ ခွဲကြရမှာ မှန်ပေမဲ့ ဘယ်သူမှတော့ ခွဲချင်ကြမှာ မဟုတ်ပါဘူး။ အကယ်လို့ ခွဲကြရရင်တောင် ကောင်းသောလမ်းခွဲခြင်းနဲ့ ခွဲကြရမှာပါ။ အခုလည်း ထိုင်းနိုင်ငံက ဇနီးမောင်နှံနှစ်ယောက်ရဲ့ လုပ်ရပ်က လေးစားစရာပါ။

အသက်ကြီးလာလို့ သဘာဝအတိုင်းသေဆုံးသွားတဲ့ သူတို့ရဲ့ ခွေးလေးအတွက် တစ်ခုခုလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ အလှူအတန်းနဲ့ နောက်ဆုံးခရီးအတွက် အကောင်းဆုံးလုပ်ပေးခဲ့တဲ့အပြင် တော်ရုံလူမလုပ်နိုင်တဲ့ အကောင်းစား အုတ်ဂူနဲ့ ခွေးလေးအတွက် တည်ဆောက်ပေးခဲ့ကြပါတယ်။ အုတ်ဂူက တော်တော်လေးမှ နည်းပညာမြင့်မားပြီး ထိုင်းငွေ ဘတ် (၁.၅)သန်းကုန်ကျခဲ့ပါတယ်။

အထဲမှာ အလေိုအလျောက်အအေးစနစ်ကို ဖန်တီးပေမဲ့ အအေးခန်းကို ထည့်သွင်းတည်ကာ အုတ်ဂူကို တကယ့် အအေးတိုက်ပုံစံတစ်ခုလို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အနားယူလို့ရအောင် လုပ်ပေးခဲ့ပါတယ်။ ဘာလို့ ဒီလိုလုပ်ပေးခဲ့ရလဲဆိုတဲ့အကြောင်းကို ပိုင်ရှင်သူဌေး ဆွန်ဘိုဆတ်က အခုလိုပဲ ပြောခဲ့ပါတယ်။

‘ အမေက ခရစ်ယာန်၊ အဖေက ဗုဒ္ဓဘာသာ ဒါကြောင့် ကျွန်တော်တို့အားလုံးက သူ့အတွက် တကယ့်ကို လှလှပပေေလေးတည်ဆောက်ပေးဖို့ကို ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်တော်တို့ အကယ်လို့ သူ့ကို ပြန်ထုတ်ချင်တယ်ဆိုရင်တောင် အချိန်မရွေး အကောင်းတိုင်း ပြန်မြင်ရတယ်လေ’လို့ ပြောခဲ့ပါတယ်။ သူတို့က အခေါင်းကို တကယ့်အဆင့်မြင့်ဆောက်ခဲ့တာဖြစ်လို့ ခွေးလေးကအကောင်းတိုင်းမြင်နေရမှာပါ။

အခေါင်းကို နှစ်ခုဆောက်ခဲ့တာဖြစ်ပြီး၊ တစ်ခုက အအေးဓာတ်လွန်ကဲလာလို့ နောက်တစ်ခုကို ခဏပြောင်းရမယ်ဆိုရင် အသုံးပြုလို့ရအောင် တစ်ခါတည်းဆောက်ထားတယ်သိရပါတယ်။ တော်တော်လေးကို သံယောဇဉ်ရှိပုံရပြီး၊ လူနဲ့မခြားချစ်ခဲ့ကြတာကို သူတို့ရဲ့ အပြုအမူတွေက သက်သေပြနေပါတယ်။credit- original