Latest Posts
မောင်လေးတွေ ငုတ်တုတ်မေ့သွားနိုင်အောင် လှရက်လွန်းနေတဲ့ အေးဝတ်ရည်သောင်း
unicode
အလှမယ်ဘဝကနေ အနုပညာလောကထဲကို ဝင်ရောက်လာခဲ့တဲ့ အေးဝတ်ရည်သောင်းက ငယ်စဉ်ကတည်းက ယောကျာ်းလေးပရိသတ်တွေရဲ့ အားပေးခြင်းကို ခံခဲ့ရတဲ့ သူတစ်ယောက်ပဲ ဖြစ်ပါတယ်။
အေးဝတ်ရည်သောင်းက လက်ရှိအရွယ်ထိလည်း ပရိသတ်တွေက သည်းသည်းလှုပ် ချစ်ကြတဲ့ မင်းသမီးလေးတစ်ယောက်ပါပဲ။ အေးဝတ်ရည်သောင်းက လက်ရှိမှာလည်း အနုပညာလုပ်ငန်းတွေကို လက်မလည်အောင် လုပ်ကိုင်နေလျက်ရှိတာကို တွေ့ရပါတယ်။
အေးဝတ်ရည်သောင်းက ပြီးခဲ့တဲ့ သြဂုတ်လ(၁၇) ရက်နေ့က ကျင်းပပြုလုပ်တဲ့ Samsung ရဲ့ Galaxy Note 10 မိတ်ဆက်ပွဲ အခမ်းအနားကို တက်ရောက်ပေးခဲ့တာကို တွေ့ရပါတယ်။ မိုမိုလေးပရိသတ်တွေအတွက် အေးဝတ်ရည်သောင်းရဲ့ ပုံရိပ်တွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အေးဝတ်ရည်သောင်းကတော့ မဟာဆန်တဲ့ အလှနဲ့ ပုရိသတွေရဲ့ အသည်းစိုင်ကို လှုပ်ခါနိုင်တဲ့ သူလေး တစ်ယောက်ပါပဲ။ အမြဲတမ်း မျက်နှာလေးကြည်ပြီး အေးချမ်းတဲ့ အေးဝတ်ရည်သောင်းကို ယောကျာ်းလေးပရိသတ်တွေသာမက မိန်းကလေးပရိသတ်တွေကပါ ချစ်ခင်ကြတာ ဖြစ်ပါတယ်။
အေးဝတ်ရည်သောင်းကတော့ အခုချိန်ထိ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာသာမက ဇာတ်လမ်းတွဲတွေမှာပါ သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း ဒေါင်း၊ ဝတ်မှုံရွှေရည်တို့နဲ့ “ဝတ်လဲတော်ရွှေပုဆိုး၊ တန်းထိုးလို့ကြိုမယ်” ရုပ်ရှင်ဇာတ်ကားကြီးမှာ သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။Credit-original