Latest Posts

သူစိမ်းအိမ်ရုပ်ရှင်ကားကြီးကို သူစိမ်းတစ်ယောက်နဲ့ သွားကြည့်ခဲ့တယ်ဆိုပြီးပရိသတ်တွေကို ရန်ခုန်အောင်လုပ်လိုက်ပြန်တဲ့ ခင်လေးနွယ်


ပရိသတ်ကြီးရေ အေးချမ်းလှတဲ့မျက်နှာလေးနဲ့ တည်ငြိမ်တဲ့အလှကိုပိုင်ဆိုင်ထားတဲ့ တိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့ ခင်လေးနွယ်ကို အားလုံးပဲသိကြမယ်ထင်ပါတယ်။

သူမဟာ တစ်ကိုယ်တည်းအပျိုကြီးအဖြစ် လှလှပပရပ်တည်နေပြီး ခရီးထွက်ရတာကိုလဲ အလွန်သဘောကျသူတစ်ဦးဖြစ်ပါတယ်။မိန်းကလေးပရိသက်များ အားကျရတဲ့ ခန္ဓာကိုယ်အချိုးအစားပိုင်ဆိုင်ထားသူဖြစ်ပြီး အရမ်းကိုချစ်စရာကောင်းတဲ့ အပျိုကြီးမမပဲဖြစ်ပါတယ်။

အပျိုကြီးမမ ခင်လေးကသူမရဲ့နေ့စဉ်လှုပ်ရှားမှုပုံရိပ်များကိုလူမှုကွန်ယက်ဖေ့ဘွတ်စာမျက်နှာပေါ်တွင်ဖော်ပြလေ့ရှိတာလည်းတွေ့ရပါတယ်။

သူမဟာ ခရီးတွေဆက်တိုက် ထွက်နေတာဖြစ်ပြီး ခရီးသွားပုံလေးတွေကိုလည်း အမြဲလိုဖော်ပြလေ့ရှိတာတွေ့ရပါတယ်။ဒီလိုပရိသတ်များချစ်ခင်ပြီး အားကျနှစ်သက်ရတဲ့ အပျိုကြီးမမခင်လေးနွယ်ကတော့ မကြာသေးခင်ကာလကသူမရဲ့ချစ်သူကိုအလင်းပြခဲ့တာပဲဖြစ်ပါတယ်။

သူမရဲ့ချစ်ရသူလေးဖက်ထားတဲ့ပုံရိပ်လေးကို လွမ်းဆွတ်တမ်းတရင်း တင်လိုက်တဲ့ပုံရိပ်လေးဟာဆိုရင် ပရိသတ်များအကြားရေပန်းစားခဲ့ပြီး ပုရိသတွေရဲ့အသည်းကိုကွဲစေခဲ့တာပဲ ဖြစ်ပါတယ်နော်။ဒီကနေ့မှာဆိုရင်လဲ ခင်လေးတစ်ယောက်ဟာ ပရိသတ်များ တခဲနက်အားပေးကြည့်ရှုခဲ့ကြတဲ့ “သူစိမ်းအိမ်”ရုပ်ရှင်ကားကြီးကို ကြည့်ရှုရင်းအပန်းဖြေနေတာပဲ ဖြစ်ပါတယ်။


ခင်လေးက”သူစိမ်းအိမ်ကို သူစိမ်းတစ်ယောက်နဲ့ကြည့်ခဲ့တယ်”ဆိုပြီး သူမရဲ့ Facebook Page မှာတင်ခဲ့တာပဲ ဖြစ်ပါတယ်။ကဲ…ပရိသတ်ကြီးရေ လျို့ဝှက်တတ်တဲ့ အပျိုကြီးမမခင်လေး ရေးသားခဲ့တဲ့ “သူစိမ်းတစ်ယောက်”ဆိုတာ ဘယ်သူများလဲဆိုတာ အားလုံးပဲသိချင်နေကြပြီထင်ပါတယ်နော်။Credit-original