Latest Posts

“😍😍‘လွ’တာက ခ်က္စားလို႔မရဘူး ‘ဝ’တာက ဖက္ထားလို႔ရတယ္😍😍😍”


ခ်စ္ျခင္းေမတၱာရဲ့အဓိပၸါယ္ကို အတိအက်ဘာသာျပန္ဖို႔ ခက္ပါတယ္။ အခ်စ္နဲ႔ပက္သက္ရင္ လူတိုင္းမွာ ကိုယ္ပိုင္ ဒႆနေတြ၊ ဖြင့္ဆိုခ်က္ေတြ ကြဲျပားစြာရွိေနနိုင္ပါတယ္။ အခ်ိဳ႕က ေခ်ာမွလွမွ၊ အခ်ိဳ႕က ပစၥည္းဥစၥာျပည့္စုံမွ၊ အခ်ိဳ႕က ပညာတတ္မွ၊ အခ်ိဳ႕က စိတ္သေဘာထားေကာင္းမွ၊ အခ်ိဳ႕က အားလုံးျပည့္စုံမွ စသည္ျဖင့္ေပါ့..။





ဒါေပမယ့္ ထိုင္းနိုင္ငံမွာ မၾကာေသးမီကမွ လက္ထပ္လိုက္ၾကတဲ့ မဂၤလာစုံတြဲရဲ့ သတို႔သားကေတာ့ ‘ဝ’တာေလးကိုမွ သိပ္ခ်စ္မိတယ္လို႔ ဆိုပါတယ္။ သူတို႔ ေမာင္ႏွံရဲ့ မဂၤလာေဆာင္ပုံရိပ္ေတြက ထူးျခားၿပီး ခ်စ္ဖို႔လည္းေကာင္းပါတယ္။




ဝဝကစ္ကစ္နဲ႔ သတို႔သမီးေလးက သူမရဲ့အျဖစ္ကို မယုံၾကည္နိုင္ဘူးလို႔ဆိုပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူမဟာ သာမန္အမ်ိဳးသမီးေတြထက္ ‘ဝ’လြန္းတာေၾကာင့္ သူမကို ခ်စ္မယ့္သူ မရွိဘူးလို႔ ထင္ေနခဲ့တာပါ။



သတို႔သားျဖစ္တဲ့ အမ်ိဳးသားနဲ႔ လြန္ခဲ့တဲ့ တစ္ႏွစ္ေလာက္တုန္းက အြန္လိုင္းေပၚမွာ ဆုံခဲ့ၿပီး ခင္မင္ခဲ့ၾကရင္းက သူမကို ခ်စ္တယ္လို႔ ေျပာလာတဲ့အခါ ေနာက္ေျပာင္က်ီစယ္ေနတာလို႔ပဲ ထင္ခဲ့တယ္လို႔ ဆိုပါတယ္။
ဒါေပမယ့္ တစ္ႏွစ္ၾကာခဲ့ၿပီးတဲ့ေနာက္မွာေတာ့ အမ်ိဳးသားက က်ီစယ္တာမဟုတ္ပဲ သူတစ္ကယ္ခ်စ္တာပါဆိုတဲ့အေၾကာင္းကို လက္ထပ္ယူၿပီး သက္ေသျပခဲ့တာျဖစ္ပါတယ္။ သတိုးသမီးနဲ႔ သတို႔သားတို႔ရဲ့ ေပ်ာ္ရႊင္ေနတဲ့ ျမင္ကြင္းေလးက ၾကည္ႏူးစရာပါ။



“သူမက ကၽြန္ေတာ့္အတြက္ေတာ့ အျမဲတမ္းခ်စ္စရာေကာင္းေနတယ္၊ ၿပီးေတာ့ ကၽြန္ေတာ့္ကိုလည္း ဂ႐ုစိုက္တယ္။ ကၽြန္ေတာ့္ခ်စ္သူကို ဝတယ္လို႔ ဘယ္သူေျပာမလဲ..? ေျပာေလ ကၽြန္ေတာ္ဂ႐ုလုံးဝမစိုက္ပါဘူး၊ ဘာေၾကာင့္လဲဆိုေတာ့ အဲဒီဝတာေလးကိုက ကၽြန္ေတာ့္ကို စိတ္ခ်မ္းသာ ေပ်ာ္ရႊင္ေစလို႔ပါ” ဟု သတို႔သားက ေျပာၾကားခဲ့ပါတယ္။



ကဲ.. ဝဝကစ္ကစ္ေလးေတြကိုမွ ခ်စ္တယ္ဆိုတဲ့သူေတြရွိရင္ မန႔္ခဲ့ဦးေနာ္..။


Credit:original

Unicode Version

ချစ်ခြင်းမေတ္တာရဲ့အဓိပ္ပါယ်ကို အတိအကျဘာသာပြန်ဖို့ ခက်ပါတယ်။ အချစ်နဲ့ပက်သက်ရင် လူတိုင်းမှာ ကိုယ်ပိုင် ဒဿနတွေ၊ ဖွင့်ဆိုချက်တွေ ကွဲပြားစွာရှိနေနိုင်ပါတယ်။ အချို့က ချောမှလှမှ၊ အချို့က ပစ္စည်းဥစ္စာပြည့်စုံမှ၊ အချို့က ပညာတတ်မှ၊ အချို့က စိတ်သဘောထားကောင်းမှ၊ အချို့က အားလုံးပြည့်စုံမှ စသည်ဖြင့်ပေါ့..။
ဒါပေမယ့် ထိုင်းနိုင်ငံမှာ မကြာသေးမီကမှ လက်ထပ်လိုက်ကြတဲ့ မင်္ဂလာစုံတွဲရဲ့ သတို့သားကတော့ ‘ဝ’တာလေးကိုမှ သိပ်ချစ်မိတယ်လို့ ဆိုပါတယ်။ သူတို့ မောင်နှံရဲ့ မင်္ဂလာဆောင်ပုံရိပ်တွေက ထူးခြားပြီး ချစ်ဖို့လည်းကောင်းပါတယ်။

ဝဝကစ်ကစ်နဲ့ သတို့သမီးလေးက သူမရဲ့အဖြစ်ကို မယုံကြည်နိုင်ဘူးလို့ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ သူမဟာ သာမန်အမျိုးသမီးတွေထက် ‘ဝ’လွန်းတာကြောင့် သူမကို ချစ်မယ့်သူ မရှိဘူးလို့ ထင်နေခဲ့တာပါ။

သတို့သားဖြစ်တဲ့ အမျိုးသားနဲ့ လွန်ခဲ့တဲ့ တစ်နှစ်လောက်တုန်းက အွန်လိုင်းပေါ်မှာ ဆုံခဲ့ပြီး ခင်မင်ခဲ့ကြရင်းက သူမကို ချစ်တယ်လို့ ပြောလာတဲ့အခါ နောက်ပြောင်ကျီစယ်နေတာလို့ပဲ ထင်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါပေမယ့် တစ်နှစ်ကြာခဲ့ပြီးတဲ့နောက်မှာတော့ အမျိုးသားက ကျီစယ်တာမဟုတ်ပဲ သူတစ်ကယ်ချစ်တာပါဆိုတဲ့အကြောင်းကို လက်ထပ်ယူပြီး သက်သေပြခဲ့တာဖြစ်ပါတယ်။ သတိုးသမီးနဲ့ သတို့သားတို့ရဲ့ ပျော်ရွှင်နေတဲ့ မြင်ကွင်းလေးက ကြည်နူးစရာပါ။

“သူမက ကျွန်တော့်အတွက်တော့ အမြဲတမ်းချစ်စရာကောင်းနေတယ်၊ ပြီးတော့ ကျွန်တော့်ကိုလည်း ဂရုစိုက်တယ်။ ကျွန်တော့်ချစ်သူကို ဝတယ်လို့ ဘယ်သူပြောမလဲ..? ပြောလေ ကျွန်တော်ဂရုလုံးဝမစိုက်ပါဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒီဝတာလေးကိုက ကျွန်တော့်ကို စိတ်ချမ်းသာ ပျော်ရွှင်စေလို့ပါ” ဟု သတို့သားက ပြောကြားခဲ့ပါတယ်။

ကဲ.. ဝဝကစ်ကစ်လေးတွေကိုမှ ချစ်တယ်ဆိုတဲ့သူတွေရှိရင် မန့်ခဲ့ဦးနော်..။

Credit:original