ဘယ်သူမှသတိမထားမိဘဲ ရေနှစ်နေတဲ့ ကလေးကို ဝင်ကယ်တဲ့ Deliver လေး
Credit \\ original
Unicode Version
( Video ဖိုင်ကို အောက်ဆုံးမှာ တွဲပြီး တင်ပေးထားပါတယ် )
ချစ်ခင်လေးစားရတဲ့ စာရှုသူများခင်ဗျာ..
စာဖတ်ပရိသတ်များကို ဒီနေ့တင်ဆက်ပေးချင်တဲ့ ရုပ်သံဖိုင်လေးကတော့ အင်မတန်မှကို လူကြည့်များပြီး ၊ လူအများက ကောင်းမွန်တဲ့
မှတ်ချက်တွေပြုထားတဲ့ ရုပ်သံဖိုင်လေးလည်း ဖြစ်သလို ၊ ကလေးတွေကို (ဆော့ပါစေဆိုပြီး) ပစ်ထားပြီး ဖုန်းသာပွတ်နေတတ်တဲ့ မိဘ
တွေအတွက်လည်း သတင်းစကားတစ်ခုဖြစ်ပါတယ်။
အခုတင်ပြမည့် ရုပ်သံဖိုင်လေးမှာ ကလေးငယ်လေးတွေဟာ မြစ်နံဘေးမှာ ကလေးသဘာဝ ဆော့ရာကနေ လွန်ပြီး မြစ်ထဲကို ကျသွားခဲ့
ပါတယ်။ အနီးနားမှာလည်း ကယ်ဆယ်နိုင်တဲ့လူကြီးမတွေ့ရပဲ ရွယ်တူကလေးသာ ရှိနေချိန်မှာပဲ ကံကောင်းထောက်မစွာ မြစ်နံဘေးက
ဖြတ်သွားတဲ့ Deliver သမားက အသက်ကိုကယ်တင်ပေးနိုင်ခဲ့ပါတယ်..။
ဒါဟာ အင်မတန်မှကို မြင့်မြတ်တဲ့နှလုံးသားရှိတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေရဲ့ လုပ်ရပ်တစ်ခုဖြစ်သလို..မိဘတွေ အတွက်တော့ ကလေးတွေ
ကို ဂရုစိုက်နိုင်ဖို့ သတိပေးလိုက်တဲ့ဖြစ်ရပ်တစ်ခုပဲ ဖြစ်ပါတယ်..။
ဒါကြောင့် မိမိကလေးတွေကို အတတ်နိုင်ဆုံး အချိန်ပေး ဂရုစိုက်ကြဖို့ ဒီရုပ်သံဖိုင်လေးနဲ့အတူ တိုက်တွန်းလိုက်ပါရစေခင်ဗျာ..
ရုပ်သံဖိုင်ကိုကြည့်ရန်နှိပ်ပါ
writer- SMT (နေ့စဉ်သတင်းနှင့်သုတရသအဖြာဖြာ)
video-China Xinhua News
Credit \\ original