ရေးဘေးသင့်ပြည်သူတွေအတွက် အလှူငွေတွေ လှူဒါန်းလိုက်တဲ့ ရွှေပိုးအိမ်
မင်းသမီးချောလေးရွှေပိုးအိမ်ကတော့ အနုပညာလောကမှာပရိသတ်တွေရဲ့အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားပြီး ရိုးရှင်းပြီးအေးချမ်းတဲ့အလှပုံရိပ်လေးတွေကြောင့်လည်း ပရိသတ်တွေကအမြဲအချစ်ပိုနေရတာ ဖြစ်ပါတယ်..။
ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာသိမ်းပိုက်ထားတဲ့ မင်းသမီးချောလေး သူမကတော့ လှူဒါန်းကုသိုလ်ယူမှုတွေကို မကြာခဏပြုလုပ်လေ့ရှိတဲ့ မင်းသမီးချောလေးတစ်ဦးပါပဲ..။
အမြဲတမ်းလှူဒါနးမှုတွေပြုလုပ်လေ့ရှိတဲ့ ရွှေပိုးအိမ်လေးကတော့ လတ်တလောမှာလည်း ရေဘေးသင့်ဒေသ ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်နေ ကူညီ လှူဒါန်းမှုများ ပြုလုပ်ခဲ့ပါတယ်..။
ဒီကနေ့ သြဂုတ်လ(၁၂)ရက်နေ့မှာပဲ We Love Shwe Poe Eain ကနေ အလှူငွေအဖြစ် ကျပ်(၃)သိန်းကို မွန်ပြည်နယ် ရေဘေးသင့်ဒေသအတွက် ဦးကျော်သူတို့ရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ထည့်ဝင်လှူဒါန်းကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ်နော်..။
အခုလိုလှူဒါန်းခဲ့တဲ့ ပီတိဖြစ်စရာ အလှူလေးကို ချစ်ပရိသတ်တွေ သာဓုခေါ်ကုသိုလ်ယူနိုင်ဖို့အတွက် ရွှေပိုးအိမ်က ပြန်လည်မျှဝေထားပြီး ပရိသတ်တွေကလည်း ချီးကျူးသာဓုခေါ် ဆုတောင်းစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်နော်..။ဒီကနေ့လေးမှာတော့ ချစ်ပရိသတ်တွေအတွက် တက်နိုင်တဲ့ ဘက်ကနေ ကူညီလှူဒါန်းခဲ့တဲ့ ရွှေပိုးအိမ်ရဲ့ အလှူပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်..။
Photo – ရွှေပိုးအိမ်\Credit -original