Latest Posts

“ရာသီအဖွင့် ဖလားလုပွဲမှာ ဘယ်သူ အနိုင် ရမလဲ . . . . ကွန်မြူနတီဒိုင်းပွဲကြို သုံးသပ်ချက်”

စူပါဖလား ပွဲ တွေ ဟာ ဘောလုံးရာသီ တစ်ခု ရဲ့ ပထမဆုံး အဖွင့် စာမျက်နှာ တွေလို့ ဆိုနိုင် ပါတယ် ။ ဥရောပ လိဂ် တွေ မှာ တော့ စူပါ ဖလား တွေ ဟာ ပြီးခဲ့ တဲ့ ရာသီ က အမှတ်ပေး ဖလား ချန်ပီယံ နဲ့ ရှုံးထွက် ဖလား ချန်ပီယံ တို့ ယှဉ်ပြိုင် ကစား ကြတဲ့ ပွဲတွေ ဖြစ်ခဲ့ ပါတယ် ။

အင်္ဂလန် မှာ လည်း ဒီလို စနစ် နဲ့ ကျင်းပ တာ ဖြစ် ပေမယ့် အမည် ကိုတော့ ကွန်မြူနတီဒိုင်း လို့ ပေးအပ် ထားခဲ့ ပါတယ် ။ ဒါကြောင့် “ဒိုင်း” လို့ အမည်ခံ ထား ပေမယ့် ပြည်တွင်း စူပါဖလား အဖြစ် မှတ်ယူ နိုင်မှာပဲ ဖြစ် ပါတယ် ။

ယခုနှစ် ကွန်မြူနတီဒိုင်း ပွဲ မှာ တော့ မန်ချက် စတာ စီးတီး နဲ့ လီဗာပူး အသင်း တို့ ရင်ဆိုင် ကစား ကြမှာ ပဲ ဖြစ် ပါတယ် ။ မနှစ် တုန်းက ပြည်တွင်း ဖလား အားလုံး ကို သိမ်းပိုက် နိုင် ခဲ့တဲ့ မန်စီးတီး ကြောင့် ရှုံးထွက် ဖလား ချန်ပီယံ နဲ့ အမှတ်ပေး ချန်ပီယံ အသင်း တူညီ နေခဲ့ကာ အမှတ်ပေး ဖလား မှာ ဒုတိယ ရခဲ့တဲ့ လီဗာပူး အသင်း နဲ့ ယှဉ်ပြိုင် ကစား ဖို့ ဖြစ်လာ ရတာပဲ ဖြစ် ပါတယ် ။

အသင်း ၂ သင်း ရဲ့ ပွဲကြို ပြင်ဆင် မှု မှာ တော့ မန်စီးတီး ဟာ လီဗာပူး ထက် ပိုပြီး အသာ ရရှိ ခဲ့ ပါတယ် ။ လီဗာပူး ကတော့ အာဖရိက ဖလား ပြိုင်ပွဲ ကို အဓိက တိုက်စစ်မှုး မာနေး စေလွှတ် ခဲ့ရပြီး ဒဏ်ရာ ရခဲ့ သလို အဲလစ်ဆွန် ၊ ဖာမီနို တို့ ကလည်း ဘရာဇီး နဲ့ ကိုပါ အမေရိက ဖိုင်နယ် အထိ ရောက်ခဲ့ တာ ကြောင့် ရာသီကြို ခြေစမ်းပွဲ တွေ မှာ လူမစုံဘဲ ဖြစ်ခဲ့ ရ ပါတယ် ။

စီးတီး ကလည်း ကစား သမား အချို့ ကို သက်ဆိုင်ရာ နိုင်ငံ ပြိုင်ပွဲတွေ ထံ စေလွှတ် ခဲ့ရ ပေမယ့် တိုက်စစ် ပိုင်း က စတာလင် ၊ ဆာနေး တို့ က တော့ ရာသီကြို ခြေစမ်းပွဲ တွေ မှာ ပါဝင် နိုင် ခဲ့ ပါတယ် ။ ဒါ့အပြင် အသက် လက်တီကို မက်ဒရစ် ကနေ ပြောင်းရွှေ့ လာတဲ့ ရော့ဒရီ ကလည်း ကွင်းလယ် မှာ ၀င် ကစား နေပြီ ဖြစ်တာ ကြောင့် လီဗာပူး ထက် ပိုပြီး အင်အား တောင့်တင်း နေမှာ ပဲ ဖြစ် ပါတယ် ။

မန်စီးတီး ရော လီဗာပူး ပါ ၄-၃-၃ ကစားကွက် ကို ခင်းကျင်း လာဖွယ် ရှိ ပါတယ် ။ စီးတီး တိုက်စစ် မှာတော့ ဘာနာဒို ၊ အဂွေရို ၊ စတာလင် တို့ လူစုံ နိုင်ပြီး လီဗာပူး ဘက် မှာတော့ မာနေး နေရာ မျာ ရှာကီရီ ၀င် ကစားဖွယ် ရှိ နေ ပါတယ် ။

ကွင်းလယ် မှာတော့ လီဗာပူး နည်းပြ ကလော့ ရဲ့ အခင်း အကျင်း အသစ် ကို မြင်ရနိုင် ပြီး လယ်လာနာ ကို စမ်းသပ် အသုံးပြု ကောင်း အသုံးပြု လာနိုင် ပါတယ် ။ ကီတာ ၊ ဖာဘင်ဟို နဲ့ ဟန်ဒါဆင် တို့ အနက် က ၂ ဦး ပွဲထွက် လာနိုင် ပြီး လယ်လာနာ ကို မသုံးရင် တော့ ၃ ဦး စလုံး ပါဝင် လာနိုင် ပါတယ် ။

မန်စီးတီး ဘက်မှာ လည်း ကစား သမားသစ် ရော့ဒရီ ( ရိုဒရီဂို ) ကို ဖာနန်ဒင်ဟို ရဲ့ နေရာ ကို ပေးကစား ဖွယ် ရှိပြီး ဒီဘရိုင်းနား နဲ့ ဒေးဗစ်ဆေးလ်ဗား တို့ ပါဝင် လာဖို့ ရှိ နေ ပါတယ် ။ နောက်တန်း မှာတော့ ၂ သင်း စလုံး လူစုံ ထုတ် ကစားဖို့ ရှိ နေပြီး စီးတီး ရဲ့ ဘယ် နောက်ခံလူ နေရာ မှာ တော့ ဇင်ချန်ကို ပွဲထွက် လာဖို့ ရှိ ပါတယ်

၂ သင်း စလုံး ဟာ ပြီးခဲ့တဲ့ ရာသီ တုန်းက အမှတ်ပေး ဖလား အတွက် အမှား မခံ တဲ့ အားပြိုင်ပွဲ ကို ဆင်နွဲ ခဲ့ကြ ပါတယ် ။ စီးတီး က လီဗာပူးး ကို နှာ တစ်ဖျား အသာ နဲ့ အနိုင် ရခဲ့ ပေမယ့် လီဗာပူး ကလည်း ချန်ပီယံ လိဂ် ကို အရယူ ကာ ဖလားလက်မဲ့ ဖြစ်မှု ကို အဆုံးသတ် ခဲ့ ပါတယ် ။ ခြေစွမ်း မှာတော့ ၂ သင်း စလုံး မတိမ်း မယိမ်း ဖြစ်ပြီး မာနေး မပါနိုင်တာ ကတော့ လီဗာပူး တိုက်စစ် ရဲ့ မြန်နှုန်း ကို ကန့်သတ် စေနိုင် ပါတယ် ။


မန်စီးတီး ဟာ မနှစ် က ထက် ပိုပြီး မြင့်မား တဲ့ ရည်မှန်းချက် တွေ နဲ့ ရာသီသစ် ကို စတင် ဖို့ အားခဲ နေ ပါတယ် ။ လီဗာပူး ကတော့ တစ်နှစ်ကောင်း ( One season wonder ) မဟုတ် ကြောင်း ကို သက်သေ ပြ နိုင်ဖို့ ကြိုးစား ရမှာပါ ။

ဒါကြောင့် ပရီးမီးယားလိဂ် ကိုပဲ အထူး အာရုံစိုက် ဖွယ် ရှိပြီး လူစုံစ ပြုချိန် ၊ ကစား သမား အားလုံး ဆီကနေ အပြည့်အ၀ စွမ်းအင်တွေ မရ နိုင်သေးချိန် မှာ ဒီဖလား ကို အရဲစွန့်ပြီး ပြင်းပြင်း ထန်ထန် ကစားဖို့ အလား အလာ နည်းနေ တယ် လို့ သုံးသပ် မိ ပါတယ် ။

စီးတီး ရှေ့တန်း က ဆာနေး နဲ့ စတာလင် တို့ ဟာ ရာသီကြို ခြေစမ်းပွဲ တွေ မှာ တော်တော်လေး ကောင်းးမွန် တိုးတက် လာတာ ကို မြင်တွေ့ ခဲ့ ရပြီး အခု ပွဲမှာ လည်း လီဗာပူး ခံစစ် ကို ခြိမ်းခြောက် ဒုက္ခ ပေး နိုင် ဖွယ် ရှိ ပါတယ် ။

လီဗာပူး ဘက် မှာတော့ အားထား ရတဲ့ မာနေး မပါတာ ကြောင့် ဖာမီနို တစ်ဦးတည်း တိုးရ ရုန်းရဖွယ် ရှိပြီး စီးတီး ထက် နှာတစ်ဖျား နိမ့်ကျနိုင် ဖွယ် ရှိ ပါတယ် ။ ကျန်တဲ့ နေရာတွေ မှာ အားမျှ နေတယ်လို့ ပြောမယ် ဆိုရင်တောင် တိုက်စစ်မှာတော့ စီးတီး တို့ အသာ ရဖွယ် ရှိ ပါတယ် ။

ဒါကြောင့် လာမယ့် ပွဲ မှာ ၂ သင်း စလုံး အပြန် အလှန် ထိုးဖောက် ကစားရင်း သရေ ကျကာ ပင်နယ်တီ အဆုံး အဖြတ် ခံယူ မလား ၊ စီးတီး ကပဲ ကပ်ပြီး အနိုင် ယူကာ ကွန်မြူနတီဒိုင်း ကို ၂ နှစ်ဆက် ဆွတ်ခူး မလား ဆိုတာ စောင့် ကြည့် ကြပါစို့ ခင်ဗျာ . . . .

Credit  \\  original