ေရေဘးဒဏ္ခံစားေနရတဲ့ ျပည္သူေတြအတြက္ ေဆာင္းဦးလႈိင္ရဲ႕ ကုသိုလ္အလႉ
ေဆာင္းဦးလႈိင္က သဘာဝေဘးဒဏ္ခံစားေနရတဲ့ မြန္ျပည္နယ္က ပရိသတ္ေတြအတြက္ နာေရးကူညီမႈအသင္းကေနတဆင့္ အလႉေငြ လႉခဲ့တာကို ေတြ႕ရပါတယ္။ သူကိုယ္တိုင္ကလည္း စိတ္မေကာင္းျဖစ္ေနတဲ့အေၾကာင္းေတြကို ဦးေက်ာ္သူကေနတဆင့္ အမွာစကားပါးထားပါေသးတယ္။အဆိုေတာ္ေဆာင္းဦးလႈိင္ဟာ ေရေဘးဒဏ္ခံစားေနရတဲ့ ျမန္မာႏိုင္ငံက ျပည္သူေတြအတြက္ ဝမ္းနည္းပူေဆြးလို႔ေနပါတယ္။ ဒါေၾကာင့္ နာေရးကူညီမႈအသင္းကေနတဆင့္ တတ္ႏိုင္သေလာက္ အလႉေငြေလး လႉဒါန္းခဲ့တယ္ ဆိုတဲ့အေၾကာင္းကို ေဆာင္းဦးလႈိင္ကိုယ္စား ဦးေက်ာ္သူက ေျပာျပထားပါတယ္။
‘’လူမႈဒုကၡေပါင္းမ်ားစြာရင္ဆိုင္ေနရရွာတဲ့ ဆင္းရဲႏြမ္းပါးေသာျပည္သူလူထုဟာတစ္ႏွစ္တစ္ခါ ေလာက္ ေရႀကီးတဲ့ဒဏ္ကို ခံစားၾကရျပန္ပါတယ္။ ကြၽန္ေတာ္ျပည္ပေရာက္ေနတာၾကာၿပီ။ သိပ္ေတာ့အထင္မႀကီးၾကပါနဲ႔။ မ်က္ႏွာငယ္ရတဲ့ဒုကၡကိုေန႔စဥ္ဆိုသလို ရင္ဆိုင္ေနရတာပါ။ လူမႈစီးပြားဘဝကလည္း တိုးတက္ႀကီးပြား လာတာမ်ိဳးမရွိပါဘူး’’လို႔ အစပ်ိဳးကာ ၾသဂုတ္ ၁၃ ရက္ေန႔ မနက္ ၉ နာရီက သူ႔ရဲ႕ ေဖ့စ္ဘြတ္မွာ ေရးသားခဲ့ပါတယ္။
ဦးေက်ာ္သူ ဦးေဆာင္တဲ့ နာေရးကူညီမႈအသင္းဟာ မြန္ျပည္နယ္အတြင္းမွာရွိတဲ့ ေရေဘးဒဏ္ကို အျပင္းအထန္ခံစားေနရတဲ့ ေဒသေတြကို သြားေရာက္လႉဒါန္းမယ္လို႔ သိရပါတယ္။ ဒါေၾကာင့္ ေဆာင္းဦးလႈိင္က ဒုကၡေရာက္ေနသူေတြအတြက္ စိတ္မေကာင္းျဖစ္ေနတဲ့အေၾကာင္း ရင္ဖြင့္ေျပာျပထားပါေသးတယ္။
‘’ဒါေပမယ့္ အမ်ားျပည္သူဒုကၡေရာက္ၿပီဆိုရင္ ရန္ကုန္နာေရးအသင္းသားကြၽန္ေတာ္ေနမရထိုင္မရ ျဖစ္ေနတတ္ပါတယ္။လူမႈေရးသမားရဲ႕ခံစားမႈဟာ ေလ်ာ့ပါးသြားျခင္းမရွိပါ။ အခုလည္းကြၽန္ေတာ့္အေဖနဲ႔ပူးေပါင္းၿပီး မြန္ျပည္နယ္ေရေဘးဒုကၡသည္ေတြကိုသြားေရာက္ လႉဒါန္းၾကေတာ့မယ့္ ဦးေက်ာ္သူဦးေဆာင္တဲ့ ကြၽန္ေတာ္ခ်စ္တဲ့ ရန္ကုန္နာကူအသင္းသားေတြ အားတက္ေအာင္ က်ပ္ေငြငါးသိန္း လႉဒါန္းလိုက္ ပါတယ္။ ကြၽန္ေတာ္လည္းအဆင္မေျပပါဘူးဗ်ာ။ ကိုယ့္ထက္ပိုၿပီးဒုကၡေရာက္ေနသူေတြအတြက္ ေဆာင္းဦးလႈိင္ 13.8.2019’’ ဆိုၿပီးေတာ့လည္း ဆက္လက္ေရးသားထားတာ ေတြ႕ရပါတယ္။
ေဆာင္းဦးလႈိင္(Song Oo Hlaing)ဟာ အခုဆိုရင္ ေဘာ္နီယိုကြၽန္းမွာ မိသားစုနဲ႔အတူ ေနထိုင္တာျဖစ္ပါတယ္။ သူဟာ လြန္ခဲ့တဲ့ ၅ ႏွစ္က ျမန္မာႏိုင္ငံကေန မိသားစုနဲ႔အတူ ေျပာင္းေ႐ႊ႕သြားတာပါ။ ၂၀၁၈ ခုႏွစ္ ဇြန္လ အတြင္းမွာေတာ့ ေနာက္ဆုံးထြက္ရွိထားတဲ့ ‘’ကမာၻ႔စံခ်ိန္’’ ဆိုတဲ့ တစ္ကိုယ္ေတာ္အေခြ ကလည္း ပရိသတ္ေတြ အားေပးမႈရရွိခဲ့ပါတယ္။ သူဟာ တစ္ကိုယ္ေတာ္ေဖ်ာ္ေျဖပြဲမလုပ္တာ ၁၁ ႏွစ္အၾကာမွ ၂၀၁၉ ခုႏွစ္ ေမလအတြင္းက စၿပီး အေမရိကမွာရွိတဲ့ Kentucky ျပည္နယ္ Louisville ၿမိဳ႕၊ Los Angeles ၿမိဳ႕၊ San Francisco Chicago ၿမိဳ႕ ၊ Fort Wayne ၿမိဳ႕၊ Mary land ၿမိဳ႕၊ New York ၿမိဳ႕ နဲ႔ Seattle ၿမိဳ႕ တို႔မွာ တစ္ကိုယ္ေတာ္ ေဖ်ာ္ေျဖပြဲ လုပ္ခဲ့တာ ေတြ႕ရပါတယ္။Credit -original
UNICODE
ရေဘေးဒဏ်ခံစားနေရတဲ့ ပြည်သူတွေအတွက် ဆောင်းဦးလှိုင်ရဲ့ ကုသိုလ်အလှူ
ဆောင်းဦးလှိုင်က သဘာဝဘေးဒဏ်ခံစားနေရတဲ့ မွန်ပြည်နယ်က ပရိသတ်တွေအတွက် နာရေးကူညီမှုအသင်းကနေတဆင့် အလှူငွေ လှူခဲ့တာကို တွေ့ရပါတယ်။ သူကိုယ်တိုင်ကလည်း စိတ်မကောင်းဖြစ်နေတဲ့အကြောင်းတွေကို ဦးကျော်သူကနေတဆင့် အမှာစကားပါးထားပါသေးတယ်။
အဆိုတော်ဆောင်းဦးလှိုင်ဟာ ရေဘေးဒဏ်ခံစားနေရတဲ့ မြန်မာနိုင်ငံက ပြည်သူတွေအတွက် ဝမ်းနည်းပူဆွေးလို့နေပါတယ်။ ဒါကြောင့် နာရေးကူညီမှုအသင်းကနေတဆင့် တတ်နိုင်သလောက် အလှူငွေလေး လှူဒါန်းခဲ့တယ် ဆိုတဲ့အကြောင်းကို ဆောင်းဦးလှိုင်ကိုယ်စား ဦးကျော်သူက ပြောပြထားပါတယ်။
‘’လူမှုဒုက္ခပေါင်းများစွာရင်ဆိုင်နေရရှာတဲ့ ဆင်းရဲနွမ်းပါးသောပြည်သူလူထုဟာတစ်နှစ်တစ်ခါ လောက် ရေကြီးတဲ့ဒဏ်ကို ခံစားကြရပြန်ပါတယ်။ ကျွန်တော်ပြည်ပရောက်နေတာကြာပြီ။ သိပ်တော့အထင်မကြီးကြပါနဲ့။ မျက်နှာငယ်ရတဲ့ဒုက္ခကိုနေ့စဉ်ဆိုသလို ရင်ဆိုင်နေရတာပါ။ လူမှုစီးပွားဘဝကလည်း တိုးတက်ကြီးပွား လာတာမျိုးမရှိပါဘူး’’လို့ အစပျိုးကာ သြဂုတ် ၁၃ ရက်နေ့ မနက် ၉ နာရီက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားခဲ့ပါတယ်။
ဦးကျော်သူ ဦးဆောင်တဲ့ နာရေးကူညီမှုအသင်းဟာ မွန်ပြည်နယ်အတွင်းမှာရှိတဲ့ ရေဘေးဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့ ဒေသတွေကို သွားရောက်လှူဒါန်းမယ်လို့ သိရပါတယ်။ ဒါကြောင့် ဆောင်းဦးလှိုင်က ဒုက္ခရောက်နေသူတွေအတွက် စိတ်မကောင်းဖြစ်နေတဲ့အကြောင်း ရင်ဖွင့်ပြောပြထားပါသေးတယ်။
‘’ဒါပေမယ့် အများပြည်သူဒုက္ခရောက်ပြီဆိုရင် ရန်ကုန်နာရေးအသင်းသားကျွန်တော်နေမရထိုင်မရ ဖြစ်နေတတ်ပါတယ်။လူမှုရေးသမားရဲ့ခံစားမှုဟာ လျော့ပါးသွားခြင်းမရှိပါ။ အခုလည်းကျွန်တော့်အဖေနဲ့ပူးပေါင်းပြီး မွန်ပြည်နယ်ရေဘေးဒုက္ခသည်တွေကိုသွားရောက် လှူဒါန်းကြတော့မယ့် ဦးကျော်သူဦးဆောင်တဲ့ ကျွန်တော်ချစ်တဲ့ ရန်ကုန်နာကူအသင်းသားတွေ အားတက်အောင် ကျပ်ငွေငါးသိန်း လှူဒါန်းလိုက် ပါတယ်။ ကျွန်တော်လည်းအဆင်မပြေပါဘူးဗျာ။ ကိုယ့်ထက်ပိုပြီးဒုက္ခရောက်နေသူတွေအတွက် ဆောင်းဦးလှိုင် 13.8.2019’’ ဆိုပြီးတော့လည်း ဆက်လက်ရေးသားထားတာ တွေ့ရပါတယ်။
ဆောင်းဦးလှိုင်(Song Oo Hlaing)ဟာ အခုဆိုရင် ဘော်နီယိုကျွန်းမှာ မိသားစုနဲ့အတူ နေထိုင်တာဖြစ်ပါတယ်။ သူဟာ လွန်ခဲ့တဲ့ ၅ နှစ်က မြန်မာနိုင်ငံကနေ မိသားစုနဲ့အတူ ပြောင်းရွှေ့သွားတာပါ။ ၂၀၁၈ ခုနှစ် ဇွန်လ အတွင်းမှာတော့ နောက်ဆုံးထွက်ရှိထားတဲ့ ‘’ကမ္ဘာ့စံချိန်’’ ဆိုတဲ့ တစ်ကိုယ်တော်အခွေ ကလည်း ပရိသတ်တွေ အားပေးမှုရရှိခဲ့ပါတယ်။ သူဟာ တစ်ကိုယ်တော်ဖျော်ဖြေပွဲမလုပ်တာ ၁၁ နှစ်အကြာမှ ၂၀၁၉ ခုနှစ် မေလအတွင်းက စပြီး အမေရိကမှာရှိတဲ့ Kentucky ပြည်နယ် Louisville မြို့၊ Los Angeles မြို့၊ San Francisco Chicago မြို့ ၊ Fort Wayne မြို့၊ Mary land မြို့၊ New York မြို့ နဲ့ Seattle မြို့ တို့မှာ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်ခဲ့တာ တွေ့ရပါတယ်။Credit -original