Latest Posts

မိဘုရားသစ်တင်မြှောက်ပြီး ၃ လအကြာမှာ ရည်းစားဟောင်းကို ကြင်ယာတော်သစ်အဖြစ် ထပ်မံရွေးကောက်လိုက်တဲ့ ထိုင်းဘုရင်


အသက် ၆၆ နှစ်အရွယ်ရှိတဲ့ ထိုင်းဘုရင်ဖြစ်သူ ဗာဂျီယာလောင်ကွန်းဟာ ကိုယ်ရံတော်တပ်မှူးဖြစ်သူ စူသီဒါကို လက်ထပ်ခဲ့ပြီး မိဘုရားအဖြစ်တင်မြှောက်ခဲ့ပါတယ်။ဒါပေမယ့် မိဘုရားတင်မြှောက်အပြီး ၃ လအကြာမှာတော့ ထိုင်းဘုရင်ဟာ ယခင်က ကာလကြာရှည်တွဲခဲ့သူ ရည်းစားဟောင်းကို ကြင်ယာတော်အသစ်အဖြစ် တရားဝင်လက်ထပ်လိုက်ပြန်ပါတယ်။

အသစ်လက်ထပ်လိုက်တဲ့ ကြင်ယာတော်ကတော့ အသက် ၃၄ နှစ်အရွယ် Sineenat Wongvajirapakdi ဖြစ်ပြီး သူမကို “Official Concubine” ဆိုတဲ့ အမည်နဲ့ မယားတင်မြှောက်ခဲ့တာဖြစ်ပါတယ်။

အဆိုပါအမည်ဟာ ထိုင်းနိုင်ငံမှာ ၁၉၂၁ ခုနှစ်နောက်ပိုင်း အသစ်မပြုတော့တဲ့ အမည်တစ်ခုပဲဖြစ်ပါတယ်။ ထိုင်းဘုရင်ဖြစ်သူဟာ ယခင်ကတည်းအိမ်ထောင်လေးဆက်ကျထားဖူးသူလည်းဖြစ်ပါတယ်။

ထိုင်းဘုရင်ဟာ သူ့ရဲ့ ကြင်ယာတော်အသစ်ဖြစ်သူကို သူ့ရဲ့မွေးနေ့မှာပဲ ဘွဲ့ထူးဂုဏ်ထူးတွေလည်း အပ်နှင်းခဲပါသေးတယ်။


အသက်ကြီးပေမယ့် ချစ်ခြင်းမေတ္တာတွေ အပြည့်ရှိတဲ့ထိုင်းဘုရင်ကတော့ ယခုတင်မြှောက်လိုက်တဲ့ ကြင်ယာတော်ဟာ သူ့ရဲ့ ၆ ယောက်မြောက် ဇနီးပဲဖြစ်ပါတယ်။Credit -original