Latest Posts

ေခ်ာင္းထဲ ေမ်ာပါသြားတဲ့ ကေလးငယ္ကို ေလးစားဖြယ္ရာပညာနဲ႔ အသက္ကယ္တင္ေပးခဲ့တဲ့ သူ (ရုပ္သံံ)


ေခ်ာင္းထဲ ေမ်ာပါသြားတဲ့ ကေလးငယ္ကို ေလးစားဖြယ္ရာပညာနဲ႔ အသက္ကယ္တင္ေပးခဲ့သူ ရုပ္သံံကြ်န္ေတာ္တုိ႔ အသက္ရွင္ ေနထိုင္ဖုိ႔အတြက္ ေရ ဟာ မရွိိမျဖစ္လိုအပ္တဲ့ အရာတစ္ခုျဖစ္ပါတယ္။သို႔ေသာ္ ကြ်န္ေတာ္တို႔ ဘဝေတြကိုပဲ ေရဟာလည္း ဖ်က္ဆီးနိုင္ျပန္ပါတယ္။ ေရၾကီးလို႔ ေသဆံုးသူေတြ၊ ေရနစ္လို႔ ေသဆံုးသူေတြကိုေတြ႕ဖူးၾကမွာပါ။

အခုတစ္ခါ တင္ဆက္ေပးမယ့္ သတင္းရုပ္သံေလးကေတာ့ ေခ်ာင္းထဲ ေပါေလာေမ်ာပါေနတဲ့ ကေလးငယ္ကို အခ်ိန္မီ အသက္ကယ္တင္လုိက္နိုင္တဲ့ ရုပ္သံကေလးပဲျဖစ္ပါတယ္။
ဒီရုပ္သံေလးကိုေတာ့ တရုတ္ ေပ့တစ္ခုက တင္ဆက္ထားတာ ျဖစ္ျပီး.. ရုပ္သံဖုိင္ထဲမွာ ကေလးငယ္ဟာ ေပါေလာေမ်ာေနပါတယ္။ဒါကိုေတြ႕ေတာ့ အမ်ိဳးသားေတြဟာ အေျပးအလႊားဆင္းဆယ္ၾကပါတယ္။ ကေလးဟာ တုတ္တုတ္မွ် မလႈပ္ေတာ့ပါဘူး။

ဒါေပမယ့္ ဗဟုသုတရွိျပီး နားလည္တတ္ကြ်မ္းသူက ကေလးကို ေဇာက္ထိုးထားျပီး ေက်ာနဲ႔ထမ္းျပီးေျပးပါတယ္..။ဒါက ကေလးဝမ္းဗိုက္ထဲမွာ ဝင္သြားတဲ့ ေရေတြကို ျပန္ထြက္လာေအာင္ လုပ္တဲ့နည္းျဖစ္ပါတယ္။ျပီးေတာ့မွ ေရွးဦးသူနာျပဳနည္းနဲ႔ ကေလးနွလံုး ခုန္ေအာင္ ျပန္လုပ္ပါေတာ့တယ္။ကံေကာင္းေထာက္မ စြာပဲ ကေလးဟာအသက္ျပန္ရွင္လာပါတယ္။ဒါေၾကာင့္ ဒီရုပ္သံေလး ၾကည့္ျပီး ေျပာျပခ်င္တာက အတတ္ပညာဗဟုသုတကို အင္တာနက္ ေခတ္ၾကီးမွာ ရွာဖုိ႔မခက္ပါဘူး။

ဒါေၾကာင့္ ေဘလ္တစ္ေထာင္ကုန္လို႔ အသိပညာတစ္ခုမွ မတိုးတက္လာဘူးဆိုရင္ေတာ့.. အခ်ိန္ေတြကို ျဖဳန္းမိေနျပီဆိုတာကို သတိျပဳေစခ်င္သလို ၊ ဒီလိုမ်ိဳးၾကံဳလာရင္ ဒါမ်ိဳးေလး လုပ္တတ္ေအာင္ ေလ့လာထားႏုိင္ၾကပါေစလို႔ တုိက္တြန္းလိုက္ပါတယ္။
ရုပ္သံၾကည့္ရန္ ေအာက္တြင္ေဖာ္ျပေပးလိုက္ပါတယ္

Credit to Orginal Uploder
Unicode ျဖင့္ဖတ္ရန္
ချောင်းထဲ မျောပါသွားတဲ့ ကလေးငယ်ကို လေးစားဖွယ်ရာပညာနဲ့ အသက်ကယ်တင်ပေးခဲ့သူ ရုပ်သံံကျွန်တော်တို့ အသက်ရှင် နေထိုင်ဖို့အတွက် ရေ ဟာ မရှိိမဖြစ်လိုအပ်တဲ့ အရာတစ်ခုဖြစ်ပါတယ်။သို့သော် ကျွန်တော်တို့ ဘဝတွေကိုပဲ ရေဟာလည်း ဖျက်ဆီးနိုင်ပြန်ပါတယ်။ ရေကြီးလို့ သေဆုံးသူတွေ၊ ရေနစ်လို့ သေဆုံးသူတွေကိုတွေ့ဖူးကြမှာပါ။
အခုတစ်ခါ တင်ဆက်ပေးမယ့် သတင်းရုပ်သံလေးကတော့ ချောင်းထဲ ပေါလောမျောပါနေတဲ့ ကလေးငယ်ကို အချိန်မီ အသက်ကယ်တင်လိုက်နိုင်တဲ့ ရုပ်သံကလေးပဲဖြစ်ပါတယ်။
ဒီရုပ်သံလေးကိုတော့ တရုတ် ပေ့တစ်ခုက တင်ဆက်ထားတာ ဖြစ်ပြီး.. ရုပ်သံဖိုင်ထဲမှာ ကလေးငယ်ဟာ ပေါလောမျောနေပါတယ်။ဒါကိုတွေ့တော့ အမျိုးသားတွေဟာ အပြေးအလွှားဆင်းဆယ်ကြပါတယ်။ ကလေးဟာ တုတ်တုတ်မျှ မလှုပ်တော့ပါဘူး။
ဒါပေမယ့် ဗဟုသုတရှိပြီး နားလည်တတ်ကျွမ်းသူက ကလေးကို ဇောက်ထိုးထားပြီး ကျောနဲ့ထမ်းပြီးပြေးပါတယ်..။ဒါက ကလေးဝမ်းဗိုက်ထဲမှာ ဝင်သွားတဲ့ ရေတွေကို ပြန်ထွက်လာအောင် လုပ်တဲ့နည်းဖြစ်ပါတယ်။ပြီးတော့မှ ရှေးဦးသူနာပြုနည်းနဲ့ ကလေးနှလုံး ခုန်အောင် ပြန်လုပ်ပါတော့တယ်။ကံကောင်းထောက်မ စွာပဲ ကလေးဟာအသက်ပြန်ရှင်လာပါတယ်။ဒါကြောင့် ဒီရုပ်သံလေး ကြည့်ပြီး ပြောပြချင်တာက အတတ်ပညာဗဟုသုတကို အင်တာနက် ခေတ်ကြီးမှာ ရှာဖို့မခက်ပါဘူး။
ဒါကြောင့် ဘေလ်တစ်ထောင်ကုန်လို့ အသိပညာတစ်ခုမှ မတိုးတက်လာဘူးဆိုရင်တော့.. အချိန်တွေကို ဖြုန်းမိနေပြီဆိုတာကို သတိပြုစေချင်သလို ၊ ဒီလိုမျိုးကြုံလာရင် ဒါမျိုးလေး လုပ်တတ်အောင် လေ့လာထားနိုင်ကြပါစေလို့ တိုက်တွန်းလိုက်ပါတယ်။
ရုပ်သံကြည့်ရန်
Credit to Orginal Uploder