Latest Posts

ရည်းစားဟောင်းတွေနဲ့ အပြင်မှာတွေ့ရင် ခပ်ချေချေပဲ ဆိုတဲ့ စံရတီမိုးမြင့်


သရုပ်ဆောင် စံရတီမိုးမြင့်ကတော့ Ah Boy နဲ့ ပြတ်သွားပြီးနောက်ပိုင်း ချစ်သူရည်းစားအသစ် ထပ်မရှာသေးပါဘူး။ အရင်တုန်းကထက် ပိုပြီးလှ ပိုပြီးနုပျိုအောင် နေနေတဲ့ စံရတီမိုးမြင့်က အချစ်နဲ့ပတ်သက်ရင် ရင့်ကျက်သွားတယ်လို့ ဆိုရပါမယ်။ရည်းစားဟောင်းတွေက အစွံထုတ်သွားပေမဲ့ စံရတီမိုးမြင့်ကတော့ ဂရုစိုက်စရာမလိုအောင် အလှပဆုံးအချိန် ရောက်နေပြီဖြစ်ကြောင်း ပြောချင်လွန်းလို့ပါ။
မုန်းစွဲ ရုပ်ရှင်ကားကြီး အထူးပွဲနေ့မှာ တက်ရောက်လာတဲ့ စံရတီမိုးမြင့်က အရည်းစားဟောင်းတွေနဲ့ ပတ်သက်ပြီး ရခဲ့တဲ့ သင်ခန်းစာကို အင်တာဗျူးမှာ ခုလို ဖြေကြားသွားပါတယ်။“သင်ခန်းစာကတော့ ရင့်ကျက်လာတာပေါ့လေ။ရွေးချယ်တတ်လာတာပေါ့ ဒီလောက်ပါပဲ။ ကိုယ့်ဘဝမှာ ကိုယ့်သင်ခန်းစာနဲ့ ကိုယ်ပဲလေ။ သူများပေးတဲ့ သင်ခန်းစာ ယူစရာ မလိုပါဘူး။ ကိုယ့်ဘဝမှာ ကိုယ်တွေ့ခဲ့တဲ့ လူတိုင်းဆီက သင်ခန်းစာ ယူတတ်ဖို့ အရေးကြီးပါတယ်။” လို့ ဆိုပါတယ်။


ချစ်တတ်လွန်းအားကြီးလို့ ရည်းစားမရသေးကြောင်းကိုလည်း ခုလို နှစ်နှစ်ကာကာ ဆိုပါတယ်။“မချစ်တတ်တော့တာ မဟုတ်ဘူး။ ချစ်တတ်လွန်းအားကြီးသွားတာ။

ချစ်တတ်လွန်း အားကြီးတော့ ကိုယ်အရမ်းချစ်ပလိုက်ရင် မညားမှာလည်း ကြေက်သေးတယ်။ ကိုယ်ချစ်တာနဲ့အညီ ကိုယ့်ကိုပြန်ချစ်တဲ့ ယောက်ျားမျိုးကိုပဲ လိုချင်တယ်။ အရမ်းချစ်တတ်လွန်းလို့ ရည်းစားမရသေးတာ ထင်တယ်။” လို့ ဆိုပါတယ်။


စံရတီမိုးမြင့်ရဲ့ စိတ်ကူးထဲက ချစ်သူပုံစံကိုလည်း ခုလိုပြောပြသွားပါတယ်။“အရင်တုန်းကတော့ ရုပ်ရည်ပိုင်းဆိုင်ရာမှာ စံနှုန်းသတ်မှတ်ထားတာ ရှိတယ်။ ဒါပေမဲ့ အခုအချိန်မှာ ရုပ်ရည်ပိုင်းဆိုင်ရာမျိုးထက် အဓိကက ကိုယ့်ကို ချစ်ပြီး နားလည်ပေးမယ့် ယောက်ျားမျိုးကို ကိုယ့်အတွက် ပိုလိုအပ်မှန်း နားလည်လာတယ်။” လို့ ဆိုပါတယ်။

ရည်းစားဟောင်းတွေနဲ့ ပတ်သက်ပြီး စံရတီမိုးမြင့်ရဲ့ ခံစားချက်က -“ရည်းစားဟောင်းတွေနဲ့ လမ်းမှာတွေ့ရင် ဘာဖီလင်မှ မဖြစ်ဘူးလေ။ ဖြစ်စရာuလည်း မလိုတော့ဘူး။ ကိုယ့်ဘဝကြီးက အခုအချိန်မှာ အရမ်းလှပနေပြီ။ ရည်းစားဟောင်းတွေကို ပြန်တွေ့လို့ သူတို့တွေနဲ့တုန်းက ကိုယ့်လှပခြင်းတွေက အမြင့်ဆုံး မရောက်ခဲ့ဘူးလေ။အခုအချိန်မှာ ကိုယ့်ရဲ့ အလှဆုံးအချိန် ဖြစ်နေပြီ။ ကိုယ့်အနေနဲ့ သူတို့ကို ပြန်လည် လွမ်းဆွတ်တမ်းတတာမျိုးတော့ မရှိဘူး။ သူရယ်ပြရင်တော့ ပြန်ရယ်ပြလိုက်မယ်။ ခပ်ချေချေပဲပေါ့ ။” ဆိုပြီး ဖြေကြားသွားပါတယ်။
စံရတီမိုးမြင့်က အခုလို လှပနေတယ်ဆိုတာ ဒုက္ခပေးမယ့်လူ မရှိဘဲ single ဖြစ်နေလို့ပါဆိုပြီး ဖြေကြားသွားပါတယ်။ ပြောချင်လွန်းလို့ ပရိသတ်ကြီးထဲမှာရော စံရတီမိုးမြင့် fans တွေပါလား။
Credit - original