Latest Posts

ဒဏ္ဍာရီထဲက မိန်းမပျိုလေးလို ခံစားရလို မဟာဆန်ဆန်လေးဝတ်ပြီး ပွဲတက်လာခဲ့တဲ့ အိန္ဒြာကျော်ဇင်


ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုဘဝလေးကို အချိန်မျှတစွာနဲ့ သာယာလှပအောင် တည်ထောင်နေတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ပြေတီဦးနဲ့အတူတူ သာယာလှပတဲ့ မိသားစုဘဝလေးကို ထူထောင်နေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ(၁၀) ရက်နေ့မှာတော့ အိန္ဒြာကျော်ဇင်က ရန်ကုန်မြို့ မြန်မာပလာဇာမှာ ကျင်းပတဲ့ Bella Cosmetic ရဲ့ Bella A Perfume Affair အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။


ထိုပွဲလေးကို အိန္ဒြာကျော်ဇင်က မဟာဆန်ဆန် ထိုင်မသိမ်းလေးဝတ်ပြီး ပွဲတက်လာတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

Bella A Perfume Affair ကို အကယ်ဒမီ ထက်ထက်မိုးဦး၊ အကယ်ဒမီ စိုးမြတ်သူဇာ၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ အကယ်ဒမီ ဖွေးဖွေးနဲ့ မိုးဟေကိုတို့က တက်ရောက်ဂုဏ်ပြုပေးခဲ့ကြတာ ဖြစ်ပါတယ်။


အိန္ဒြာကျော်ဇင်ကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။Credit -original