မွန်ပြည်နယ်ရေဘေးသင့်တဲ့ပြည်သူများအတွက် ငွေကြေးများနဲ့ရေသန့်ကဒ်များကိုယ်တိုင်သွားရောက်လှူဒါန်းနေတဲ့ ချမ်းချမ်းရဲ့ကြည်နူးဖွယ် Video လေး
Melody World ပြိုင်ပွဲမှတစ်ဆင့် ဂီတလောကကိုဝင်ရောက်လာတာကတော့ အဆိုတော်ချမ်းချမ်းပဲဖြစ်ပါတယ်။ သူမဟာ တေးသီချင်းများကိုအသံပါဝါအားကောင်းကောင်းနဲ့သီဆိုတတ်သူဖြစ်ပြီး ဂီတလောကမှာလည်း ဆယ်စုနှစ်တိုင်အောင် အောင်မြင်မှုများစွာရရှိပိုင်ဆိုင်ထားတာလည်း ဖြစ်ပါတယ်။
သူမဟာ မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ မော်လမြိုင်ရေဘေးသင့်ပြည်သူတွေအတွက် တတ်နိုင်တဲ့ဘက်ကနေ ပါဝင်ကူညီခဲ့တာလည်း ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း ” ပရိတ်သတ်တွေထဲက တပိုင်တနိုင်ရေဘေးလှုချင်တယ်ဆိုရင် ကျမကိုဆက်သွယ်ပေးပါ..တနလ်ာနေ့ကိုမော်လမြိုင်သွားပြီးလှူမှာမို့ တတ်နိုင်သမျှပါဝင်ဖို့ဖိတ်ခေါ်ပါတယ်..အဝတ်အစား..ဆေးဝါး..အစားအသောက်..စတာတွေလှူချင်ရင် ဒီနံပါတ်ကိုဆက်သွယ်ပေးပါနော်
09401540466 ” ဆိုပြီး အလှူရှင်တွေရှိရာမြို့နယ်များကို ကိုယ်တိုင်ကိုယ်ကျသွားရောက်ယူပေးတာလည်း ဖြစ်ပါတယ်။
ဒီနေ့မှာတော့ သူမကိုယ်တိုင်ရေဘေးသင့်တဲ့နေရာတွေကို သွားရောက်ကာလှူဒါန်းခဲ့တာတွေကို Live လွှင့်ကာဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။ သူမရဲ့လူမှုကွန်ယက်စာမျက်နှာတွင်လည်း ” မုတ္တမ ဆေးရုံမှာ ၇ရက်စားသမီးလှူဒါန်းတဲ့ အလှူငွေ ထဲက
သိန်း၄၀တိတိနဲ့ ရေသန့်ကဒ်တစ်ရာကို မန္တလာမင်းကအကိုခင်အောင်..မလဲ့လဲ့အေးနဲ့ အတူ လှူဒါန်းခဲ့ပါတယ်…ရေဘေးကြောင့်အသက်ပျောက်ခဲ့ရတဲ့အလောင်းတွေကိုဆေးရုံမှာနေရာချထားရေးတွေလုပ်နေရတယ်…သနားစရာကောင်းလိုက်တာ…လူရောစိတ်ရောပင်ပန်းနေရှာတဲ့ ကျမတို့ညီအကိုမောင်နှမတေ ..ဘေးကင်းကြပါစေကွယ်..အခုလှူထားတာလေးကိုစေတနာရှင်တွေ သာဓုခေါ်နိုင်ပါစေနော်..အခုရေးမြို့ကိုဆက်သွားနေပါပြီ ” ဆိုပြီးရေးသားထားတာဖြစ်လို့ ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်နော်။
Source- Chan Chan\credit -original