Latest Posts

သိပ်လှတဲ့ ကောင်မလေးလို့ထင်ပြီး ချစ်ခဲ့မိတဲ့ သူ လက်ထပ်ပွဲနေ့ကျမှ မျက်ရည်အတောင့်လိုက်ကျ


တောင်ကိုရီးယားမှာ အလုပ်သွားရောက် လုပ်ကိုင်နေတဲ့ အင်ဒိုနိုင်ငံသားတစ်ယောက်ဟာ သူ မဟာအရှက်ကွဲခဲ့ရပုံအကြောင်းကို လူမှုကွန်ရက်မှာ ပြန်လည်မျှဝေခဲ့ပါတယ်။ သူ့နာမည်ကတော့ Yusuf ဖြစ်ပြီး အမျိုးသမီးနာမည်ကိုတော့ သတင်းမှာ ဖော်ပြမထားပါဘူး။

သူဟာ ကိုရီးယားမှာ အလုပ်လုပ်နေစဉ်၊ နိုင်ငံချင်းတူတဲ့ အင်ဒိုက အမျိုးသမီးတစ်ယောက်နဲ့ လူမှုကွန်ရက်မှာ ခင်တွယ်ရာကတစ်ဆင့် ချစ်သူဖြစ်ခဲ့ကြပါတယ်။ ချစ်သူဖြစ်ခဲ့တဲ့ ကာလအတောအတွင်းမှာ သူ့ရဲ့ ကောင်မလေးက ပုံမျိုးမျိုး ပို့ပေးခဲ့တာကို အားရကျေနပ်ရင်း-
ဒီအတိုင်း ချစ်နေရတာ အားမရလို့ ဗွီဒိယိုကောပြောဖို့ ပူဆာခဲ့ပါတယ်။ ကောင်မလေးက သူမဟာ အဖေအမေနဲ့ ကပ်လျှပ် အခန်းမှာ နေရတာမို့ အသံထွက်လို့မရဘူးလို့ လှည့်ဖျားခဲ့ပါသတဲ့။ ဒီလိုနဲ့ အကြံအိုက်နေပေမယ့် သူမက နေ့စဉ်နဲ့အမျှ ဓာတ်ပုံတွေ မရိုးရအောင် ပို့ပေးပါတယ်။
ချစ်သူသက်တမ်း တစ်နှစ်ကြာတော့ Yusuf ဘက်က ဗွီဒီယိုကော ပြောဖို့ ပူဆာပြန်ပါတယ်။ ဒီအခါမှာလည်း ကောင်မလေးက အစဦးအတိုင်း ငြင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ကောင်လေးက ဗွီဒီယိုကောပဲ ခေါ်မှာဖြစ်ပြီး၊ စကားပြန်ပြောဖို့မလိုကြောင်း၊ ဒီအတိုင်း ရုပ်ကလေးကို အရှင်လတ်လတ် မြင်ရုံမြင်ရရင် ကျေနပ်ကြောင်း အရေးဆိုခဲ့ပါတယ်။
ဒီအခါမှာတော့ သူ့ကောင်မလေးဘက်က သူမက ရှက်ကြောင်း၊ ဘယ်သူနဲ့မှလည်း ဗွီဒီယိုမပြောဖူးတာကြောင့် နားလည်ပေးဖို့ သနားအောင် တောင်းပန်ခဲ့ပါတယ်။ ကောင်လေးရဲ့အပေါင်းအသင်းတွေက ဒါဟာ မသင်္ကာစရာဆိုပေမယ့် တကယ်ချစ်နေတဲ့လူက ဘယ်အပြစ်မြင်မလဲလေ။ ဒီလိုနဲ့ ကောင်မလေးဘက်က ငွေတောင်းယူမှု ပိုများလာပါတယ်။
သူကလည်း ရူပီး (၁၀)သန်းလောက်အထိ ထောက်ပံ့တဲ့သဘောမျိုးနဲ့ ပေးခဲ့ဖူးပါတယ်။ ချစ်သူသက်တမ်း (၂)နှစ်ကြာတဲ့အခါ ကောင်မလေးက မင်္ဂလာရက်မြတ်ရွေးပြီး လက်ထပ်ကြဖို့ ပြန်လာခဲ့တော့ဆိုပြီး မီးစိမ်းပြခဲ့ပါတယ်။ ဒီလိုနဲ့ အဲဒီကောင်လေး ပျော်ပျော်ပါးပါး အိမ်ပြန်လာခဲ့ရာ-
တကယ်တမ်း တွေ့လိုက်ရတာက ပို့ထားတဲ့ပုံတွေနဲ့ အကွာကြီးကွာတဲ့ အသက်ကြီးကြီး မိန်းမကြီးနဲ့ လက်ထပ်ရဖို့ ရှိနေတော့တာပါ။ Yusuf ဟာ အကြောင်းစုံသိလိုက်ရတော့ အလွန်ဝမ်းနည်းသွားခဲ့ပြီး၊ ပြတ်ပြတ်သားသား ဒီလူလိမ်မကို လက်မထပ်နိုင်ကြောင်း ငြင်းဆိုခဲ့ပါတယ်။
တကယ်တော့ အဲဒီအမျိုးသမီးဟာ မော်ဒယ်အမျိုးသမီးတစ်ဦးရဲ့ ပုံတွေကို ဖြတ်ညှပ်ကပ်လုပ်ပြီး သူ့ကို စွဲဆောင်ခဲ့တာပါ။ ဒါကို Yusuf ခမျာ မသိဘဲ အချစ်ကြီးချစ်ခဲ့မိရာက အလိမ်ကြီး အလိမ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဥပဒေကြောင်းအရ တရားမစွဲပေမယ့် တစ်ခြားသူတွေ ဒီလို အလိမ်မခံရရေး၊ သတိပေးလိုက်ပါတယ်Credit -original