Latest Posts

“ေမြးေန႔ဆုေတာင္းေပးသူတိုင္းကို ေက်းဇူးတင္စကားဆိုလာတဲ့ ၿဖိဳးျမတ္ေအာင္”


ၿဖဳိးျမတ္ေအာင္ က အသက္ ၂၇ ႏွစ္ျပည့္သြားၿပီျဖစ္ပါတယ္။ ေမြးေန႔ဆုေတာင္းေပးခဲ့ၾကတဲ့ ပရိသတ္ေတြကုိလည္း သူ႔ရင္ထဲက လာတဲ့ ေက်းဇူးတင္စကားေတြ ေျပာလာပါတယ္။



ၿဖိဳးျမတ္ေအာင္က ဇူလုိင္လ ၉ ရက္ေန႔က အသက္ ၂၇ ႏွစ္ျပည့္ခဲ့ၿပီျဖစ္ပါတယ္။ ျပည္တြင္းမွာေရာ၊ ျပည္ပ မွာပါ သူ႔ကုိ အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြက ေမြးေန႔ဆုေတာင္းေပးခဲ့ပါတယ္။ ဒါေၾကာင့္ ပရိသတ္အားလုံးကုိ ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။

‘’အားလံုးပဲ မဂၤလာပါခဗ်။ ကြ်န္ေတာ္ ရဲ႕ ( ၂၇ ) ႏွစ္ျပည့္ ေမြးေန႔ ေလးမွာ ျပည္ပက မိသားစုဝင္မ်ား ျမန္မာတစ္ႏိုင္ငံလုံးမွာ ရွိတဲ့ မိသားစုဝင္မ်ား ကြ်န္ေတာ္တို႔ ဧရာဝတီတိုင္းမွ မိသားစု ဝင္မ်ား ေမြးေန႔ အလွဴအတန္း လုပ္ေပးၾကသူမ်ား ေမြးေန႔ ဆုေတာင္း ေပးသူ တစ္ေယာက္စီတိုင္းကို ေက်းဇူးတင္ပါတယ္ခဗ်။ အါးလံုးကို ကၽြန္ေတာ္ အရမ္းခ်စ္တယ္ဗ်ာ။ အသက္ရႈမရပ္တန္႔သမွ် ႀကိဳးစားေနဦးမွာပါ။ အားလံုးက်န္းမာခ်မ္းသာၾကပါေစ’’ ဆုိၿပီးေတာ့ ဇူလုိင္လ ၉ ရက္ေန႔ ည ၁၀ နာရီခြဲေက်ာ္က သူ႔ရဲ႕ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားခဲ့တာျဖစ္ပါတယ္။



Myanmar Idol Season 3 ရဲ႕ Winner ဆုရွင္ ၿဖဳိးျမတ္ေအာင္ဟာ ပရိသတ္ေတြရဲ႕ ခ်စ္ျခင္းေမတၱာကုိ ၿပိဳင္ပြဲအစကေန ဒီေန႔အခ်ိန္ထိ ပုိင္ဆုိင္ ထားေနတုန္းပါပဲ။ ပရိသတ္ေတြရဲ႕ အခ်စ္ကုိ တစ္ေန႔ထက္ တစ္ေန႔ ပုိမုိပုိင္ဆုိင္လာရတဲ့ အေၾကာင္းကုိလည္း ၿဖဳိးျမတ္ေအာင္က မီဒီယာေတြ ကေနတဆင့္ ေျပာျပခဲ့ပါတယ္။

” ကၽြန္ေတာ္က ဒီအတုိင္း ေနတတ္သလုိ ေနလုိက္တာပဲေလ။ ေထြေထြထူးထူး လုပ္ယူထားတဲ့အရာ ဘာမွမရွိဘူး။ ကၽြန္ေတာ္ ေနတတ္သလုိ ေနလုိက္တယ္၊ ရင္ထဲက ရွိတဲ့အတုိင္းပဲ ေနလုိက္တယ္။ ေထြေထြထူးထူး ဖန္တီးထားတာ မ်ဳိးလည္း မရွိပါဘူး၊ လူဆုိတာကေတာ့ တစ္ခါတေလ လြတ္ခ်င္တယ္။ ကၽြန္ေတာ့္ကုိယ္ကၽြန္ေတာ္လည္း တစ္ခါတေလ လြတ္ခ်င္တယ္၊ အဲ့ဒီအခါ ဘာနဲ႔ ျပန္ထိန္း သလဲဆိုရင္ အသိ နဲ႔ သတိ အျမဲကပ္ထားတယ္။ အဲ့ဒါေတြနဲ႔ ျပန္ထိန္းျဖစ္တယ္” လုိ႔ သူကဆုိပါတယ္။



ၿဖဳိးျမတ္ေအာင္ကုိေတာ့ Myanmar Idol Season 3 ကေန စၿပီး ပရိသတ္အားေပးမႈ မ်ားစြာ ရရွိလာသူျဖစ္ပါတယ္။ ဒီေန႔ အခ်ိန္ထိလည္း သူ႔ကုိ အားေပးခ်စ္ခင္ၾကတဲ့ ပရိသတ္ေတြ အမ်ားႀကီးပါ။ ၿဖဳိးျမတ္ေအာင္ဟာ ၿပိဳင္ပြဲက ရရွိလာတဲ့ ဆုေၾကးေငြေတြကုိလည္း ဘုရားအလွဴျပဳထားတယ္လုိ႔ သိရပါတယ္။ လက္ရွိမွာေတာ့ သီခ်င္းေတြဆက္လက္ သီဆုိေနတာ ေတြ႔ရပါတယ္။

Credit: Duwun

Unicode Version

ဖြိုးမြတ်အောင် က အသက် ၂၇ နှစ်ပြည့်သွားပြီဖြစ်ပါတယ်။ မွေးနေ့ဆုတောင်းပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း သူ့ရင်ထဲက လာတဲ့ ကျေးဇူးတင်စကားတွေ ပြောလာပါတယ်။

ဖြိုးမြတ်အောင်က ဇူလိုင်လ ၉ ရက်နေ့က အသက် ၂၇ နှစ်ပြည့်ခဲ့ပြီဖြစ်ပါတယ်။ ပြည်တွင်းမှာရော၊ ပြည်ပ မှာပါ သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေက မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ ဒါကြောင့် ပရိသတ်အားလုံးကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။

‘’အားလုံးပဲ မင်္ဂလာပါခဗျ။ ကျွန်တော် ရဲ့ ( ၂၇ ) နှစ်ပြည့် မွေးနေ့ လေးမှာ ပြည်ပက မိသားစုဝင်များ မြန်မာတစ်နိုင်ငံလုံးမှာ ရှိတဲ့ မိသားစုဝင်များ ကျွန်တော်တို့ ဧရာဝတီတိုင်းမှ မိသားစု ဝင်များ မွေးနေ့ အလှူအတန်း လုပ်ပေးကြသူများ မွေးနေ့ ဆုတောင်း ပေးသူ တစ်ယောက်စီတိုင်းကို ကျေးဇူးတင်ပါတယ်ခဗျ။ အါးလုံးကို ကျွန်တော် အရမ်းချစ်တယ်ဗျာ။ အသက်ရှုမရပ်တန့်သမျှ ကြိုးစားနေဦးမှာပါ။ အားလုံးကျန်းမာချမ်းသာကြပါစေ’’ ဆိုပြီးတော့ ဇူလိုင်လ ၉ ရက်နေ့ ည ၁၀ နာရီခွဲကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
Myanmar Idol Season 3 ရဲ့ Winner ဆုရှင် ဖြိုးမြတ်အောင်ဟာ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို ပြိုင်ပွဲအစကနေ ဒီနေ့အချိန်ထိ ပိုင်ဆိုင် ထားနေတုန်းပါပဲ။ ပရိသတ်တွေရဲ့ အချစ်ကို တစ်နေ့ထက် တစ်နေ့ ပိုမိုပိုင်ဆိုင်လာရတဲ့ အကြောင်းကိုလည်း ဖြိုးမြတ်အောင်က မီဒီယာတွေ ကနေတဆင့် ပြောပြခဲ့ပါတယ်။

” ကျွန်တော်က ဒီအတိုင်း နေတတ်သလို နေလိုက်တာပဲလေ။ ထွေထွေထူးထူး လုပ်ယူထားတဲ့အရာ ဘာမှမရှိဘူး။ ကျွန်တော် နေတတ်သလို နေလိုက်တယ်၊ ရင်ထဲက ရှိတဲ့အတိုင်းပဲ နေလိုက်တယ်။ ထွေထွေထူးထူး ဖန်တီးထားတာ မျိုးလည်း မရှိပါဘူး၊ လူဆိုတာကတော့ တစ်ခါတလေ လွတ်ချင်တယ်။ ကျွန်တော့်ကိုယ်ကျွန်တော်လည်း တစ်ခါတလေ လွတ်ချင်တယ်၊ အဲ့ဒီအခါ ဘာနဲ့ ပြန်ထိန်း သလဲဆိုရင် အသိ နဲ့ သတိ အမြဲကပ်ထားတယ်။ အဲ့ဒါတွေနဲ့ ပြန်ထိန်းဖြစ်တယ်” လို့ သူကဆိုပါတယ်။
ဖြိုးမြတ်အောင်ကိုတော့ Myanmar Idol Season 3 ကနေ စပြီး ပရိသတ်အားပေးမှု များစွာ ရရှိလာသူဖြစ်ပါတယ်။ ဒီနေ့ အချိန်ထိလည်း သူ့ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေ အများကြီးပါ။ ဖြိုးမြတ်အောင်ဟာ ပြိုင်ပွဲက ရရှိလာတဲ့ ဆုကြေးငွေတွေကိုလည်း ဘုရားအလှူပြုထားတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ သီချင်းတွေဆက်လက် သီဆိုနေတာ တွေ့ရပါတယ်။

Credit: Duwun