Credit \\ original
UNICODE
ဖျားနေပေမယ့် ပို့စ်ပေးမပျက်ခဲ့တဲ့ အေသင်ချိုဆွေရဲ့ ချစ်သမီးလေး Ivy
နိုင်ငံကျော်အဆိုတော်မလေး အေသင်ချိုဆွေ ဟာဆိုရင် ပရိသတ်တွေ ချစ်ခင်အားပေးရတဲ့ နိုင်ငံကျော်အနုပညာရှင် တစ်ဦးပါ။ သူမရဲ့ ချစ်စရာကောင်းတဲ့ သမီးလေး Ivy ကလည်း ပရိသတ်တွေ ချစ်ရတဲ့ သူလေးပဲဖြစ်ပါတယ်။ Ivy လေးက ခုဆိုရင် ချစ်စရာကောင်းတဲ့ အမူအယာလေးတွေပါလုပ်တတ်နေပြီ ဖြစ်တာကြောင့် ပရိသတ်တွေက ပိုပြီး ချစ်နေရတာပါ။
ယခုဆိုရင် Ivy လေးက ဖျားနေတာပဲ ဖြစ်ပါတယ်။ ဖျားနေပေမယ့်လည်း အပြုံးမပျက်ပို့စ်ပေးနေတဲ့ သမီးလေး Ivy ရဲ့ ပုံရိပ်လေးတွေကို မေမေအေသင်ချိုဆွေက သူမရဲ့ လူမှုကွန်ယက်ပေါ်ကနေ မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ပို့စ်လေးကောင်းတဲ့ Ivy လေးရဲ့ပုံရိပ်လေးတွေကိုကြည့်ပြီး ပရိသတ်တွေက အရမ်းကို အချစ်ပိုခဲ့ကြရတာပါ။
ဖျားနေပေမယ့်လည်း ပို့စ်ပေးမပျက်ခဲ့တဲ့ ချစ်သမီးလေး Ivy ရဲ့ ပုံရိပ်လေးတွေကို မျှဝေပေးလာခဲ့တဲ့ မေမေ အေသင်ကတော့ ” ကိုယ်တွေပူနေတာတောင် အဝတ်ပုံထဲ လာ ကမြင်းနေတယ် ” ဆိုတဲ့ စာသားလေးနဲ့ သူမရဲ့ ဖေဘုတ်စာမျက်နှာပေါ်ကနေ မျှဝေဖော်ပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်။
အသက် (၁) နှစ်နဲ့ (၁၀) လ အရွယ်သာရှိသေးပေမယ့်လည်း တီတီတာတာနဲ့ အရမ်းကိုတတ်နေပြီဖြစ်တဲ့ Ivy လေးကတော့ မေမေ အေသင်တောင် အရှုံးပေးရလောက်တဲ့ အိုက်တင်တွေကို လုပ်တတ်နေပြီပဲ ဖြစ်ပါတယ်။ မေမေ အေသင်ရဲ့ အနုပညာအမွေတွေကို ဆက်ခံယူတော့မယ့် Ivy လေးက မိန်းကလေးပီပီ အလှအပကို ကြိုက်လွန်းတဲ့ သူလေးတစ်ယောက်ပါ။
အသက်အရွယ်နဲ့မလိုက်အောင် အရမ်းကိုတတ်နေပြီဖြစ်တဲ့ Ivy လေးကိုကြည့်ရင်း ပရိသတ်တွေလည်း သဘောကျ အချစ်ပိုမိကြမယ်လို့ထင်ပါတယ်။ ဖျားနေပေမယ့်လည်း ပို့စ်ပေးမပျက်ခဲ့တဲ့ Ivy လေးရဲ့ ပုံရိပ်လေးတွေကိုကြည့်ရင်း အချစ်ပိုမိတယ်ဆိုရင် မျှဝေပေးသွားကြဖို့ မမေ့ပါနဲ့ဦးနော်။ ကြည့်ရှုအားပေးကြတဲ့ ချစ်ပရိသတ်တွေကို ကျေးဇူးအထူး တင်ရှိပါတယ်နော်။
Credit \\ original