Latest Posts

ရင်ခုန်စွဲမက်ချင်စရာအလှတရားတွေနဲ့ ရက်ပိုင်းအတွင်းမှာတင် ကြည့်ရှုသူတစ်သန်းကျော်ရရှိခဲ့တဲ့ မေမြင့်မိုရ်ရဲ့ဗီဒီယိုလေး

သရုပ်ဆောင် မင်းသမီးချောလေး မေမြင့်မိုရ်ကတော့ ပန်းနုသွေးဆိုတဲ့ နာမည်လေးနဲ့ ပရိသတ်တွေကြားမှာ စတင်ပြီး ရေပန်းစားအောင်မြင်ခဲ့သူလေး ဖြစ်ပါတယ်။ ဇာတ်ရုပ်မရွေး ပိုင်ပိုင်နိုင်နိုင်နဲ့ သဘာဝကျအောင် ဖန်တီးပြီး သရုပ်ဆောင်တတ်တဲ့ မေမြင့်မိုရ်က ခဏလေးအတွင်းမှာတင် အောင်မြင်ကျော်ကြားလာခဲ့တာလည်း ဖြစ်ပါတယ်။ လက်ရှိမှာ မေမြင့်မိုရ်က ရုပ်ရှင်ဇာတ်ကားကြီးတွေ အဓိကရိုက်ကူးနေရတာပဲ ဖြစ်ပါတယ်။

အခုတလောမှာတော့ မေမြင့်မိုရ်တစ်ယောက် ပွဲအခမ်းအနားတွေ တက်ရောက်နေသလို ရုပ်ရှင်ဇာတ်ကားအသစ်တွေအတွက်လည်း ကြိုတင်ပြင်ဆင်နေတာ ဖြစ်ပါတယ်။ မကြာခင်မှာလည်း မေမြင့်မိုရ်က မင်းသမီးချော အိချောပို၊ မင်းသမီးချော ရွှေအိမ်စည်တို့နဲ့အတူ ” ခေါ်သံ” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးတော့မှာ ဖြစ်ပါတယ်။ အခုလည်း မေမြင့်မိုရ်က ဖြူစင်အေးချမ်းတဲ့အလှတရားတွေနဲ့ ပရိသတ်တွေကို ရင်ခုန်အောင်လုပ်လိုက်ပြန်ပါတယ်။

သိမ်မွေ့နူးညံ့တဲ့ မိန်းမပျိုလေးအဖြစ် အစွမ်းကုန်လှပနေတဲ့ မေမြင့်မိုရ်ကတော့ အားလုံးရဲ့အသည်းနှလုံးတွေကို ကြွေကျမြေခစေခဲ့တာ ဖြစ်ပါတယ်။
Source:May Myint Mo;CRD-Myanmar load