Latest Posts

မ်က္ကပ္မွန္ မခၽြတ္ပဲ ေရခ်ိဳးမိတဲ့အမ်ိဳးသား မ်က္စိကြယ္


Zawgyi

အ ဂၤ လ န္နိုင္ငံမွ အသက္ ၂၉ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးဟာ မ်က္ကပ္မွန္ကို မခၽြတ္ပဲ အႀကိမ္ႀကိမ္ ေရခ်ိဳးမိခဲ့တာေၾကာင့္ မ်က္လုံးတစ္ဖက္ ေရာဂါပိုးဝင္ၿပီး မ်က္စိကြယ္သြားခဲ့ရပါတယ္။

‘နစ္ခ္ ဟမ္ပရီးစ္’ ဟာ သူ႔အသက္ ၄ ႏွစ္အရြယ္ထဲက မ်က္မွန္တပ္ခဲ့ရသူျဖစ္ပါတယ္။ ၂၀၁၃ ခုႏွစ္မွာ မ်က္မွန္ကေန မ်က္ကပ္မွန္ကို ေျပာင္းတပ္ခဲ့ပါတယ္၊ တစ္လလၽွင္ တစ္ႀကိမ္လဲလွယ္ရတဲ့ မ်က္ကပ္မွန္ရဲ့တန္ဖိုးဟာ တစ္ခါလဲရင္ စတာလင္ေပါင္ ၂၅ (က်ပ္ ၅ ေသာင္းနီးပါး) ကုန္က်ပါတယ္။ အဲဒီအခ်ိန္ထဲက မ်က္ကပ္မွန္ကို တစ္ပတ္မွာ ၅ ရက္ တပ္ၿပီး က်န္တဲ့ရက္ေတြမွာေတာ့ မ်က္မွန္ပဲဝတ္ဆင္ခဲ့ပါတယ္။

ကိုယ္ကာယ အားကစားလိုက္စားၿပီး ေဘာလုံးဝါသနာရွင္လည္းျဖစ္တာေၾကာင့္ မနက္နိုးလာတဲ့အခါ အားကစား႐ုံကိုသြား ကိုယ္ကာယေလ့က်င့္ ၿပီးရင္ ေရခ်ိဳးၿပီးမွ ႐ုံးကို အလုပ္သြားပါတယ္။ ညေန ႐ုံးကျပန္လာရင္ ေဘာလုံးကစား ဒီပုံစံနဲ႔ ေန႔စဥ္က်င္လည္ေနပါတယ္။



၂၀၁၈ ခုႏွစ္ ဇန္နဝါရီလ၊ တစ္ရက္မွာေတာ့ သူအိပ္ယာကေနနိုးလာတဲ့အခါ သူ႔ရဲ့ ညာဘက္မ်က္လုံး ေကာင္းေကာင္းမျမင္ရေတာ့ပါဘူး။ ဒါေပမယ့္ သူက ေပါ့ေပါ့ပဲထားလိုက္ၿပီး ထုံးစံအတိုင္း မ်က္ကပ္မွန္ တပ္၊ လုပ္စရာရွိတာေတြ ဆက္လုပ္ေနလိုက္ပါတယ္။ ဒီလိုနဲ႔ တစ္ပတ္ေလာက္အၾကာမွာ သူ႔မ်က္လုံးရဲ့အေျခအေနက ပိုၿပီးဆိုးလာပါတယ္။
ဒါနဲ႔ မ်က္မွန္စမ္းတဲ့ ဆရာဝန္နဲ႔ သြားျပတဲ့အခါ ဆရာဝန္က သူ႔ရဲ့မ်က္လုံးထဲမွာ ျပည္တည္နာျဖစ္ေနတယ္လို႔ ေျပာၿပီး ေဆး႐ုံတက္ဖို႔ ညႊန္ၾကားလိုက္ပါတယ္။

ေဆး႐ုံမွာ ဆရာဝန္ေတြက စမ္းသပ္ၿပီးတဲ့အခါ သူ႔ရဲ့မ်က္လုံးက အနာဟာ ေရထဲမွာရွိေနတဲ့ အဏုၾကည့္မွန္ေျပာင္းနဲ႔ၾကည့္မွသာ ျမင္နိုင္တဲ့ ေရာဂါပိုး ကူးစက္ခံထားရတယ္လို႔ဆိုပါတယ္။ ဒီလိုျဖစ္ရတာဟာ မ်က္ကပ္မွန္မခၽြတ္ပဲ အႀကိမ္ေပါင္းမ်ားစြာ ေရခ်ိဳးခဲ့တာေၾကာင့္ ျဖစ္ပါတယ္။

‘နစ္ခ္’ ကေတာ့ မ်က္ကပ္မွန္တပ္ထားၿပီး ေရမခ်ိဳးသင့္တဲ့အေၾကာင္း သူ႔ကို ဆရာဝန္ေတြက သတိေပးခဲ့တာမ်ိဳးမရွိသလို၊ မ်က္ကပ္မွန္ရဲ့ ဗူးခြံက ညႊန္ၾကားခ်က္ေတြမွာလည္း ဒီအေၾကာင္းကို သတိေပးထားတာမရွိဘူးလို႔ ဆိုပါတယ္။

ဆရာဝန္ေတြက သူ႔အတြက္ သုံးပတ္စာ မ်က္စဥ္းခပ္ဖို႔ ေဆးေပးလိုက္ပါတယ္၊ ဒါေပမယ့္ ၂၀၁၈ ခုႏွစ္ မတ္လ မွာေတာ့ သူ႔ရဲ့ ညာဘက္မ်က္လုံးဟာ လုံးဝကြယ္သြားခဲ့ပါတယ္။ မ်က္စိကြယ္သြားၿပီးတဲ့ေနာက္ပိုင္း အလုပ္လည္းမသြားနိုင္ေတာ့ပဲ အျပင္သြားတာဆိုလို႔ ေဆး႐ုံ မွန္မွန္သြားျပတာေလာက္ပဲ ရွိပါတယ္။ ၂၀၁၈ ဇူလိူင္လ ထဲမွာေတာ့ မ်က္လုံးမွာ ျဖစ္ေနတဲ့အနာကို ေပ်ာက္ေအာင္ ကုသနိုင္ခဲ့ပါတယ္ ဒါေပမယ့္ မ်က္စိကေတာ့ ကြယ္ေနဆဲပါပဲ။


မ်က္စိေရာဂါေပ်ာက္ကင္းသြားၿပီျဖစ္လို႔ သူ႔ရဲ့ေနစဥ္ပုံမွန္လုပ္ေနက် အလုပ္ေတြကို မ်က္လုံးတစ္ဖက္ထဲနဲ႔ ျပန္လည္လုပ္ကိုင္ေနပါတယ္။ လက္ရွိမွာေတာ့ သူ႔ရဲ့မ်က္လုံးကို ခြဲစိပ္မွုႏွစ္ႀကိမ္ ျပဳလုပ္ထားရၿပီး မ်က္ၾကည္လႊာအစားထိုး ကုသနိုင္ဖို႔ကို ေစာင့္ဆိုင္းလၽွက္ရွိပါတယ္။

ဒါေၾကာင့္မို႔ ပါဝါမ်က္ကပ္မွန္၊ အလွမ်က္ကပ္မွန္တပ္သူေတြအေနနဲ႔ ေရခ်ိဳးတဲ့အခါ၊ ညအိပ္တဲ့အခါေတြမွာ မ်က္ကပ္မွန္ကို ျပန္ခၽြတ္ၿပီး စနစ္တက် သိမ္းဆည္းဖို႔ကို သတိထားေစခ်င္ပါတယ္။

Credit  \\  original

Unicode Version
အင်္ဂလန်နိုင်ငံမှ အသက် ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးဟာ မျက်ကပ်မှန်ကို မချွတ်ပဲ အကြိမ်ကြိမ် ရေချိုးမိခဲ့တာကြောင့် မျက်လုံးတစ်ဖက် ရောဂါပိုးဝင်ပြီး မျက်စိကွယ်သွားခဲ့ရပါတယ်။

‘နစ်ခ် ဟမ်ပရီးစ်’ ဟာ သူ့အသက် ၄ နှစ်အရွယ်ထဲက မျက်မှန်တပ်ခဲ့ရသူဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်မှာ မျက်မှန်ကနေ မျက်ကပ်မှန်ကို ပြောင်းတပ်ခဲ့ပါတယ်၊ တစ်လလျှင် တစ်ကြိမ်လဲလှယ်ရတဲ့ မျက်ကပ်မှန်ရဲ့တန်ဖိုးဟာ တစ်ခါလဲရင် စတာလင်ပေါင် ၂၅ (ကျပ် ၅ သောင်းနီးပါး) ကုန်ကျပါတယ်။ အဲဒီအချိန်ထဲက မျက်ကပ်မှန်ကို တစ်ပတ်မှာ ၅ ရက် တပ်ပြီး ကျန်တဲ့ရက်တွေမှာတော့ မျက်မှန်ပဲဝတ်ဆင်ခဲ့ပါတယ်။

ကိုယ်ကာယ အားကစားလိုက်စားပြီး ဘောလုံးဝါသနာရှင်လည်းဖြစ်တာကြောင့် မနက်နိုးလာတဲ့အခါ အားကစားရုံကိုသွား ကိုယ်ကာယလေ့ကျင့် ပြီးရင် ရေချိုးပြီးမှ ရုံးကို အလုပ်သွားပါတယ်။ ညနေ ရုံးကပြန်လာရင် ဘောလုံးကစား ဒီပုံစံနဲ့ နေ့စဉ်ကျင်လည်နေပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလ၊ တစ်ရက်မှာတော့ သူအိပ်ယာကနေနိုးလာတဲ့အခါ သူ့ရဲ့ ညာဘက်မျက်လုံး ကောင်းကောင်းမမြင်ရတော့ပါဘူး။ ဒါပေမယ့် သူက ပေါ့ပေါ့ပဲထားလိုက်ပြီး ထုံးစံအတိုင်း မျက်ကပ်မှန် တပ်၊ လုပ်စရာရှိတာတွေ ဆက်လုပ်နေလိုက်ပါတယ်။ ဒီလိုနဲ့ တစ်ပတ်လောက်အကြာမှာ သူ့မျက်လုံးရဲ့အခြေအနေက ပိုပြီးဆိုးလာပါတယ်။
ဒါနဲ့ မျက်မှန်စမ်းတဲ့ ဆရာဝန်နဲ့ သွားပြတဲ့အခါ ဆရာဝန်က သူ့ရဲ့မျက်လုံးထဲမှာ ပြည်တည်နာဖြစ်နေတယ်လို့ ပြောပြီး ဆေးရုံတက်ဖို့ ညွှန်ကြားလိုက်ပါတယ်။

ဆေးရုံမှာ ဆရာဝန်တွေက စမ်းသပ်ပြီးတဲ့အခါ သူ့ရဲ့မျက်လုံးက အနာဟာ ရေထဲမှာရှိနေတဲ့ အဏုကြည့်မှန်ပြောင်းနဲ့ကြည့်မှသာ မြင်နိုင်တဲ့ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ဆိုပါတယ်။ ဒီလိုဖြစ်ရတာဟာ မျက်ကပ်မှန်မချွတ်ပဲ အကြိမ်ပေါင်းများစွာ ရေချိုးခဲ့တာကြောင့် ဖြစ်ပါတယ်။

‘နစ်ခ်’ ကတော့ မျက်ကပ်မှန်တပ်ထားပြီး ရေမချိုးသင့်တဲ့အကြောင်း သူ့ကို ဆရာဝန်တွေက သတိပေးခဲ့တာမျိုးမရှိသလို၊ မျက်ကပ်မှန်ရဲ့ ဗူးခွံက ညွှန်ကြားချက်တွေမှာလည်း ဒီအကြောင်းကို သတိပေးထားတာမရှိဘူးလို့ ဆိုပါတယ်။

ဆရာဝန်တွေက သူ့အတွက် သုံးပတ်စာ မျက်စဉ်းခပ်ဖို့ ဆေးပေးလိုက်ပါတယ်၊ ဒါပေမယ့် ၂၀၁၈ ခုနှစ် မတ်လ မှာတော့ သူ့ရဲ့ ညာဘက်မျက်လုံးဟာ လုံးဝကွယ်သွားခဲ့ပါတယ်။ မျက်စိကွယ်သွားပြီးတဲ့နောက်ပိုင်း အလုပ်လည်းမသွားနိုင်တော့ပဲ အပြင်သွားတာဆိုလို့ ဆေးရုံ မှန်မှန်သွားပြတာလောက်ပဲ ရှိပါတယ်။ ၂၀၁၈ ဇူလိူင်လ ထဲမှာတော့ မျက်လုံးမှာ ဖြစ်နေတဲ့အနာကို ပျောက်အောင် ကုသနိုင်ခဲ့ပါတယ် ဒါပေမယ့် မျက်စိကတော့ ကွယ်နေဆဲပါပဲ။

မျက်စိရောဂါပျောက်ကင်းသွားပြီဖြစ်လို့ သူ့ရဲ့နေစဉ်ပုံမှန်လုပ်နေကျ အလုပ်တွေကို မျက်လုံးတစ်ဖက်ထဲနဲ့ ပြန်လည်လုပ်ကိုင်နေပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့မျက်လုံးကို ခွဲစိပ်မှုနှစ်ကြိမ် ပြုလုပ်ထားရပြီး မျက်ကြည်လွှာအစားထိုး ကုသနိုင်ဖို့ကို စောင့်ဆိုင်းလျှက်ရှိပါတယ်။

ဒါကြောင့်မို့ ပါဝါမျက်ကပ်မှန်၊ အလှမျက်ကပ်မှန်တပ်သူတွေအနေနဲ့ ရေချိုးတဲ့အခါ၊ ညအိပ်တဲ့အခါတွေမှာ မျက်ကပ်မှန်ကို ပြန်ချွတ်ပြီး စနစ်တကျ သိမ်းဆည်းဖို့ကို သတိထားစေချင်ပါတယ်။

Credit  \\  original