ဆရာသကၠမုိးညဳိကုိ …AYA ဘဏ္ ျပန္ေတာင္းပန္ၿပီ။
Zawgyi
ဗစ္တုိးရီးယားေလးအတြက္ အလွဴခံရန္ ဖြင့္လွစ္ထားေသာ ဘဏ္အေကာင့္ကုိ ပိတ္ခဲ့ျခင္းေၾကာင့္ ဆရာသကၠမုိးညဳိကုိ AYA ဘဏ္က ျပန္လည္ေတာင္းပန္ခဲ့ပါတယ္။ ယခုလုိ အေကာင့္ကို ေခတၱပိတ္ခဲ့ျခင္းေၾကာင့္ AYA ဘဏ္ကုိ လူမႈကြန္ယက္ သံုးစြဲသူ အမ်ားအျပားက ေဝဖန္ခဲ့ၾကပါတယ္။ AYA ဘဏ္ရဲ႕ ေတာင္းပန္စာ အျပည့္အစံုကုိ ေဖာ္ျပ လုိက္ပါတယ္ ခင္ဗ်ာ-
ကာယကံရွင္ ဦးဝင္းကိုကိုသိန္းအား အႏူးအၫြတ္ေတာင္းပန္ျခင္း
လူႀကီးမင္း၏ ေငြစာရင္းအား ယာယီဆိုင္းငံ့ရန္ ေငြေၾကးခဝါခ်မူ တိုက္ဖ်က္ေရးဗဟိုအဖဲြ႕မွ ၫႊန္ၾကားလာသည့္အတြက္ ၁၁–၇-၂၀၁၉ ရက္ေန႕တြင္ အခ်ိန္(၄)နာရီခန္႔ ေခတၱ ရပ္ဆိုင္းမႈ ျဖစ္ေပၚခဲ့ရပါသည္။
ယင္းကိစၥအား အေလးထား၍ ဧရာဝတီဘဏ္အုပ္ခ်ဳပ္မူအဖဲြ႕မွ ဘဏ္၏လုပ္ထံုးလုပ္နည္းမ်ားကို ျပန္လည္ စိစစ္ ေဆြးေႏြး တိုင္ပင္၍ ယံုၾကည္စြာအပ္ႏွံေသာ ေငြစာရင္းပိုင္ရွင္အား ဝန္ေဆာင္မူ ဆက္လက္ ေပးသြားရန္ ဆံုးျဖတ္ၿပီး နာရီပိုင္းအတြင္း ဝန္ေဆာင္မူမ်ားကို ပံုမွန္အတိုင္း ျပန္လည္ရရွိခဲ့ပါသည္။
ဤသို႔ ျဖစ္ေပၚခဲ့သည့္ အခိုက္အတန္႔အတြင္း လူႀကီးမင္းႏွင့္ အလွဴရွင္မ်ား စိတ္အေႏွာင့္အယွက္ ႏွင့္ အဆင္မေျပမူမ်ား ျဖစ္ေပၚခဲ့ရသည့္အတြက္ မိမိတို႔ ဧရာဝတီဘဏ္ အေနျဖင့္ မ်ားစြာ စိတ္မေကာင္း ျဖစ္ရပါသည္။ ထပ္မံ၍လည္း အႏူးအၫြတ္ ေတာင္းပန္အပ္ပါသည္။
အုပ္ခ်ဳပ္မႈအဖြဲ႕၊ ဧရာဝတီဘဏ္၊ ရက္စြဲ၊ ၂၀၁၉ ခုႏွစ္၊ ဇူလိုင္လ ၁၂ ရက္ (ေလးစားမႈျဖင့္ ခရက္ဒစ္)
Credit \\ original
Unicode Version
ဗစ်တိုးရီးယားလေးအတွက် အလှူခံရန် ဖွင့်လှစ်ထားသော ဘဏ်အကောင့်ကို ပိတ်ခဲ့ခြင်းကြောင့် ဆရာသက္ကမိုးညိုကို AYA ဘဏ်က ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ယခုလို အကောင့်ကို ခေတ္တပိတ်ခဲ့ခြင်းကြောင့် AYA ဘဏ်ကို လူမှုကွန်ယက် သုံးစွဲသူ အများအပြားက ဝေဖန်ခဲ့ကြပါတယ်။ AYA ဘဏ်ရဲ့ တောင်းပန်စာ အပြည့်အစုံကို ဖော်ပြ လိုက်ပါတယ် ခင်ဗျာ-
ကာယကံရှင် ဦးဝင်းကိုကိုသိန်းအား အနူးအညွတ်တောင်းပန်ခြင်း
လူကြီးမင်း၏ ငွေစာရင်းအား ယာယီဆိုင်းငံ့ရန် ငွေကြေးခဝါချမူ တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ ညွှန်ကြားလာသည့်အတွက် ၁၁–၇-၂၀၁၉ ရက်နေ့တွင် အချိန်(၄)နာရီခန့် ခေတ္တ ရပ်ဆိုင်းမှု ဖြစ်ပေါ်ခဲ့ရပါသည်။
ယင်းကိစ္စအား အလေးထား၍ ဧရာဝတီဘဏ်အုပ်ချုပ်မူအဖွဲ့မှ ဘဏ်၏လုပ်ထုံးလုပ်နည်းများကို ပြန်လည် စိစစ် ဆွေးနွေး တိုင်ပင်၍ ယုံကြည်စွာအပ်နှံသော ငွေစာရင်းပိုင်ရှင်အား ဝန်ဆောင်မူ ဆက်လက် ပေးသွားရန် ဆုံးဖြတ်ပြီး နာရီပိုင်းအတွင်း ဝန်ဆောင်မူများကို ပုံမှန်အတိုင်း ပြန်လည်ရရှိခဲ့ပါသည်။
ဤသို့ ဖြစ်ပေါ်ခဲ့သည့် အခိုက်အတန့်အတွင်း လူကြီးမင်းနှင့် အလှူရှင်များ စိတ်အနှောင့်အယှက် နှင့် အဆင်မပြေမူများ ဖြစ်ပေါ်ခဲ့ရသည့်အတွက် မိမိတို့ ဧရာဝတီဘဏ် အနေဖြင့် များစွာ စိတ်မကောင်း ဖြစ်ရပါသည်။ ထပ်မံ၍လည်း အနူးအညွတ် တောင်းပန်အပ်ပါသည်။
အုပ်ချုပ်မှုအဖွဲ့၊ ဧရာဝတီဘဏ်၊ ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ ၁၂ ရက် (လေးစားမှုဖြင့် ခရက်ဒစ်)
Credit \\ original