ဆင်းရဲနွမ်းပါးသူတစ်ဦးကို မဲနှိုက်ခိုင်းပြီး ပိုက်ဆံနှစ်သိန်းခွဲလှူလိုက်ပြန်တဲ့ Sinon Loresca
Sinon ဟာ မၾကာခင္မွာက်ေရာက္ေတာ့မယ့္ သူ႔ရဲ႕ ေမြးေန႔အတြက္ ဒီတစ္္လလံုး အလွဴအတန္းေတြလုိက္လုပ္ေနတာျဖစ္ျပီး အဲဒီအလွဴ video ေလးေတြကုိ ပရိသတ္ေတြသာဓုေခၚနုိင္ေစဖို႔ သူ႔ရဲ႕ လူမႈကြန္ယက္မွာတင္ေပးေနခဲ့တာျဖစ္ပါတယ္။ Sinon က မၾကာေသးမီက မီဒီယာတစ္ခုရဲ႕ video ေလးတစ္ခုကေန ဆင္းရဲႏြမ္းပါးစြာေနထုိင္ေနရတဲ့ မင္းသမီးၾကီးေဒၚခင္ေမသက္ကုိေတြ႕သြားျပီး ဘယ္လိုသြားေတြ႕ရမလဲလို႔အကူအညီေတာင္းကာ အထပ္ျမင့္တိုက္ရဲ႕ ေျခာက္လႊာမွာ ေနေနရတဲ့ ေဒၚခင္ေမသက္ကုိ သြားေရာက္ရွာေဖြေတြ႕ဆံုခဲ့ျပီး ပန္းစည္းေတြနဲ႔ ေခြ်းနဲစာေငြေၾကးေတြြသြားေရာက္လွဴဒါန္းခဲ့ပါတယ္။ ေဒၚခင္ေမသက္ကလည္းဝမ္းေျမာက္စြာလက္ခံေတြ႕ဆံုခဲ့ျပီး Sinon ကုိ ဆုေတြေပးေနတဲ့ ျမင္ကြင္းေလးကလည္း Video ေလးကုိ ၾကည့္ရတဲ့ ပရိသတ္ေတြအတြက္ မ်က္ရည္လည္စရာပါပဲ။
အခုလည္း Sinon က လမ္းမွာသြားလာေနတဲ့ ဆင္းရဲႏြမ္းပါးသူေတြထဲက တစ္ဦးကို ပုိက္ဆံေတြလွဴလုိက္ျပန္ပါျပီ။ Sinon က သူ႔ရဲ႕ ေမြးေန႔အလွဴလုပ္တဲ့အထိန္းအမွတ္နဲ႔ ကေလးေလးကို ခ်ီထားတဲ့ ႏြမ္းပါးဟန္ရွိတဲ့အမ်ိဳးသမီးငယ္ေလးတစ္ဦးကိုေခၚျပီး ဖန္ခြက္ေလးတစ္ခုထဲက မဲလိပ္ေတြကုိ နႈိက္ခိုင္းခဲ့ပါတယ္။ အဲဒီမဲလိပ္ေတြထဲက တစ္ခုက ေငြနွစ္သိန္းတန္ျဖစ္ျပီးေနာက္တစ္ခုက နွစ္သိန္းခြဲပါရွိပါတယ္။အမ်ိဳးသမီးငယ္ေလးက နွစ္သိန္းတန္ကိုနိႈက္မိသြားေပမယ့္ Sinon ကမၾကာခင္မွာေမြးေန႔က်ေရာက္ေတာ့မယ့္အထိမ္းအမွတ္ဆိုျပီး ငါးေသာင္းထပ္ေပးလိုက္ခဲ့ပါေသးတယ္။ ပုိက္ဆံေတြလက္ခံရရွိသြားတဲ့ေကာင္မေလးရဲ႕ ေပ်ာ္ရႊင္မႈေတြဟာ Video ေလးကုိ ၾကည့္ရတဲ့ပရိသတ္ေတြရဲ႕ရင္ထဲကုိပါ ကူးစက္ျပီးေအးျမေစတာအမွန္ပါပဲ။ အဲဒီ Video ေလးကုိ Sinon က သူ႔ရဲ႕ လူမႈကြန္ယက္မွာ “Welcome back to my Birthday Games in the ‘’JACKPOT’’ round”ဆိုတဲ့စာေလးနဲ႔တင္ထားခဲ့တာပါ။Sinon ရဲ႕ Video ေလးကုိ ပရိသတ္ၾကီးအတြက္ ေဖာ္ျပေပးလုိက္ပါတယ္။ ပရိသတ္ၾကီးေရာ Sinon ကုိခ်စ္ၾကလား။ Sinon ရဲ႕ ေနာက္ထပ္လုပ္မယ့္အနုပညာအလုပ္ေတြကုိေရာအားေပးၾကမွာလား။ Sinon ရဲ႕ မၾကာခင္မွာက်ေရာက္ေတာ့မယ့္ေမြးေန႔အတြက္လည္းဆုေတာင္းစကားေတြေျပာခဲ့ၾကပါဦး။
Credit-burmese.asia
Unicode
Sinon Loresca ဟာ ဖိလစ်ပိုင်လူမျိုး LGBT မော်ဒယ်တစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက Facebook သုံးစွဲသူတွေကြားမှာ ရေပန်းစားနေတဲ့အနုပညာရှင်တစ်ဦးဖြစ်သလို High heels တွေစီးပြီး လမ်းလျှောက်တဲ့နေရာမှာ တကယ့်ကို Professional ကျကျ ကျွမ်းကျွမ်းကျင်ကျင် သေသေသပ်သပ်လျှောက်နိုင်သူတစ်ယောက်ဖြစ်လို့ King of Catwalk အဖြစ် တစ်ကမ္ဘာလုံးကအသိအမှတ်ပြုခံထားရသူလည်းဖြစ်ပါတယ်။ Sinon ဟာ အခုလက်ရှိမှာ မြန်မာပရိသတ်တွေရဲ့ နှလုံးသားကိုဆွဲကိုင်ထားနိုင်တဲ့ အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။
Sinon ဟာ မကြာခင်မှာကျရောက်တော့မယ့် သူ့ရဲ့ မွေးနေ့အတွက် ဒီတစ်လလုံး အလှူအတန်းတွေလိုက်လုပ်နေတာဖြစ်ပြီး အဲဒီအလှူ video လေးတွေကို ပရိသတ်တွေသာဓုခေါ်နိုင်စေဖို့ သူ့ရဲ့ လူမှုကွန်ယက်မှာတင်ပေးနေခဲ့တာဖြစ်ပါတယ်။ Sinon က မကြာသေးမီက မီဒီယာတစ်ခုရဲ့ video လေးတစ်ခုကနေ ဆင်းရဲနွမ်းပါးစွာနေထိုင်နေရတဲ့ မင်းသမီးကြီးဒေါ်ခင်မေသက်ကိုတွေ့သွားပြီး ဘယ်လိုသွားတွေ့ရမလဲလို့အကူအညီတောင်းကာ အထပ်မြင့်တိုက်ရဲ့ ခြောက်လွှာမှာ နေနေရတဲ့ ဒေါ်ခင်မေသက်ကို သွားရောက်ရှာဖွေတွေ့ဆုံခဲ့ပြီး ပန်းစည်းတွေနဲ့ ချွေးနဲစာငွေကြေးတွေသွားရောက်လှူဒါန်းခဲ့ပါတယ်။ ဒေါ်ခင်မေသက်ကလည်းဝမ်းမြောက်စွာလက်ခံတွေ့ဆုံခဲ့ပြီး Sinon ကို ဆုတွေပေးနေတဲ့ မြင်ကွင်းလေးကလည်း Video လေးကို ကြည့်ရတဲ့ ပရိသတ်တွေအတွက် မျက်ရည်လည်စရာပါပဲ။
အခုလည်း Sinon က လမ်းမှာသွားလာနေတဲ့ ဆင်းရဲနွမ်းပါးသူတွေထဲက တစ်ဦးကို ပိုက်ဆံတွေလှူလိုက်ပြန်ပါပြီ။ Sinon က သူ့ရဲ့ မွေးနေ့အလှူလုပ်တဲ့အထိန်းအမှတ်နဲ့ ကလေးလေးကို ချီထားတဲ့ နွမ်းပါးဟန်ရှိတဲ့အမျိုးသမီးငယ်လေးတစ်ဦးကိုခေါ်ပြီး ဖန်ခွက်လေးတစ်ခုထဲက မဲလိပ်တွေကို နှိုက်ခိုင်းခဲ့ပါတယ်။ အဲဒီမဲလိပ်တွေထဲက တစ်ခုက ငွေနှစ်သိန်းတန်ဖြစ်ပြီးနောက်တစ်ခုက နှစ်သိန်းခွဲပါရှိပါတယ်။အမျိုးသမီးငယ်လေးက နှစ်သိန်းတန်ကိုနှိုက်မိသွားပေမယ့် Sinon ကမကြာခင်မှာမွေးနေ့ကျရောက်တော့မယ့်အထိမ်းအမှတ်ဆိုပြီး ငါးသောင်းထပ်ပေးလိုက်ခဲ့ပါသေးတယ်။ ပိုက်ဆံတွေလက်ခံရရှိသွားတဲ့ကောင်မလေးရဲ့ ပျော်ရွှင်မှုတွေဟာ Video လေးကို ကြည့်ရတဲ့ပရိသတ်တွေရဲ့ရင်ထဲကိုပါ ကူးစက်ပြီးအေးမြစေတာအမှန်ပါပဲ။ အဲဒီ Video လေးကို Sinon က သူ့ရဲ့ လူမှုကွန်ယက်မှာ “Welcome back to my Birthday Games in the ‘’JACKPOT’’ round”ဆိုတဲ့စာလေးနဲ့တင်ထားခဲ့တာပါ။Sinon ရဲ့ Video လေးကို ပရိသတ်ကြီးအတွက် ဖော်ပြပေးလိုက်ပါတယ်။ ပရိသတ်ကြီးရော Sinon ကိုချစ်ကြလား။ Sinon ရဲ့ နောက်ထပ်လုပ်မယ့်အနုပညာအလုပ်တွေကိုရောအားပေးကြမှာလား။ Sinon ရဲ့ မကြာခင်မှာကျရောက်တော့မယ့်မွေးနေ့အတွက်လည်းဆုတောင်းစကားတွေပြောခဲ့ကြပါဦး။Credit-burmese.asia