Latest Posts

မိခင္မ​ေတာ့တဲ့အခ်ိန္ဖခင္႔အ​ေနရတဲ့ခံစားခ်က္​ေျပာလာ​ေမသၪၥာဦး

ေမသၪၨာဦးဟာ စစ္သားမိသားစုကေန ေမြးဖြားလာတဲ့သူ ျဖစ္တယ္လို႔ သိရပါတယ္။ ဖခင္ျဖစ္သူကေတာ့ သူမရဲ႕ အသက္ ၁၀ ႏွစ္အ႐ြယ္မွာ ကြယ္လြန္ခဲ့ရတယ္လို႔ဆိုပါတယ္။ေမသၪၨာဦးကေတာ့ မိဘႏွစ္ပါးနဲ႕ အတူ စစ္တပ္ထဲမွာ ကေလးဘဝ ျဖတ္သန္းခဲ့ရတဲ့ အမွတ္တရေတြကို ေျပာျပလာပါတယ္။ ဖခင္ျဖစ္သူဟာ တပ္မေတာ္သား တစ္ေယာက္ျဖစ္တယ္လို႔လည္း ေျဖဆိုခဲ့ပါတယ္။
‘’ ေဖေဖက အစ္မ ၁၀ ႏွစ္သမီးအ႐ြယ္မွာ ဆုံးသြားတာေပါ့ေနာ္။ တစ္ခါတစ္ခါ ထြက္ၿပီဆိုရင္လည္း လနဲ႕ခ်ီၾကာတယ္။ အဲဒီအခါက်ရင္ စစ္သားမိန္းမ၊ ကေလးေတြပဲ က်န္ခဲ့ၾကတာေပါ့ေနာ္။ ေယာက္်ားေတြ မရွိတဲ့ အခါက်ရင္ က်န္ခဲ့တဲ့သူေတြက သူ႕အိမ္ကိုယ့္အိမ္ စည္းစည္းလုံးလုံးေလးနဲ႕ ေနၾကတာေပါ့။ အေမဆုံးတာကလည္း တစ္လ တစ္ခါ မုဆိုးမေတြ ထမင္းစုစုၿပီး စားၾကတဲ့ေန႕မွာပဲ ဆုံးတာ။ ကိုယ့္အမ်ိဳးသားေတြကလည္း ေသေဖာ္ေသဖက္ေတြဆိုေတာ့ သူတို႔ကလည္း တစ္ေယာက္နဲ႕ တစ္ေယာက္ အရမ္းခ်စ္ၾကတယ္။ တပ္ထဲမွာက ဒါကိုပဲ ကိုယ့္မိသားစု လုပ္ေနရတာေပါ့’’ လို႔ သူကဆိုပါတယ္။

အခုခ်ိန္မွာလည္း နိုင္ငံတာဝန္ေတြကို ထမ္းေဆာင္ေနၾကတဲ့ တပ္မေတာ္သားေတြကို သားသမီးတစ္ေယာက္လို သေဘာထားတယ္လို႔လည္း ေမသၪၨာဦးက ေျပာပါတယ္။ ဒီလိုဘဝေတြကို ကိုယ္ခ်င္းမစာတတ္တဲ့သူေတြလည္းရွိတယ္လို႔ ေအာက္တိုဘာလ ၃၁ ရက္ေန႕က ‘’တစစ္တမက္’’႐ုပ္သံဇာတ္လမ္းတြဲ ကန္ေတာ့ပြဲမွာ ေျဖဆိုခဲ့တာပါ။ ‘’ အခုက ကိုယ့္မွာသားသမီးေတြ ရွိလာၿပီဆိုေတာ့ ဒီစစ္သားေတြကိုလည္း ကိုယ့္သားသမီးေတြလိုပဲ သေဘာထားရေတာ့မယ္။ ထြက္သြားၿပီဆိုတာနဲ႕ ျပန္လာမယ္လို႔ ဘယ္သူမွ အာမမခံနိုင္ဘူးေလ။ ျပန္ေတြ႕ရမွာလား မေတြ႕ရမွာလားလည္း မသိ။ တခ်ိဳ႕ ကိုယ္ခ်င္းမစာတာေတြက သူတို႔အပိုင္း၊ ကိုယ္ခံစားခဲ့ရတာက ကိုယ့္အပိုင္းေပါ့’’ လို႔လည္း ဆက္လက္ေျပာျပခဲ့ပါတယ္။
ေမသၪၨာဦးဟာ စစ္တပ္ထဲမွာ ေနခဲ့ရတဲ့ အခ်ိန္ေတြက သူမအတြက္ ေပ်ာ္စရာေကာင္းခဲ့တဲ့ အမွတ္တရေတြလည္း ရွိတယ္လို႔ ဆိုပါတယ္။‘’ေပ်ာ္စရာေတြရွိသလို ဝမ္းနည္းစရာေတြလည္းရွိတယ္။ ရိကၡာေတြလာေပးတယ္ဆိုရင္ စစ္ကားႀကီးေပၚက ေပးတဲ့ဟာေတြကို ျခင္းေလးေတြနဲ႕ လဲၾကတာေပါ့ေနာ္။ ကေလးဘဝမွာ အဲဒါေတြက ေပ်ာ္ခဲ့ရတာေတြပဲေလ။ ၿပီးရင္စက္ဘီးတစ္စီးနဲ႕ ေလွ်ာက္သြားၾကတာ။ အခုေတာ့ သူတို႔ေတြ ဘယ္လိုေနရ ထိုင္ရတယ္ဆိုတာ မသိေတာ့ဘူး။ ေပ်ာ္စရာေတြလည္းရွိခဲ့သလို၊ ဝမ္းနည္းစရာေတြလည္းရွိတယ္’’သူမက အခုဆိုရင္ေတာ့ ‘’တစစ္တမက္’’ဆိုတဲ့ တပ္မေတာ္အက်ိဳးျပဳ ႐ုပ္သံဇာတ္လမ္းတြဲထဲမွာ ပါဝင္သ႐ုပ္ေဆာင္သြားမယ္လို႔လည္း သိရပါတယ္။ သ႐ုပ္ေဆာင္ ေမသၪၨာဦးဟာ အေကာင္းဆုံး အမ်ိဳးသမီးဇာတ္ပို႔ဆု ၂ ဆု ကို ရရွိပိုင္ဆိုင္ထားသူျဖစ္ပါတယ္။ သူမရဲ႕ အႏုပညာခရီးလမ္းကလည္း ႏွစ္ေပါင္း ၃၀ နီးပါးရွိေနပါၿပီ။ အႏုပညာအေတြ႕အႀကဳံေတြ အမ်ားႀကီးရွိသူတစ္ေယာက္ျဖစ္ၿပီး ဒီေန႕အထိ ပရိသတ္အခိုင္အမာရရွိထားတဲ့ သ႐ုပ္ေဆာင္ တစ္ဦးျဖစ္ပါတယ္။Credit-burmese.asia
Unicode
မေသဉ္ဇာဦးဟာ စစ်သားမိသားစုကနေ မွေးဖွားလာတဲ့သူ ဖြစ်တယ်လို့ သိရပါတယ်။ ဖခင်ဖြစ်သူကတော့ သူမရဲ့ အသက် ၁၀ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ရတယ်လို့ဆိုပါတယ်။မေသဉ္ဇာဦးကတော့ မိဘနှစ်ပါးနဲ့ အတူ စစ်တပ်ထဲမှာ ကလေးဘဝ ဖြတ်သန်းခဲ့ရတဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ ဖခင်ဖြစ်သူဟာ တပ်မတော်သား တစ်ယောက်ဖြစ်တယ်လို့လည်း ဖြေဆိုခဲ့ပါတယ်။
‘’ ဖေဖေက အစ်မ ၁၀ နှစ်သမီးအရွယ်မှာ ဆုံးသွားတာပေါ့နော်။ တစ်ခါတစ်ခါ ထွက်ပြီဆိုရင်လည်း လနဲ့ချီကြာတယ်။ အဲဒီအခါကျရင် စစ်သားမိန်းမ၊ ကလေးတွေပဲ ကျန်ခဲ့ကြတာပေါ့နော်။ ယောက်ျားတွေ မရှိတဲ့ အခါကျရင် ကျန်ခဲ့တဲ့သူတွေက သူ့အိမ်ကိုယ့်အိမ် စည်းစည်းလုံးလုံးလေးနဲ့ နေကြတာပေါ့။ အမေဆုံးတာကလည်း တစ်လ တစ်ခါ မုဆိုးမတွေ ထမင်းစုစုပြီး စားကြတဲ့နေ့မှာပဲ ဆုံးတာ။ ကိုယ့်အမျိုးသားတွေကလည်း သေဖော်သေဖက်တွေဆိုတော့ သူတို့ကလည်း တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတယ်။ တပ်ထဲမှာက ဒါကိုပဲ ကိုယ့်မိသားစု လုပ်နေရတာပေါ့’’ လို့ သူကဆိုပါတယ်။
အခုချိန်မှာလည်း နိုင်ငံတာဝန်တွေကို ထမ်းဆောင်နေကြတဲ့ တပ်မတော်သားတွေကို သားသမီးတစ်ယောက်လို သဘောထားတယ်လို့လည်း မေသဉ္ဇာဦးက ပြောပါတယ်။ ဒီလိုဘဝတွေကို ကိုယ်ချင်းမစာတတ်တဲ့သူတွေလည်းရှိတယ်လို့ အောက်တိုဘာလ ၃၁ ရက်နေ့က ‘’တစစ်တမက်’’ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။ ‘’ အခုက ကိုယ့်မှာသားသမီးတွေ ရှိလာပြီဆိုတော့ ဒီစစ်သားတွေကိုလည်း ကိုယ့်သားသမီးတွေလိုပဲ သဘောထားရတော့မယ်။ ထွက်သွားပြီဆိုတာနဲ့ ပြန်လာမယ်လို့ ဘယ်သူမှ အာမမခံနိုင်ဘူးလေ။ ပြန်တွေ့ရမှာလား မတွေ့ရမှာလားလည်း မသိ။ တချို့ ကိုယ်ချင်းမစာတာတွေက သူတို့အပိုင်း၊ ကိုယ်ခံစားခဲ့ရတာက ကိုယ့်အပိုင်းပေါ့’’ လို့လည်း ဆက်လက်ပြောပြခဲ့ပါတယ်။
မေသဉ္ဇာဦးဟာ စစ်တပ်ထဲမှာ နေခဲ့ရတဲ့ အချိန်တွေက သူမအတွက် ပျော်စရာကောင်းခဲ့တဲ့ အမှတ်တရတွေလည်း ရှိတယ်လို့ ဆိုပါတယ်။‘’ပျော်စရာတွေရှိသလို ဝမ်းနည်းစရာတွေလည်းရှိတယ်။ ရိက္ခာတွေလာပေးတယ်ဆိုရင် စစ်ကားကြီးပေါ်က ပေးတဲ့ဟာတွေကို ခြင်းလေးတွေနဲ့ လဲကြတာပေါ့နော်။ ကလေးဘဝမှာ အဲဒါတွေက ပျော်ခဲ့ရတာတွေပဲလေ။ ပြီးရင်စက်ဘီးတစ်စီးနဲ့ လျှောက်သွားကြတာ။ အခုတော့ သူတို့တွေ ဘယ်လိုနေရ ထိုင်ရတယ်ဆိုတာ မသိတော့ဘူး။ ပျော်စရာတွေလည်းရှိခဲ့သလို၊ ဝမ်းနည်းစရာတွေလည်းရှိတယ်’’သူမက အခုဆိုရင်တော့ ‘’တစစ်တမက်’’ဆိုတဲ့ တပ်မတော်အကျိုးပြု ရုပ်သံဇာတ်လမ်းတွဲထဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။ သရုပ်ဆောင် မေသဉ္ဇာဦးဟာ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆု ၂ ဆု ကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။ သူမရဲ့ အနုပညာခရီးလမ်းကလည်း နှစ်ပေါင်း ၃၀ နီးပါးရှိနေပါပြီ။ အနုပညာအတွေ့အကြုံတွေ အများကြီးရှိသူတစ်ယောက်ဖြစ်ပြီး ဒီနေ့အထိ ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။Credit-burmese.asia