ရုပ်ရှင်ဥက္ကဌရာထူးကနေ နုတ်ထွက်စာတင်လိုက်တဲ့ ဇင်ဝိုင်း
ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌတာဝန္ထမ္းေဆာင္ေနတဲ့ အကယ္ဒမီဇင္ဝိုင္းကေတာ့ ၂၀၁၉ ခုႏွစ္ ႏိုဝင္ဘာလ ၁ ရက္ေန႔မွာ ဥကၠဌရာထူးက ႏုတ္ထြက္ဖို႔ ႏုတ္ထြက္စာတင္ခဲ့တယ္လို႔ သိရပါတယ္။ ဦးဇင္ဝိုင္းဟာ ဥကၠဌ ရာထူးက ႏုတ္ထြက္ရျခင္းအေၾကာင္းအရင္းနဲ႔ပတ္သက္ၿပီး ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ အတြင္းေရးမႉးျဖစ္သူ ဒါ႐ိုက္တာ ညီညီထြန္းလြင္က ဖုန္းနဲ႔ ဆက္သြယ္ေမးျမန္းရာမွာ အခုလို ေျဖဆိုခဲ့ပါတယ္။
‘’အဓိက က ခါးေရာဂါရွိတယ္။ က်န္းမာေရးေၾကာင့္ေပါ့။ သူက အစည္းအ႐ုံးကိစၥနဲ႔ ပတ္သက္လာရင္လည္း သူပဲဦးေဆာင္ၿပီးလုပ္တာမ်ားပါတယ္။ ဦးဇင္ဝိုင္း ဥကၠဌ တာဝန္ထမ္းေဆာင္တာ ၂ ႏွစ္ေက်ာ္ပါၿပီ။ သူ တာဝန္ထမ္းေဆာင္ေနတဲ့ အတြင္းမွာ အခုလုပ္ေနတဲ့ ျပသညႇိႏႈိင္းအစည္းအေဝးဆိုရင္လည္း သူတစ္ေယာက္ပဲ ေခါင္းခံ၊ ဦးေႏွာက္ေျခာက္ခံၿပီးေတာ့ အပတ္တိုင္းေဆြးေႏြးေနတာပါ။ ႐ုံရွင္၊ ဇာတ္ကားရွင္၊ထုတ္လုပ္သူေတြ ၾကားမွာ အလုပ္လုပ္ရတာ ေတာ္ေတာ္ စိတ္ညစ္စရာေတြေတာ့ရွိတယ္။ တျခားသူေတြကလည္း စိတ္လိုလက္ရ လိုက္မလုပ္ႏိုင္ေပမယ့္ ေဘးကေနေတာ့ အႀကံေပးၾကပါတယ္။ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားမွာလည္း ကိုယ္ဖိရင္ဖိလုပ္တယ္။ မအိပ္မစား အလုပ္ေတြလည္းလုပ္တယ္။ ညဘက္ေတြေရာက္ေတာ့လည္း အိပ္မေပ်ာ္၊ စိတ္ဖိစီးမႈေတြရွိပါတယ္’’ လို႔ ဆိုပါတယ္။
ဥကၠဌရာထူးက ႏုတ္ထြက္စာနဲ႔ ပတ္သက္ၿပီး ႐ုပ္ရွင္အစည္းအ႐ုံးမွ တာဝန္ရွိသူေတြ အစည္းအေဝးလုပ္ၿပီး ဆုံးျဖတ္ခ်က္ခ်ရဦးမယ္လို႔ ဦးညီညီထြန္းလြင္က ေျပာပါတယ္။ ဦးဇင္ဝိုင္းအေနနဲ႔ကေတာ့ လစ္လပ္သြားမယ့္ ႐ုပ္ရွင္အစည္းအ႐ုံး ဥကၠဌ ရာထူးအတြက္ ဥကၠဌအသစ္ကို အျမန္ဆုံးေ႐ြးခ်ယ္ေစခ်င္တယ္လို႔ ဆိုပါတယ္။ ‘’ ဦးဇင္ဝိုင္းျဖစ္ေစခ်င္တာကေတာ့ အခု အကယ္ဒမီေပးပြဲအၿပီး ဥကၠဌေ႐ြးပြဲကို ေနာက္ႏွစ္ မတ္လ၊ ဧၿပီလ ေလာက္ကို ႀကိဳလုပ္ေစခ်င္တာပါ။ စည္းမ်ဥ္းစည္းကမ္းနဲ႔ မူဝါဒေတြမွာ နာယကေတြအေနနဲ႔က်ေတာ့ လုပ္လို႔က အဆင္မေျပျဖစ္ေနတယ္။ မူဝါဒအရ ေစာေစာလုပ္လို႔လည္း မရဘူး။ ၃ ႏွစ္ျပည့္မွ ေ႐ြးရမယ္လို႔လည္း သိထားပါတယ္။ သူက အခုထြက္ေတာ့မယ္ဆိုေတာ့ ဥကၠဌ ထပ္ေ႐ြးဖို႔အတြက္ ဘာမွမလုပ္ရေသးဘူး။ စည္းမ်ဥ္းအတိုင္းဆိုရင္ေတာ့ ေရွ႕ႏွစ္ စက္တင္ဘာလမွ လုပ္လို႔ရမွာ။ သူက က်န္းမာေရးဖိစီးမႈေတြေၾကာင့္ အကယ္ဒမီေပးပြဲအထိေတာင္ ဆက္ၿပီးေတာ့ မထမ္းေဆာင္ႏိုင္တာ ျဖစ္သြားတယ္’’ လို႔ ဆက္လက္ေျပာျပလာပါတယ္။
ဦးဇင္ဝိုင္းကေတာ့ ၂၀၂၀ ခုႏွစ္ ေအာက္တိုဘာလ အတြင္းမွာက်ေရာက္မယ့္ ႐ုပ္ရွင္ ႏွစ္ ၁၀၀ ျပည့္ပြဲမွာလည္း ဥကၠဌတစ္ေယာက္အေနနဲ႔ မဟုတ္ဘဲ ႐ုပ္ရွင္ေလာကသားတစ္ေယာက္အျဖစ္ ပါဝင္ကူညီေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ ဇင္ဝိုင္းက ျမန္မာႏိုင္ငံ႐ုပ္ရွင္အစည္းအ႐ုံးရဲ႕ ဥကၠဌတာဝန္ကို ၂၀၁၇ ခုႏွစ္က စၿပီး ဒုတိယအႀကိမ္ေျမာက္ တာဝန္ထမ္းေဆာင္ခဲ့တာျဖစ္ပါတယ္Credit-burmese.asia
Unicode
ဦးဇင်ဝိုင်းကတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌရာထူးကနေ နုတ်ထွက်စာတင်ခဲ့ပြီလို့ သိရပါတယ်။ ဒီလို နုတ်ထွက်စာတင်ရတဲ့ အကြောင်းအရင်းနဲ့ပတ်သက်ပြီး အတွင်းရေးမှူးဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်က အခုလိုပြောပြခဲ့ပါတယ်။
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဌတာဝန်ထမ်းဆောင်နေတဲ့ အကယ်ဒမီဇင်ဝိုင်းကတော့ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ ဥက္ကဌရာထူးက နုတ်ထွက်ဖို့ နုတ်ထွက်စာတင်ခဲ့တယ်လို့ သိရပါတယ်။ ဦးဇင်ဝိုင်းဟာ ဥက္ကဌ ရာထူးက နုတ်ထွက်ရခြင်းအကြောင်းအရင်းနဲ့ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးရဲ့ အတွင်းရေးမှူးဖြစ်သူ ဒါရိုက်တာ ညီညီထွန်းလွင်က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းရာမှာ အခုလို ဖြေဆိုခဲ့ပါတယ်။
‘’အဓိက က ခါးရောဂါရှိတယ်။ ကျန်းမာရေးကြောင့်ပေါ့။ သူက အစည်းအရုံးကိစ္စနဲ့ ပတ်သက်လာရင်လည်း သူပဲဦးဆောင်ပြီးလုပ်တာများပါတယ်။ ဦးဇင်ဝိုင်း ဥက္ကဌ တာဝန်ထမ်းဆောင်တာ ၂ နှစ်ကျော်ပါပြီ။ သူ တာဝန်ထမ်းဆောင်နေတဲ့ အတွင်းမှာ အခုလုပ်နေတဲ့ ပြသညှိနှိုင်းအစည်းအဝေးဆိုရင်လည်း သူတစ်ယောက်ပဲ ခေါင်းခံ၊ ဦးနှောက်ခြောက်ခံပြီးတော့ အပတ်တိုင်းဆွေးနွေးနေတာပါ။ ရုံရှင်၊ ဇာတ်ကားရှင်၊ထုတ်လုပ်သူတွေ ကြားမှာ အလုပ်လုပ်ရတာ တော်တော် စိတ်ညစ်စရာတွေတော့ရှိတယ်။ တခြားသူတွေကလည်း စိတ်လိုလက်ရ လိုက်မလုပ်နိုင်ပေမယ့် ဘေးကနေတော့ အကြံပေးကြပါတယ်။ ကိစ္စရပ်တော်တော်များများမှာလည်း ကိုယ်ဖိရင်ဖိလုပ်တယ်။ မအိပ်မစား အလုပ်တွေလည်းလုပ်တယ်။ ညဘက်တွေရောက်တော့လည်း အိပ်မပျော်၊ စိတ်ဖိစီးမှုတွေရှိပါတယ်’’ လို့ ဆိုပါတယ်။
ဥက္ကဌရာထူးက နုတ်ထွက်စာနဲ့ ပတ်သက်ပြီး ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိသူတွေ အစည်းအဝေးလုပ်ပြီး ဆုံးဖြတ်ချက်ချရဦးမယ်လို့ ဦးညီညီထွန်းလွင်က ပြောပါတယ်။ ဦးဇင်ဝိုင်းအနေနဲ့ကတော့ လစ်လပ်သွားမယ့် ရုပ်ရှင်အစည်းအရုံး ဥက္ကဌ ရာထူးအတွက် ဥက္ကဌအသစ်ကို အမြန်ဆုံးရွေးချယ်စေချင်တယ်လို့ ဆိုပါတယ်။ ‘’ ဦးဇင်ဝိုင်းဖြစ်စေချင်တာကတော့ အခု အကယ်ဒမီပေးပွဲအပြီး ဥက္ကဌရွေးပွဲကို နောက်နှစ် မတ်လ၊ ဧပြီလ လောက်ကို ကြိုလုပ်စေချင်တာပါ။ စည်းမျဉ်းစည်းကမ်းနဲ့ မူဝါဒတွေမှာ နာယကတွေအနေနဲ့ကျတော့ လုပ်လို့က အဆင်မပြေဖြစ်နေတယ်။ မူဝါဒအရ စောစောလုပ်လို့လည်း မရဘူး။ ၃ နှစ်ပြည့်မှ ရွေးရမယ်လို့လည်း သိထားပါတယ်။ သူက အခုထွက်တော့မယ်ဆိုတော့ ဥက္ကဌ ထပ်ရွေးဖို့အတွက် ဘာမှမလုပ်ရသေးဘူး။ စည်းမျဉ်းအတိုင်းဆိုရင်တော့ ရှေ့နှစ် စက်တင်ဘာလမှ လုပ်လို့ရမှာ။ သူက ကျန်းမာရေးဖိစီးမှုတွေကြောင့် အကယ်ဒမီပေးပွဲအထိတောင် ဆက်ပြီးတော့ မထမ်းဆောင်နိုင်တာ ဖြစ်သွားတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။
ဦးဇင်ဝိုင်းကတော့ ၂၀၂၀ ခုနှစ် အောက်တိုဘာလ အတွင်းမှာကျရောက်မယ့် ရုပ်ရှင် နှစ် ၁၀၀ ပြည့်ပွဲမှာလည်း ဥက္ကဌတစ်ယောက်အနေနဲ့ မဟုတ်ဘဲ ရုပ်ရှင်လောကသားတစ်ယောက်အဖြစ် ပါဝင်ကူညီဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဇင်ဝိုင်းက မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ ဥက္ကဌတာဝန်ကို ၂၀၁၇ ခုနှစ်က စပြီး ဒုတိယအကြိမ်မြောက် တာဝန်ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်Credit-burmese.asia