Latest Posts

ကေနဒါနိုင္ငံမွာ လာေရာက္ေဖ်ာ္ေျဖဖို့ ကမ္းလွမ္းခံခဲ့ရတဲ့ Myanmar Idol Season (4)ကခ်င္းလူမ်ိဳးအဆိုေတာ္(၃)ဦး

Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲႀကီးကေတာ့ က်င္းပျပဳလုပ္ေနၿပီပဲျဖစ္ပါတယ္။Myanmar Idol သီခ်င္းဆိုၿပိဳင္ပြဲႀကီးကေတာ့ လက္ရွိက်င္းပေနတာဆိုရင္ (၄)ႀကိမ္ေျမာက္က်င္းပျပဳလုပ္တာျဖစ္ၿပီး ဒီအစီအစဥ္ႀကီးကို က်င္းပျပဳလုပ္တိုင္းမွာ အားေပးသူပရိသတ္ေတြအမ်ားႀကီးနဲ႔ ေအာင္ျမင္မွုေတြရရွိတဲ့ အစီအစဥ္တစ္ခုလည္း ျဖစ္ပါတယ္။လတ္တေလာမွာက်င္းပေနတဲ့ အစီအစဥ္မွာေတာ့ ပါဝင္ယွဥ္ၿပိဳင္တဲ့ Finalist ၿပိဳင္ပြဲဝင္ေတြဟာလည္း ဒိုင္ေတြကိုယ္တိုင္ကေရြးခ်ယ္ရခက္ေလာက္ေအာင္ကို ေတာ္ၾကတဲ့ သူေတြပါ။
ဒီႏွစ္ၿပိဳင္ပြဲႀကီးမွာေတာ့ ထူးထူးျခားျခားအေနနဲ႔ Finalist (11)ေယာက္ထဲမွာ ခ်င္းလူမ်ိဳးၿပိဳင္ပြဲဝင္ (၃)ဦးတိတိပါဝင္တာပဲျဖစ္ပါတယ္။သူတို့ (၃)ေယာက္ကေတာ့ အက္စတာေဒါ့ခ်င္းဆုန္၊ဘင္ဂ်မင္ဆုမ္း၊ေယာကီးတို့ပဲျဖစ္ပါတယ္။သူတို့(၃)ေယာက္စလုံးကေတာ့ လာမယ့္ (၂၀၂၀)ခုႏွစ္ ေဖေဖာ္ဝါရီလ (၂)ရက္ေန႔မွာက်ေရာက္တဲ့ ခ်င္းအမ်ိဳးသားေန႔အတြက္ ကေနဒါနိုင္ငံမွာ သီဆိုေဖ်ာ္ေျဖဖို့ကို ကမ္းလွမ္းခဲ့တယ္လို့ သိရွိရပါတယ္။

အခုလိုသီဆိုဖို့ကမ္းလွမ္းခံခဲ့ရတဲ့ ခ်င္းလူငယ္အဆိုေတာ္(၃)ဦး ဆုန္ဆုန္၊ဘင္ဘင္နဲ႔ ေယာကီးတို့ဟာဆိုရင္လည္း အဆိုပိုင္းမွာပါရမီပါတဲ့ သူေတြလို့ဆိုရေလာက္ေအာင္ကို ကိုယ္ပိုင္ဟန္ေလးေတြနဲ႔ သီခ်င္းေတြကို သီဆိုေဖ်ာ္ေျဖၿပီး ပရိသတ္အားေပးမွုကို အျပည့္အဝရရွိထားၾကတာလည္း အမွန္ပါ။ပရိသတ္ႀကီးေရ ဆုန္ဆုန္၊ဘင္ဘင္နဲ႔ မူးလာတို့(၃)ေယာက္အတြက္ ဂုဏ္ျပဳစကားေလးေတြေျပာသြားေပးပါဦး။Credit-burmese.asia
Unicode
Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကတော့ ကျင်းပပြုလုပ်နေပြီပဲဖြစ်ပါတယ်။Myanmar Idol သီချင်းဆိုပြိုင်ပွဲကြီးကတော့ လက်ရှိကျင်းပနေတာဆိုရင် (၄)ကြိမ်မြောက်ကျင်းပပြုလုပ်တာဖြစ်ပြီး ဒီအစီအစဉ်ကြီးကို ကျင်းပပြုလုပ်တိုင်းမှာ အားပေးသူပရိသတ်တွေအများကြီးနဲ့ အောင်မြင်မှုတွေရရှိတဲ့ အစီအစဉ်တစ်ခုလည်း ဖြစ်ပါတယ်။လတ်တလောမှာကျင်းပနေတဲ့ အစီအစဉ်မှာတော့ ပါဝင်ယှဉ်ပြိုင်တဲ့ Finalist ပြိုင်ပွဲဝင်တွေဟာလည်း ဒိုင်တွေကိုယ်တိုင်ကရွေးချယ်ရခက်လောက်အောင်ကို တော်ကြတဲ့ သူတွေပါ။
ဒီနှစ်ပြိုင်ပွဲကြီးမှာတော့ ထူးထူးခြားခြားအနေနဲ့ Finalist (11)ယောက်ထဲမှာ ချင်းလူမျိုးပြိုင်ပွဲဝင် (၃)ဦးတိတိပါဝင်တာပဲဖြစ်ပါတယ်။သူတို့ (၃)ယောက်ကတော့ အက်စတာဒေါ့ချင်းဆုန်၊ဘင်ဂျမင်ဆုမ်း၊ယောကီးတို့ပဲဖြစ်ပါတယ်။သူတို့(၃)ယောက်စလုံးကတော့ လာမယ့် (၂၀၂၀)ခုနှစ် ဖေဖော်ဝါရီလ (၂)ရက်နေ့မှာကျရောက်တဲ့ ချင်းအမျိုးသားနေ့အတွက် ကနေဒါနိုင်ငံမှာ သီဆိုဖျော်ဖြေဖို့ကို ကမ်းလှမ်းခဲ့တယ်လို့ သိရှိရပါတယ်။
အခုလိုသီဆိုဖို့ကမ်းလှမ်းခံခဲ့ရတဲ့ ချင်းလူငယ်အဆိုတော်(၃)ဦး ဆုန်ဆုန်၊ဘင်ဘင်နဲ့ ယောကီးတို့ဟာဆိုရင်လည်း အဆိုပိုင်းမှာပါရမီပါတဲ့ သူတွေလို့ဆိုရလောက်အောင်ကို ကိုယ်ပိုင်ဟန်လေးတွေနဲ့ သီချင်းတွေကို သီဆိုဖျော်ဖြေပြီး ပရိသတ်အားပေးမှုကို အပြည့်အဝရရှိထားကြတာလည်း အမှန်ပါ။ပရိသတ်ကြီးရေ ဆုန်ဆုန်၊ဘင်ဘင်နဲ့ မူးလာတို့(၃)ယောက်အတွက် ဂုဏ်ပြုစကားလေးတွေပြောသွားပေးပါဦး။Credit-burmese.asia