Latest Posts
ထပ်ဆင့်အကယ်ဒမီ နေတိုးဖမ်းဆီးခံရ
Unicode
ပရိပ်သတ်အားပေးမှု့အခိုင်အမာရရှိထားတဲ့နေတိုးကတော့ကျရာဇာတ်ရုပ်ကိုသရုပ်ဆောင်ပီပြင်လွန်းလှသူတစ်ယောက်ပဲဖြစ်ပါတယ်။သရုပ်ဆောင်ပီပြင်လွန်းလှတဲ့အတွက်ကြောင့်အကယ်ဒမီဆုတွေလည်းတစ်ဆုပြီးတစ်ဆုရယူထားသလို၊ပြည်တွင်းမှာသာမကပြည်ပမှာပါအနုပညာအလုပ်တွေကိုခြေလှမ်းခပ်စိပ်စိပ်နဲ့ပြုလုပ်နေသူတစ်ယောက်ပဲဖြစ်ပါတယ်။
မြန်မာ့ရုပ်ရှင်လောကကိုတိုးတက်စေလိုတဲ့စေတနာကြောင့်မကြာသေးခင်တုန်းကကိုယ်ပိုင်စတူရီယိုတစ်ခုကိုလည်းဖွင့်လှစ်ထားပါသေးတယ်။ဒီတစ်ခါမှာတော့နေတိုးတစ်ယောက်အဖမ်းခံလိုက်ရတဲ့အကြောင်းလေးကိုချစ်ပရိပ်သတ်တွေအတွက်ဖော်ပြပေးလိုက်ပါတယ်နော်။
ထပ်ဆင့်အကယ်ဒမီနေတိုးတစ်ယောက်ဖမ်းဆီးခံလိုက်ရပါတယ်။ဟုတ်ပါတယ်ဗျ။စပွန်ဆာရုပ်ရှင်ဇာတ်ကားကြီးထဲမှာဖြစ်ပါတယ်။မိသားစုညီကိုမောင်နှမအပေါ်သိတတ်လွန်းတဲ့အစ်ကိုတစ်ယောက်အနေနဲ့မိသားစုစားဝတ်နေရေးအဆင်ပြေအောင်စပွန်ဆာယူတဲ့ပိုင်းလုံးကိုကိုတစ်ယောက်အဖြစ်သရုပ်ဆောင်ခဲ့ရတာပဲဖြစ်ပါတယ်။
ဒီရုပ်ရှင်ကားကတော့ ယောကျာ်းပိုင်းလုံးတစ်ယောက်ရဲ့ ဘဝကို စိတ်ဝင်စားဖွယ် သရုပ်ဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ “စပွန်ဆာ” ရုပ်ရှင်ကားထဲမှာတော့ နေတိုးက အဓိကသရုပ်ဆောင်အဖြစ် ပါဝင်ထားတာဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာတော့ ရဲလေး၊ကျော်ကျော်ဗိုလ်၊ ပိုင်ဖြိုးသု၊မြတ်ကေသီအောင်တို့က နေတိုးနဲ့အတူ ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ “စပွန်ဆာ” ရုပ်ရှင်ကားကတော့ သူတို့ရဲ့ ဖေစ်ဘုတ်ကနေ သူတို့ရုပ်ရှင်ရဲ့ ပိုစတာဓါတ်ပုံတွေနဲ့ ကာရိုက်တာတွေကိုမိတ်ဆက်ပေးလိုက်ပြီဖြစ်ပါတယ်။ထွေလာဗီဒီယို မထွက်လာသေးမှာခင် “စပွန်ဆာ” ရုပ်ရှင်ကားရဲ့ ဓါတ်ပုံတွေနဲ့ ကာရိုက်တာမိတ်ဆက်တွေကြောင့် ပရိသတ်တွေကတော့ စိတ်ဝင်စားမှုတွေ ပြင်းထန်နေခဲ့တဲ့ဇာတ်ကားလေးဖြစ်ပါတယ်။Credit-  AZL(Aungparsay.co)